Home အမြင်သဘောထား တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အမြင်သ‌ဘောထား

တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အမြင်သ‌ဘောထား

3866

တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာနက ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၁၈ရက်နှင့် ၁၉ရက်‌နေ့များတွင် ‌နေပြည်‌တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မဂင်္လာသီရိဟိုတယ်၌ တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်‌ရေး ‌ဆွေး‌နွေးပွဲ(ဖိုရမ်)ကို ကျင်းပပြုလုပ်ခဲ့သည်။

၎င်း‌ဆွေး‌နွေးပွဲ ပထမ‌နေ့ ဖွင့်ပွဲတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မိန့်ခွန်း‌ပြောကြားခြင်း၊ နိုင်ငံ‌တော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ သဝဏ်လွှာကို မွန်ပြည်နယ်၊ ပအိုဝ်းတိုင်းရင်းသား‌ရေးရာဝန်ကြီး နန်းခင်ဝင့်‌ကျော်က ဖတ်ကြားခြင်း၊ တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး နိုင်သက်လွင်က အဖွင့်အမှာစကား‌ပြောခဲ့ကြသည်။

ထို့အပြင် ‌ဆွေး‌နွေးပွဲသို့ ပြန်ကြား‌ရေးဝန်ကြီးဌာန အပါအဝင် အခြားဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်း‌ဒေသကြီး များမှ တိုင်းရင်းသား‌ရေးရာဝန်ကြီးများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး စာချုပ် ချုပ်ထားခဲ့သည့် တိုင်းရင်းသားလက် နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ တိုင်းရင်းသားမီဒီယာဌာနများမှ အယ်ဒီတာများ၊ တိုင်းရင်းသားစာ‌ပေ နှင့် ယဉ်‌ကျေးမှု‌ကော်မတီဝင်များ၊ သက်ဆိုင်ရာ ကုန်သွယ်‌ရေးအသင်းအဖွဲ့ ‌ခေါင်း‌ဆောင်များ စုစု‌ပေါင်း လူဦး‌ရေ ၃၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။

အဆိုပါဖိုရမ်၌ ပါ‌မောက္ခ‌ဒေါက်တာ‌အောင်ထွန်းသက်က ဦး‌ဆောင်၍ အဓိကအားဖြင့် တိုင်းရင်းသားလူမျိုးများ၏ စီးပွား‌ရေးဆိုင် ရာ အချက်အလက်များ၊ ငြိမ်းချမ်း‌ရေးနှင့် တိုင်းရင်းသားမီဒီယာ၊ တိုင်းရင်းသားသယံဇာတ ခွဲ‌ဝေအသုံးချမှု ‌ခေါင်းစဉ်များကို ရှင်း လင်းတင်ပြ ‌ဆွေး‌နွေး‌မေးမြန်းခဲ့ကြပြီး တက်‌ရောက်လာကြသူများအားလုံးက အုပ်စုဖွဲ့ကာ ‌ဆွေး‌နွေးအ‌ဖြေရှာခဲ့ကြသည်။

ယင်းအ‌ခြေအ‌နေအ‌ပေါ် ပါဝင်တက်‌ရောက်ခဲ့ကြသည့် ကိုယ်စားလှယ် ငါးဦး၏ အမြင်သ‌ဘောထားကို ‌ကေအိုင်စီက ‌တွေ့ဆုံ‌မေး မြန်းခဲ့သည်။

‌ဒေါ်ဝါဝါကြည် (အတွင်း‌ရေးမှူး၊ ဓနု စာ‌ပေယဉ်‌ကျေးမှုနှင့် ‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးအသင်း)


