Home သတင်း မူးယစ်‌ဆေးပြား ဖမ်းမိမှု ယခင်ထက် သုံးဆခန့်တိုးလာပြီး ဖားအံနှင့် မြဝတီမြို့တို့တွင် အများဆုံးဖမ်းမိ

မူးယစ်‌ဆေးပြား ဖမ်းမိမှု ယခင်ထက် သုံးဆခန့်တိုးလာပြီး ဖားအံနှင့် မြဝတီမြို့တို့တွင် အများဆုံးဖမ်းမိ

2325

ဇန်နဝါရီ ၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း မူးယစ်‌ဆေးဖမ်းမိမှု ယခင် ၂၀၁၆ ခုနှစ်ထက် သုံးဆနီးပါး တိုးလာပြီး ဖားအံနှင့် မြဝတီမြို့တို့တွင် အများဆုံးဖမ်းဆီးနိုင်ခဲ့သည်ဟု ပြည်နယ် ရဲမှူးကြည်လင်းက ‌ကေအိုင်စီသို့ ဇန်နဝါရီ ၄ ရက်‌နေ့တွင် ‌ပြောသည်။

၎င်းက “သုံးစွဲသူ‌တွေထက် ဖြန့်ဖြူးသူ‌တွေကို အ‌ရေးယူမှု ပိုလုပ်‌ဆောင်လာနိုင်တဲ့အ‌ပေါ် ဒီနှစ်မှာ စိတ်ကြွ ‌ဆေးပြား ၂၁ သိန်း‌ကျော် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ်ထက် ‌ဆေးပြား ၁၅ သိန်း‌ကျော် ပိုမိုဖမ်းဆီး နိုင်တာ‌ပေါ့‌နော်။ တပြည်နယ် လုံး ဝင်လာတဲ့ အ‌ပေါက်‌တွေ ပိတ်နိုင်လို့ ဖားအံနဲ့ မြဝတီက အဓိက အများဆုံး ဖမ်းဆီးနိုင်ခဲ့ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်သူများအ‌နေဖြင့် မူးယစ်‌ဆေးနှင့် ပတ်သက်သည့် သတင်း‌ပေးမှု နည်း‌နေ‌သေးသလို မိသားစုအတွင်း သုံးစွဲမှုရှိပါက အသိ‌ပေးအ‌ကြောင်းကြားရန်လိုပြီး ဖမ်းဆီးမည်မဟုတ်ဘဲ ‌ရောင်းဝယ်သူ‌တွေကိုသာ အဓိက အ‌ရေးယူ သွားမည် ဖြစ်‌ကြောင်း၊ ပြည်သူများနှင့်ပူး‌ပေါင်းကာ သုံးစွဲမှု‌လျှော့ချ‌ရေး အသိပညာ‌ပေးလုပ်ငန်းနှင့် မူးယစ်‌ဆေး ဖြတ်စခန်းများကို မြို့နယ်နှင့် ‌ကျေးရွာများအထိ ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်နိုင်‌အောင် လုပ်‌ဆောင်သွားမည်ဟု ရဲမှူးကြည်လင်းက ဆက်‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်တွင် မူးယစ်‌ဆေး ဖမ်းဆီးရရှိမှုများမှာ စိတ်ကြွ‌ဆေး ၂,၁ဝဝ,၅၃၂ ပြား၊ ဘိန်းမဲ ၁၆၃ ဂရမ်၊ ICE ၂,၅၇၉ ဂရမ်၊ ‌ဆေး‌ခြောက် ၁၂ဝ ဂရမ်၊ ဘိန်းစာရွက် ၁,၆၅ဝ ဂရမ်၊ လက်နက် ၇၈ လက်၊ အမှု‌ပေါင်း ၅၃ဝ မှုရှိပြီး စုစု‌ပေါင်း တရားခံ ၇၄၅ ဦးကို အ‌ရေးယူ ဖမ်းဆီးနိုင်ခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ငြိမ်း‌ဖောင်‌ဒေးရှင်းမှ ငြိမ်းချမ်း‌ရေးဆိုင်ရာ ‌တွေ့ဆုံမှုနှင့် သု‌တေသနအဖွဲ့ စီမံကိန်းညှိနှိုင်း‌ရေးမှူး ‌စောဖိုးခွာကြီးက“ မြို့နယ် တိုင်းမှာ‌တော့ ဖမ်းဆီးအ‌ရေးယူမှု‌တွေ လုပ်လာတယ်။ ဒါ‌ပေမဲ့ ပတ်ဝန်းကျင်မှာ မူးယစ်‌ဆေးဝါး‌တွေ အများကြီးရှိ‌နေတုန်းပဲ။ ဖြန့်ဖြူးသူ‌တွေကို ပြည်သူ‌တွေက သတင်း‌ပေးတဲ့အ‌ပေါ် တဖက်ကတုန့်ပြန်လာမဲ့ အန္တရာယ်‌တွေကို ဥပ‌ဒေပိုင်းဆိုင်ရာ အာမ ခံချက်‌ပေးနိုင်တာ မရှိ‌သေးဘူး။ ကျ‌နော်တို့ရဲ့ သု‌တေသန ‌တွေ့ရှိ တဲ့အ‌ပေါ် မူးယစ်‌ဆေးဝါး‌ပေါ်လစီ အကြံပြုစာတန်း ထုတ် နိုင်ဖို့ ကြိုးစား‌နေတယ်” ဟု ဇန်နဝါရီ ၅ ရက်‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ၂ဝ၁၆ ခုနှစ်တွင် မူးယစ်‌ဆေးဝါအမှု ၅၅၁ မှု၊ တရားခံ ၈၁ဝ ဦး၊ စိတ်ကြွ‌ဆေးပြား ၆ သိန်း‌ကျော်နှင့် လက်နက် ၁၃၃ လက် ဆက်စပ်ဖမ်းဆီးရမိခဲ့ပြီး ယခုနှစ် ဖားအံအကျဉ်း‌ထောင်တွင် အချုပ်သားနှင့် ‌ထောင်ကျသူဦး‌ရေ ၁,၇ဝဝ နီးပါးရှိသည့်အနက် မူးယစ်‌ဆေးဝါးမှု ၅ဝ ရာခိုင်နှုန်း‌ကျော် ရှိသည်ဟု တာဝန်ရှိသူထံမှ သိရသည်။