Home သတင်း ရန်ကုန်တိုင်း မြို့နယ်‌လေးခုတွင် စာ/ယဉ် ဖွင့်ရန် ကိုယ်ပိုင်‌မြေ‌နေရာများ ရရှိထား

ရန်ကုန်တိုင်း မြို့နယ်‌လေးခုတွင် စာ/ယဉ် ဖွင့်ရန် ကိုယ်ပိုင်‌မြေ‌နေရာများ ရရှိထား

2314

ဧပြီ ၂၄ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး အတွင်းရှိ ‌ကော့မှူး၊ ကွမ်းခြံကုန်း၊ ထန်းတပင်နှင့် တိုက်ကြီးမြို့နယ် တို့တွင် မြို့နယ် အဆင့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီရုံး ဖွင့်လှစ်ရန် ‌မြေ‌နေရာများ ရရှိထားပြီး ဖြစ်သည်ဟု ရန်ကုန် တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဥက္ကဌ၊ ကရင်‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက ဧပြီ ၂၃ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ကွမ်းခြံကုန်းမြို့နယ်၊ ‌တော‌ကျောင်း‌ကျေးရွာရှိ မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီရုံး‌မြေ‌နေရာအား ဧပြီ ၂၃ ရက်‌နေ့တွင် ကရင်‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက သွား‌ရောက်ကြည့်ရှုစဉ် မြို့နယ် စာယဉ်များရုံး ဖွင့်ရန်‌မြေ‌နေရာ ရရှိမှုအ‌ခြေအ‌နေနှင့်ပတ်သက်၍ ‌ကေအိုင်စီ၏ ‌မေးမြန်းမှုအ‌ပေါ် ယခုလို‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းက “ အခု ရန်ကုန်တိုင်းအတွင်း ‌လေးမြို့မှာ မြို့နယ်စာယဉ်ရုံးဖွင့်ဖို့ ‌မြေ‌နေရာ ရရှိထားပါတယ်။ အခု ကွမ်းခြံ ကုန်း စာ/ယဉ် ရုံးကို ဝါးနဲ့ပဲတည်‌ဆောက်ချင်တယ်။ ‌နောက် ‌ဒေသမှာ ဝါးခြံပိုင်ရှင်‌တွေများတယ်။ ဝါးကုန်‌ချောထုတ်ပြီး စာယဉ် ရံပုံ‌ငွေရ‌အောင်လုပ်‌စေချင်တယ်။ ဒီအတွက်နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး ချိတ်ဆက်‌ပေးမယ်။ ရုံး‌မြေ‌နေရာရရှိပြီးဆို‌တော့ ‌ဆောက်လုပ်ဖို့နဲ့ စတဲ့ကိစ္စ‌တွေကို ‌ဒေသခံ‌တွေ မြို့နယ် စာယဉ်အဖွဲ့ဝင်‌တွေ လိုအပ်သလို အလှူ‌ငွေထည့်ဝင်ပြီး စတင်လုပ်‌ဆောင်သွားဖို့ ‌ပြောလိုတယ်” ဟု ‌ပြောသည်။

ထို့အပြင် ‌မြေ‌နေရာရရှိထားပြီးဖြစ်သည့် မြို့နယ်များ မြို့နယ် စာ/ယဉ်ရုံးဖွင့်လှစ်ရာတွင် ကုန်ကျစရိတ် သက်သာ‌အောင် ဝါးဖြင့်သာ တည်‌ဆောက်‌စေလိုပြီး စာ/ယဉ် ရုံးများတွင် လူငယ်များ အဂင်္လိပ်စာနှင့် (IT)အိုင်တီ နည်းပညာများ သင်ကြားနိုင်‌ရေးအတွက် ဝိုင်းဝန်းစီစဉ်သွားမည်ဖြစ်ကာ လူငယ်များ အမြဲဝင်ထွက်ချင်သည့် လူငယ်စင်တာများ ဖြစ်‌အောင် လုပ်‌ဆောင်သွား‌စေလိုသည်ဟု ဝန်ကြီးက ‌ပြောသည်။

ကွမ်းခြံကုန်းမြို့နယ် စာ/ယဉ် ရုံး‌နေရာအတွက် ‌တော‌ကျောင်း‌ကျေးရွာ အများပိုင်‌မြေ ၁ ဒသမ ၁၇ ဧကအား ပြီးခဲ့သည့် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်‌နေ့တွင် လွှဲ‌ပြောင်းရရှိခဲ့ခြင်းဖြစ်ကာ ရုံးတည်‌ဆောက်နိုင်‌ရေး၊ ‌မြေ‌နေရာ ပြု ပြင်ခြင်းစသည့်တို့အတွက် လုပ်‌ဆောင်‌နေသည်ဟု မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး ‌စောငယ်မင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများကို ပြီးခဲ့သည့် သုံးနှစ်အတွင်းက စတင်ဖွဲ့စည်းခဲ့ခြင်း၊ ပြင်ဆင်ဖြည့်စွက် ဖွဲ့စည်းခြင်းများ လုပ်‌ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုလို မြို့နယ် ‌လေးခုတွင် မြို့နယ်အဆင့် စာ/ယဉ် ရုံးများဖွင့်လှစ်ရန် ကိုယ်ပိုင်‌မြေ‌နေရာများ ပထမဆုံးအကြိမ် ရရှိခြင်းဖြစ်‌ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။