ကျမတို့ ဓနု‌ဒေသမှာရှိတဲ့ တိုင်းရင်းသား‌တွေဟာ အများအားဖြင့် ဆင်းရဲကြပါတယ်။ တိုင်းပြည်ဟာလည်း တိုးတက်မှု မရှိတဲ့အတွက် လူငယ်‌တွေ ‌တော်‌တော်များများ တခြားနိုင်ငံမှာ သွားပြီး အလုပ်လုပ်ရတယ်။ ကျမတို့က‌တော့ ကိုယ့်‌ဒေသမှာပဲ ‌အေး‌အေးချမ်းချမ်း ‌နေထိုင်လုပ်ကိုင်ပြီး ချမ်းသာတဲ့ လူမျိုးစု‌လေးအ‌နေနဲ့ပဲ ဖြစ်‌စေချင်ပါတယ်။ ဒီလိုဖြစ်‌အောင် အစိုးရအ‌နေနဲ့ လုပ်‌ပေးနိုင်မယ်လို့ ထင်တယ်။ ဒါ‌ပေမယ့် အချိန်က အနည်းနဲ့ အများနဲ့‌ပေါ့‌နော်။ ဘယ်ချိန်ဖြစ်လာမလဲဆိုတာ‌တော့ မသိပါဘူး။ ဒီဖိုရမ်က‌နေပြီး တိုင်းပြည်မှာရှိတဲ့ ‌ဒေသတိုင်း၊ တိုင်းရင်းသားလူမျိုးစုတိုင်း ဖွံ့ဖြိုးတိုးတက်လာ‌ရေးအတွက် ပိုမို လုပ်‌ဆောင်နိုင် လိမ့်မယ်လို့ ‌မျှော်လင့်ပါတယ်။ ကျမတို့တိုင်းပြည်မှာ တချို့လူမျိုး‌တွေက ချမ်းသာတာရှိပါတယ်။ ကျမတို့ ဓနု အပါအဝင် ဆင်းရဲ တဲ့လူမျိုး‌တွေလည်း အများကြီး ရှိ‌နေ‌သေးတဲ့အတွက် နိုင်ငံ‌တော်အစိုးရအ‌နေနဲ့ ဒါကို တိုးတက်‌အောင် လုပ်‌ဆောင်‌ပေးနိုင်ဖို့ လည်း ‌မျှော်လင့်ပါတယ်။

ခွန်မြင့်ထွန်း (ဒုဥက္ကဌ၊ PNLO-ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်)


ကျ‌နော်တို့တိုင်းပြည်မှာ NCA ထိုးပြီး ဖက်ဒရယ်ပြည်‌ထောင်စုထူ‌ထောင်ဖို့ ၂၁ ရာစုပင်လုံမှာ ညှိနှိုင်း‌ဆွေး‌နွေးမှု‌တွေလုပ် ‌နေပြီး အနာဂတ်မှာ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်တဲ့ မူ‌တွေ ရနို်င်ဖို့ အဓိကထား ‌ဆွေး‌နွေး‌နေပါတယ်။ ပြည်‌ထောင်စု သ‌ဘောတူ စာချုပ်ရရှိဖို့ ဦးတည်‌ဆွေး‌နွေး‌နေပါတယ်။ ဒီဖိုရမ်က‌တော့ အနာဂတ်ကိစ္စရပ်‌တွေထက် ဒီက‌နေ့ ‌လော‌လောလတ်လတ် ကြုံ‌တွေ့ ‌နေရတဲ့ စီးပွား‌ရေး၊ လူမှု‌ရေး‌တွေကို တိုင်းရင်းသား‌တွေ အမြင်ရှု‌ထောင်နဲ့ ‌ဖြေရှင်းနိုင်‌အောင် အဓိကထား ‌ဆွေး‌နွေး‌နေတာ ‌တွေ့ရ ပါတယ်။ လိုအပ်တဲ့ဟာ‌တွေကို အစိုးရနဲ့ တာဝန်ရှိတဲ့လူ‌တွေက ဝိုင်းဝန်း‌ဖြေရှင်းနိုင်‌အောင်၊ တိုင်းရင်းသား‌တွေလည်း ပူး‌ပေါင်းပါ ဝင်ပြီး ‌ဆွေး‌နွေးနိုင်‌အောင် အဲ့ဒီ အ‌ခြေခံက‌နေပြီး ‌ဆွေး‌နွေးခြင်းဖြစ်ပါတယ်။
ဒီဖိုရမ်မှာ ‌ဆွေး‌နွေးလာတဲ့ ‌ဆွေး‌နွေးချက်‌တွေက‌တော့ လတ်တ‌လောအားဖြင့် လိုအပ်‌နေတဲ့ ကိစ္စ‌တွေအ‌ပေါ်မှာ အ‌ခြေ ခံပြီး‌ပြောကြ‌တော့ ‌နောက်ဆိုရင် ဒီလို အစည်းအ‌ဝေး‌တွေကို စဉ်ဆက်မပြတ်လုပ်ဖို့‌တော့ လိုပါတယ်။ ပထမဆုံးပွဲဖြစ်တဲ့အတွက် ‌ဆွေး‌နွေးချက်၊ ဆုံးဖြတ်ချက်‌တွေ ထွက်လာတာက‌တော့ ပြီးပြည့်စုံမယ်လို့ မထင်ပါဘူး။ သို့‌သော်လည်း ‌နောင်ဆိုရင် ဒီအ‌ခြေခံ က‌တွေက‌နေ ပိုပြီးပြည့်စုံလာ‌အောင်၊ အထူးသဖြင့် တိုင်းပြည်ဖွံ့ဖြိုး‌ရေးကိစ္စ‌တွေမှာ လူထုပါဝင်မှု အား‌ကောင်းလာ‌အောင် အဓိက ထား ‌ဆောင်ရွက်နိုင်မယ်လို့ ‌မျှော်လင့်ပါတယ်။

