Home သတင်း ‌နွေရာသီ ကရင်စာသင်ကြား‌ရေးအတွက် မွန်အစိုးရ သိန်း ၄၈ဝ ‌ထောက်ပံ့‌ပေးမည်

‌နွေရာသီ ကရင်စာသင်ကြား‌ရေးအတွက် မွန်အစိုးရ သိန်း ၄၈ဝ ‌ထောက်ပံ့‌ပေးမည်

2214

ဧပြီ ၆ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

မွန်ပြည်နယ်အတွင်း ‌နွေရာသီ ကရင်စာသင်ကြားနိုင်‌ရေးအတွက် မွန်ပြည်နယ်အစိုးရက ကျပ်သိန်း ၄၈ဝ ပံ့ပိုး ‌ပေးမည်ဟု မွန်ပြည်နယ်အစိုးရ၊ ကရင်လူမျိုးတိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က ဧပြီ ၆ ရက်‌နေ့ တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “စာ‌ပေသင်ကြား‌ရေးပိုဖြစ်လာ‌စေဖို့ စနစ်တစ်ကျဖြစ်ဖို့်နဲ့ စာ‌ပေပြန့်ပွားဖို့ ရည်ရွယ်ပြီး ‌ထောက်ပံ့‌ပေး တာပါ။ ‌နွေရာသီအချိန် စာ‌ပေသင်ကြား‌နေကြတဲ့ ‌ကျေးရွာ‌ပေါင်း ၉ဝ ‌ကျော်နဲ့ ဆရာဖြစ်သင်တန်း ၃ ‌နေရာကို ပိုး၊ စ‌ကော ကရင်- ဗမာ အဘိဓါန်စာအုပ်နဲ့ ‌ငွေကျပ်သိန်း ၄၈ဝ ‌ထောက်ပံ့‌ပေး သွားမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မွန်ပြည်နယ်အတွင်း ဘီးလင်း၊ ကျိုက်ထို၊ ကျို‌က္ကော် ၃ ‌နေရာအတွင် ပိုး၊ စ‌ကော ကရင်စာဆရာဖြစ် သင်တန်းဖွင့်လှစ်သွားမည်ဖြစ်သလို ပြည်နယ်အတွင်း ပိုးကရင် (ဖလုံး)နှင့် စ‌ကောစာ‌ပေများအပြင် တခြား ကရင်စာ‌ပေများလည်း ကွဲပြားစွာ သင်ကြား‌နေမှုအ‌ပေါ် ကရင်လူငယ်များ အမျိုးအစား‌ရွေးရန် ခက်ခဲသည့် အတွက် စာ‌ပေအားပြိုင်မှုမျိုးထက် နဂိုရှိပြီးသား စာ‌ပေများကို ပိုအား‌ကောင်း‌အောင်လုပ် ‌ဆောင်ကြရန် တိုက်တွန်း လိုသည်ဟု ဝန်ကြီးက ဆက်‌ပြောသည်။

လက်ရှိ အ‌ခြေခံပညာ‌ကျောင်းများ ပိတ်ချိန်ကတည်းက မွန်ပြည်နယ်အတွင်း ကရင်စာ‌ပေသင်တန်းများ ‌ကျေးရွာ အလိုက် စတင်သင်ကြားမှုများရှိ‌နေပြီးဖြစ်သလို ပြည်နယ်အစိုးရက ‌ငွေ‌ကြေးပိုင်း ကူညီမှုနှင့် စ‌ကော-ပိုး ကရင် အဘိဓါန် ပံ့ပိုး‌ပေးသည့် အတွက်မူရင်း ကရင်စကားလုံး အသုံးအနှုန်းများ
မ‌ပျောက်ပျက်‌ရေးအတွက် အ‌ထောက် အကူ ဖြစ်‌စေသည်ဟု မွန်ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီအတွင်း‌ရေးမှူး ‌စောဆန်းဝင်းက ‌ပြောသည်။

မွန်ပြည်နယ်၊ မြို့နယ် ၉ မြို့နယ်အတွင်းရှိ ‌ကျေးရွာ‌ပေါင်း ၃၀ဝ ‌ကျော်တွင် ကရင်တိုင်းရင်းသား၂၉၀,၀၀ဝ ‌ကျော်တို့ ပျံနှံ‌နေထိုင်လျက်ရှိကာ နှစ်စဉ် ‌နွေရာသီတွင် ဘုန်း‌တော်ကြီး‌ကျောင်းများနှင့် အစိုးရ စာသင်‌ကျောင်း များတွင် ကရင်စာ‌ပေသင်တန်းများ ဖွင့်လှစ် သင်ကြား‌နေလျက်ရှိသည်ဟု ပြည်နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ‌ကော်မတီထံမှ သိရသည်။