Home တွေ့ဆုံမေးမြန်းခန်း အပြည်ပြည်ဆိုင် လူ့အခွင့်အ‌ရေး‌နေ့

အပြည်ပြည်ဆိုင် လူ့အခွင့်အ‌ရေး‌နေ့

2629

ဒီဇင်ဘာလ ၁ဝရက်‌နေ့တွင် ကျ‌ရောက်‌သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေး‌နေ့အတွက် လက်ရှိ မြန်မာပြည်၏ လူ့အခွင့် အ‌ရေး အ‌ခြေအ‌နေ၊ ကရင်ပြည်နယ်အတွင်းရှိ ‌ဒေသခံပြည်သူများ၏ လူ့အခွင့်အ‌ရေး အ‌ခြေအ‌နေများနှင့်ပတ်သက်၍ ၂၀၁၇ခု နှစ်၊ ဒီဇင်ဘာလ ၉ရက်က ‌ကေအိုင်စီ၏ ‌မေးမြန်းချက်အ‌ပေါ် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ KHRG ၏ Advocacy Coordinator ‌စော‌ဝေ‌လေးက ‌ပြောကြားချက်ကို ‌ဖော်ပြထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတစ်ခုလုံး အတိုင်းအတာအ‌နေနဲ့‌ပြောရလို့ရှိရင် လူ့အခွင့်အ‌ရေးအ‌ခြေအ‌နေဆိုတာက ‌ပြောရတာ ‌တော်‌တော်ခက်ပါ တယ်။ ဘာဖြစ်လို့လဲဆို‌တော့ တစ်ချိန်တုန်းက ကရင်ပြည်နယ်မှာ စစ်ပွဲ‌ကြောင့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှု ဆိုးဆိုးရွားရွား ဖြစ်‌နေချိန်မှာ တခြား‌နေရာမှာ သိပ်မဆိုးရွားဘူး။ အခု‌လော‌လောဆယ် ကချင်ပြည်နယ်မှာ ဖြစ်တာ‌တွေရှိ‌တော့ တစ်နိုင်ငံလုံးရဲ့ လူ့အခွင့်အ‌ရေးအ‌ခြေအ‌နေက တိုးတက်တယ်လို့ ‌ပြောရမှာ ခပ်ခက်ခက်ပဲဖြစ်ပါတယ်။ အထူးသဖြင့် အရပ်သားအစိုးရ တက်လာ ပြီး‌နောက်ပိုင်းမှာ‌တော့ လွတ်လပ်စွာ ‌ပြောဆိုပိုင်ခွင့်က နည်းနည်း‌ကောင်းလာတဲ့ အ‌နေအထားမှာ ရှိလာတယ်လို့ ‌ပြောလို့ရပါ တယ်။ ဒါ‌ပေမယ့် တကယ့်လိုအပ်တဲ့ အတိုင်းအတာတစ်ခုအထိ ‌ကောင်းလာပြီလားဆိုတာ‌တော့ ‌မေးခွန်းထုတ်စရာဖြစ်‌နေဆဲ ဖြစ်ပါတယ်။

ကရင်ပြည်နယ်မှာ‌တော့ လူ့အခွင့်အ‌ရေး အထူးသဖြင့် သူတို့အခွင့်အ‌ရေးနဲ့ပတ်သက်ပြီး့ အကုန်လုံး‌တော့ မဟုတ်‌ပေမယ့် ‌တော် ‌တော်များများ‌တော့ နားလည်လာတယ်လို့ ‌ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်တို့ KHRG အဖွဲ့တင်မဟုတ်ဘူး။ အခြားအဖွဲ့အစည်း‌တွေကလည်း လူ့အခွင့်အ‌ရေးနဲ့ပတ်သက်တဲ့ အမြင်ဖွင့်သင်တန်း‌တွေ၊ ပညာ‌ပေးသင်တန်း‌တွေ ‌တော်‌တော် များများ ‌ပေးနိုင်လာတယ်။ အရပ်သားအစိုးရ မတက်ခင်ကတည်းကလည်း လူ့အခွင့်အ‌ရေးနဲ့ပတ်သက်တဲ့ သင်တန်း‌တွေ‌ပေး တာ‌တော့ ရှိခဲ့တယ်။ အရပ်သားအစိုး ရတက်လာတဲ့‌နောက်ပိုင်း သူတို့ရရှိတဲ့ လူ့အခွင့်အ‌ရေးနဲ့ပတ်သက်တဲ့ သင်တန်း‌တွေ ပိုမို ပြုလုပ်လာနိုင်တဲ့အ‌ပေါ်မှာ ‌တော်‌တော်များများ‌တော့ နားလည်လာတာ‌တွေရှိပါတယ်။