ခိုင်မြတ်‌ကျော် (ဘုတ်အဖွဲ့ဝင်၊ BNI Multimedia Group)


ဒီဖိုရမ်မှာ မီဒီယာပိုင်းလည်း‌ဆွေး‌နွေးကြ‌တော့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးတိုးတက်မှု‌တွေဟာ တိုင်း ရင်းသား‌ရေးရာဝန်ကြီးဌာနနဲ့ တိုက်ရိုက် သက်ဆိုင်တယ်လို့ သုံးသပ်တာ‌ပေါ့။ ဒီဖိုရမ်မှာ တိုင်းရင်းမီဒီယာ‌တွေ တိုးတက်ဖွံ့ဖြိုး‌ရေး အတွက်ကို ‌တော်‌တော်များများ ‌ဆွေး‌နွေးတာလည်း ‌တွေ့ရပါတယ်။ ‌နေရာ‌ပေးတာလည်း ‌တွေ့ရတယ်။ တိုင်းရင်းမီဒီယာ‌တွေ တိုး တက်ဖွံ့ဖြိုး‌ရေးလုပ်မယ်ဆိုရင် ကျ‌နော်တို့ အမြဲတမ်း‌ပြော‌နေတဲ့ နိုင်ငံ‌တော်အစိုးရအပိုင်းက ပူး‌ပေါင်း‌ဆောင်ရွက်မှုတို့၊ ‌ထောက်ပံ့ ကူညီမှုတို့ အများကြီးလိုပါတယ်။ ဒါမှ တိုင်းရင်းမီဒီယာ တိုးတက်မှာ ဖြစ်ပါတယ်။ လက်ရှိတိုင်းရင်းမီဒီယာ‌တွေက ‌ဈေးကွက်၊ ‌ကြော်ငြာ၊ Marketing တို့မရှိဘူးဆို‌တော့ အစိုးရကူညီမှုလိုတဲ့အ‌ကြောင်း ဒီမှာလည်း ‌ဆွေး‌နွေးဖြစ်ပါတယ်။
မီဒီယာနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် ၉ချက်ကို တင်ပြခဲ့ပါတယ်။ အဲ့ဒီ ၉ချက်အထဲမှာ တချို့တိုင်းရင်းသား‌တွေက လုံးဝ မီဒီယာ မရှိဘူး။ Media awareness လည်းမရှိ။ မီဒီယာအဖွဲ့အစည်းလည်း မရှိဘူးဆို‌တော့ တိုင်းရင်းသားလူမျိုးတိုင်းမှာ မီဒီယာ အဖွဲ့အစည်း‌တွေ မရှိဘူးဆို‌တော့ နိုင်ငံ‌တော်အစိုးရပိုင်းက ကူညီဖို့ရယ်။ ‌နောက်ပြီး တိုင်းရင်းသားစာ‌ပေ၊ ဘာသာစကား‌တွေ မြှင့် တင် ကူညီ‌ပေးဖို့‌တွေ တင်ပြခဲ့ပါတယ်။

‌ဒေါ်သင်းသင်း‌ဆွေ


(လက်‌ထောက်ညွန်ကြား‌ရေးမှူး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း MRTV-NRC)
ဒီဖိုရမ်က‌တော့ အမြဲမပြတ် ပြုလုပ်သင့်တယ်။ ‌နောက်ဆုံး ‌ကောက်ချက်ချသွားတာက‌တော့ ဒီတစ်‌နေရာတည်းမှာ မလုပ်ဘဲ ပြည်နယ်နဲ့ တိုင်း‌ဒေသကြီးတိုင်းမှာ မကြာမကြာ လုပ်‌ပေးသင့်ပါတယ်။ မီဒီယာဆိုတာက နိုင်ငံတနိုင်ငံရဲ့ စတုတ္ထ မဏ္ဍိုင်လို့လည်း ‌ပြောလို့ရပါတယ်။ ဒီဖိုရမ်ရဲ့ ပထမရက်‌ဆွေး‌နွေးတဲ့ အစုအဖွဲ့‌တွေက အ‌ကြောင်းအရာလည်း စုံတယ်။ ဒါ‌ပေမယ့် တင်ပြကြတဲ့အခါ အချိန်အကန့်အသတ်‌ကြောင့် ကိုယ့်စိတ်ထဲမှာ တင်ပြချင်တဲ့ အ‌ကြောင်းအရာကို စုံစုံလင်လင် တင်ပြခွင့်မရ လိုက်ကြဘူး။ ဒုတိယ‌နေ့ရဲ့ စားပွဲဝိုင်း‌ပေါ်မှာ အုပ်စုဖွဲ့‌ဆွေး‌နွေးတာက‌တော့ တကယ်ထိ‌ရောက်တဲ့ရလဒ်လို့ ‌ပြောချင်ပါတယ်။ အခုလုပ်‌နေတဲ့ ‌ခေါင်းစဉ်တိုင်း‌ပေါ်မှာ တကယ်ပါဝင်ပတ်သက်‌နေတဲ့ လူ‌တွေဖြစ်တဲ့အတွက် တကယ်ကိုယ့်ရဲ့ feeling ‌တွေအ ‌ပေါ်မှာ လိုအပ်ချက်‌တွေကို မှတ်ချက်ပြုကြတယ်။
အဓိကက မီဒီယာကဏ္ဍ‌ပေါ့။ မီဒီယာတိုးတက်ဖွံ့ဖြိုးမှုဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ အဓိက လိုအပ်‌နေတဲ့ ကဏ္ဍတခုလို့ ထင်ပါတယ်။ ကျမတို့ ပြည်‌ထောင်စု မြန်မာနိုင်ငံမှာ ‌နေကြတဲ့ တိုင်းရင်းသားအားလုံးရဲ့အ‌ရေးဟာဆိုရင် မီဒီယာဟာ အ‌ကောင်း ဆုံး ‌ဆောင်ရွက်‌ပေးရမယ့် တာဝန်ရှိပါတယ်။ ဒါ‌ကြောင့် MRTV-NRC မှာ ဘယ်‌လောက် အခက်အခဲ‌တွေနဲ့ ကြုံရပါ‌စေ။ အဲဒီအ ခက်အခဲ‌တွေကို ကျမတို့‌တွေ အ‌ကောင်းဆုံးနည်းလမ်းနဲ့ ‌ဖြေရှင်း‌ဆောင်ရွက်‌နေပါတယ်။ ကြုံရတာက‌တော့ နိုင်ငံ‌တော်ရဲ့ ချမှတ် ‌ပေးတဲ့ လမ်း‌ကြောင်း‌ပေါ်မှာ ကျမတို့ လုပ်အား‌တွေနဲ့ အ‌ကောင်းဆုံးလုပ်နိုင်တဲ့အချိန်မှာ ကျမတို့လိုပဲ တိုင်းရင်းသားမီဒီယာကဏ္ဍ မှာ ပါဝင်‌ဆောင်ရွက်‌နေတဲ့ ဆိုင်ရာ‌ဒေသရဲ့ တိုင်းရင်းသားမီဒီယာ‌တွေ အများကြီးရှိပါတယ်။ အဲဒီအတွက် ကျမတို့ ဘာ‌တွေလုပ် ‌ပေးနိုင်မလဲဆို‌တော့ ‌ရှေ့မှာလည်း လုပ်‌ပေးခဲ့တာ‌တွေရှိပါတယ်။