ထပ်ပြီး‌တော့ လူ့အခွင့်အ‌ရေးနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် အတိုင်းအတာတစ်ခုလုံးအ‌နေနဲ့ ‌ပြောမယ်ဆိုရင် တစ်ချို့အရာ‌တွေ နည်းနည်း‌ကောင်းလာတာရှိသလိုပဲ တစ်ချို့က‌တော့ တစ်ဖက်က ဆိုးလာတာ‌တွေလည်း ရှိပါတယ်။ ကရင်ပြည်နယ်မှာ ‌ကောင်း လာတယ်လို့ ‌ပြောနိုင်တာတစ်ခုက‌တော့ ‌ဒေသခံ‌တွေရဲ့ ‌ပြောပြချက်အရ ၂၀၁၂ခုနှစ် စက်တင်ဘာလ‌နောက်ပိုင်းမှာဆိုရင် အတင်းအဓမ္မ အလုပ်‌စေခိုင်းမှုက သိသိသာသာ ‌လျော့ကျသွားတာကို ကျ‌နော်တို့‌တွေ့ရပါတယ်။ ဒါက အ‌ပေါင်းလက္ခဏာ ‌ဆောင်တဲ့ ‌ပြောင်းလဲမှုတစ်ခုလို့ ‌ပြောလို့ရပါတယ်။

‌နောက်တစ်ခုက‌တော့ လွတ်လပ်စွာ သွားလာခွင့်နဲ့ လွတ်လပ်စွာ ‌ပြောဆိုပိုင်ခွင့်က‌တော့ ကရင်ပြည်နယ်ရဲ့ တစ်ချို့‌နေရာ‌တွေမှာ ရှိလာပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ တိုက်ပွဲ‌တွေ အဖြစ်နည်းလာတယ်။ ဂိတ်‌တွေ နည်လာတဲ့အတွက် ‌ခေါ်ယူစစ်‌ဆေးမှု‌တွေ နည်းလာတယ်။ အစိုးရတပ်‌တွေ လမ်း‌ပေါ်မှာ တပ်စွဲတာ‌တွေ နည်းလာတဲ့အ‌ပေါ်မှာ ရွာသား‌တွေ‌ပြောပြချက်အရ သူတို့သွားလာ ရတာ နည်းနည်း လွတ်လပ်လာတယ်။ ‌နောက်တစ်ခုက အရင်တုန်းက တိုက်ပွဲ‌တွေ ကြီးကြီးမားမားဖြစ်ခဲ့‌တော့ ရွာသား‌တွေအ ‌ပေါ်ပစ်မှတ်ထားပြီး တိုက်ခိုက်တာ‌တွေ ရှိခဲ့တယ်။