ဥပမာ-မွန်‌ပေါ့။ မွန်ဆိုရင် သူတို့ရဲ့ travelogue program ‌လေး‌တွေကို သူတို့ကိုယ်တိုင် ရိုက်တယ်။ တည်းဖြတ်တယ်။ အဲဒါကို ကျမတို့က လွှင့်‌ပေးတာ‌တွေ ရှိပါတယ်။ NRC ‌ရော MRTV မှာ‌ရော လွှင့်‌ပေးပါတယ်။ သူတို့ရဲ့လိုအပ်ချက်ကို ‌ငွေ‌ကြေး အားဖြင့် ကူညီ‌ပေးတာမဟုတ်ဘဲနဲ့ ညှိနှိုင်းတိုင်ပင်ပြီး လမ်း‌ကြောင်း တစ်ခု မှန်‌အောင်‌ပေါ့။ ဒါက ဗီဒီယိုပိုင်း‌ပေါ့။ စာ‌စောင်ပိုင်း၊ Public ပိုင်း‌တော့ မဟုတ်ခဲ့ဘူး။ ‌နောက်တခုက ချင်းပြည်နယ်က ‘မရာ’ ဆိုတဲ့ တိုင်းရင်းသားရိုးရာ ယဉ်‌ကျေးမှု ဓ‌လေ့နဲ့ သူတို့ရဲ့ ‌ဒေသဆိုင်ရာ အ‌ကြောင်းအရာ‌တွေကို မီဒီယာစိတ်ဝင်စားသူ‌တွေက ရိုက်ကူးတည်းဖြတ်ပြီး‌တော့ ကျမတို့က လိုအပ်တဲ့ဟာ ကူညီထပ်ဖြည့်‌ပေးတယ်‌ပေါ့။ အဲဒါပြီးရင် ဆိုင်ရာ ဆိုင်ရာ ဘာသာ‌တွေမှာ ထပ်ပြီး လွှင့်‌ပေးပါတယ်။
‌ဒေသမှာရှိတဲ့ တိုင်းရင်းမီဒီယာ‌တွေနဲ့ ပူး‌ပေါင်း‌ဆောင်ရွက်မှု ၂ပိုင်းရှိတယ်။ သတင်း‌တွေကိုသွားပြီး‌တော့ သတင်းအ ချက်အလက်ယူမှာရယ်။ ‌နောက်ပြီး‌တော့ ပြချင်တဲ့ massage ဥပမာ-ကရင်ပြည်နယ်ရှိတဲ့ ရိုးရာယဉ်‌ကျေးမှုဓ‌လေ့‌တွေကို တိုင်း ရင်းမီဒီယာ‌တွေက ‌ရေးထားတာ၊ ရုပ်သံ‌တွေ ရိုက်ထားတာ‌တွေကို ကျမတို့က ပိုမိုအား‌ကောင်း‌အောင် ပြန်ဖြည့်ဆည်းပြီး‌တော့ သက်ဆိုင်ရာ ဘာသာရဲ့ လွှင့်တဲ့အချိန်‌တွေမှာ ထည့်သွားမယ်လို့ ဟိုးအရင်ကတည်းက ဝန်ကြီးဌာနက တာဝန်ရှိသူ‌တွေက လည်း ဆုံးဖြတ်ထားတဲ့အတွက်‌ကြောင့် ပူး‌ပေါင်းပြီး‌တော့ ‌ဆောင်ရွက်‌ပေးပါ။ မီဒီယာနဲ့ ပတ်သက်လို့ ဒီဖိုရမ်က‌နေ ဆုံးဖြတ်ချက် က ၉ခု ရတယ်‌ပေါ့။ ဒီ ၉ခုကို ထိထိ‌ရောက်‌ရောက် တကယ့်‌အောင်မြင်‌အောင် လုပ်သွားမယ်။ တ‌ယောက်နဲ့တ‌ယောက် အပြန်အ လှန် နားလည်မှုနဲ့ ဆက်ပြီးသွားမယ်ဆိုရင် မကြာခင် လိုချင်တဲ့ အ‌နေအထားကို ‌ရောက်လာမှာပါလို့ ‌ပြောချင်ပါတယ်

ပါ‌မောက္ခ ‌ဒေါက်တာ‌အောင်ထွန်းသက် (ပညာရှင်)


တိုင်းရင်းသား‌တွေအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုက အင်မတန် ကျယ်ပြန့်တယ်။ အဲ‌တော့ ထိထိ‌ရောက် ‌ရောက် သပ်သပ်ရပ်ရပ်ဖြစ်‌အောင် ‌ခေါင်းစဉ် ၃ခုပဲ ‌ရွေးထားတယ်။ ပထမတစ်ခုက တိုင်းရင်းသား‌ဒေသနဲ့ ပတ်သက်လာရင် စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ စီးပွား‌ရေးအရ ဘယ်လိုစဉ်းစားမလဲ ဆိုတာရယ်။ ဒုတိယက အဲဒီလို စီးပွား‌ရေးအရ စဉ်းစား‌နေသ လို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ မီဒီယာက ဘယ်လိုအ‌ရေးပါ‌နေလဲ။ ‌နောက်ဆုံးတချက်က တစ်နိုင်ငံလုံးမှာ အမြဲတမ်း စိန် ‌ခေါ်မှု အကြီးကြီးဖြစ်တယ်။ ရတဲ့ဝင်‌ငွေ‌တွေကို ဘယ်လိုမျှ‌ဝေ‌ပေးမလဲဆိုတဲ့ revenue sharing ကိစ္စကို ‌ဆွေး‌နွေးတာ ဖြစ်ပါ တယ်။ အဲ‌တော့ ဒီကရတဲ့ ဆုံးဖြတ်ချက်ရလဒ်‌တွေကို တိုင်းရင်းသား‌ရေးရာ ပြည်‌ထောင်စုဝန်ကြီး‌တွေဆီကို တင်ပြမယ်။ တင်ပြ ပြီးလို့ ပြည်‌ထောင်စုဝန်ကြီးက‌နေတဆင့် နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ‌နောက် သမ္မတကို တင်ပြဖို့ ဖြစ်ပါတယ်။ ဒီပွဲသည် ‌ပြော ပြီး ပြီး မဟုတ်ဘဲ နိုင်ငံ‌တော် အကြီးအကဲ‌တွေက ဒါ‌တွေကို ဆက်လက် အ‌ကောင်အထည်‌ဖော်နိုင်‌အောင် ဦးတည်ပြီး လုပ်တဲ့ပွဲ ဖြစ်ပါတယ်။
‌ဆွေး‌နွေးထားတာ‌တွေထဲမှာ အခု ချက်ချင်းလက်ငင်းလုပ်လို့ရတဲ့ဟာ‌တွေ အများကြီး‌ပေါ်လာတယ်။ ဒါ‌တွေအားလုံးကို ‌လေး‌လေးနက်နက် တိုင်ပင်ပြီး ဝန်ကြီးဌာနက လုပ်လို့ရတဲ့ဟာလည်းလုပ်မယ်။ ဝန်ကြီးဌာနအတိုင်းအတာနဲ့ လုပ်လို့မရတဲ့ဟာကို ပြည်‌ထောင်စုအဆင့် စု‌ပေါင်းပြီးလုပ်ဖို့လိုမယ်။ ဒီက အချက်အလက်‌တွေအားလုံးကို ပြည်နယ်နဲ့ တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်‌တွေ ကိုလည်း တင်ပြဖို့လိုတယ်။ အ‌ရေးကြီးတာက လွှတ်‌တော်ကို တင်ပြဖို့လိုတယ်။ ကျ‌နော်တို့ တိုင်းပြည်မှာက အစိုးရလို့‌ပြောရင် အုပ်ချုပ်‌ရေးကိုပဲ မြင်တတ်ကြတယ်။ အုပ်ချုပ်‌ရေးမဏ္ဍိုင်ဟာ အ‌ရေးကြီးသလို တရားစီရင်‌ရေးနဲ့ ဥပ‌ဒေပြု‌ရေး မဏ္ဍိုင်‌တွေက လည်း အ‌ရေးကြီးတယ်။ သုံးပွင့်ဆိုင် ‌ဆွေး‌နွေးတင်ပြဖို့ လိုမယ်။ ဒီက‌နေတဆင့် လိုချင်တဲ့ အ‌ဖြေ‌တွေကို ‌မျှော်မှန်းတာ ဖြစ်ပါ တယ်။