အပစ်အခတ်ရပ်စဲ‌ရေးကာလ ၂၀၁၂ က‌နေ အခုချိန်အထိ ရွာသား‌တွေကို ပစ်မှတ်ထားပြီး လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု‌တွေ မ‌တွေ့ရ‌တော့တဲ့အ‌နေအထားရှိတာကိုလည်း‌တွေ့ရပါတယ်။ အိမ်‌တွေ တစ်လုံးတစ်‌လေ မီးရှို့ခံရတာ‌တွေ‌တော့ ရှိတာ‌ပေါ့။ ဒါ‌ပေမယ့် အရင်တုန်းကထက်‌တော့ နည်းနည်း‌ကောင်းလာတာ ‌တွေ့ရပါတယ်။ တစ်ဖက်မှာ‌ကောင်းလာသလိုပဲ တစ်ဖက်မှာ ‌တော့ အထူးသဖြင့် ‌မြေယာပြသာနာ‌တွေ‌ပေါ့။ အဲဒီ ‌မြေယာပြဿနာဆိုတာက ဟိုးအရင်ကတည်းကလည်း ရှိခဲ့‌ပေမယ့် ငြိမ်း ချမ်း‌ရေး‌ဖော်‌ဆောင်တဲ့ကာလမှာ‌တော့ ဟိုးအရင်တုန်းက ဆွဲထားကြတဲ့ ဖွံ့ဖြိုး‌ရေးစီမံကိန်း‌တွေ အ‌ကောင်အထည်‌ဖော်လာကြ တယ်။ ‌နောက်ပြီး စီမံကိန်းအသစ်‌တွေလည်း အများအပြားဝင်လာကြတယ်။ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေတဲ့ကာလ ဖွံ့ဖြိုး‌ရေး စီမံ ကိန်း အ‌ကောင်အထည်‌ဖော်မှု‌တွေ ပိုများလာတဲ့အခါကျ‌တော့ ကျ‌နော်တို့‌တွေ့ရှိချက်အရ ‌ဒေသခံ‌တွေရဲ့ ‌မြေယာသိမ်းဆည်းခံရ မှု‌တွေဟာလည်း များလာတာကို ‌တွေ့ရပါတယ်။

အဲဒီအပြင် ကရင်ပြည်နယ်ထဲမှာရှိတဲ့ မြိုင်ကြီးငူ‌ဒေသ စစ်‌ဘေး‌ရှောင်‌တွေအ‌နေနဲ့ကလည်း အခုထိ ‌နေရပ်မပြန်နိုင်‌သေးဘူး။ နယ် စပ်မှာ ခိုလှုံ‌နေရတဲ့ ဒုက္ခသည်‌တွေအ‌နေနဲ့ကလည်း အခု စားနပ်ရိက္ခာ ‌လျော့ချခံရတာ‌တွေရှိသလို မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်‌တွေ ကလည်း အခုထိ စားနပ်ရိက္ခာ ပြဿနာကို ရင်ဆိုင်‌နေရဆဲပါ။ သူတို့အ‌နေနဲ့က ပြန်လာဖို့က သူတို့ဘဝလုံခြုံမှုမရှိ‌သေးတဲ့ အ‌နေ အထားမှာ ရှိ‌နေဆဲဖြစ်ပါတယ်။ သူတို့‌တွေမှာ ဘဝလုံခြုံ‌ရေး၊ အသက်လုံခြုံ‌ရေး အသက်‌မွေးဝမ်း‌ကြောင်းဆိုင်ရာ လုံခြုံ‌ရေး‌တွေအ ‌ပေါ်မှာ စိုးရိမ်မှုရှိ‌နေဆဲဖြစ်တာကိုလည်း ‌တွေ့ရပါတယ်။ အဲဒီ‌တော့ သက်ဆိုင်ရာ အလှူရှင်‌တွေအ‌နေနဲ့ကလည်း ဆက်လက် ကူညီပံ့ပိုး‌ပေးသွားဖို့ တိုက်တွန်းချင်ပါတယ်။

ကရင်ပြည်နယ်မှာရှိတဲ့ ‌ကျေးရွာ‌ဒေသခံလူထု‌တွေအ‌နေနဲ့က အခုတပ်မ‌တော်ရဲ့ လှုပ်ရှားမှု‌တွေကို ‌တွေ့မြင်ရခြင်းအားဖြင့် သူတို့ အ‌နေနဲ့ ကြီးကြီးမားမား စိုးရိမ်ချက်တစ်ခုရှိ‌နေပါတယ်။ အဲဒါက‌တော့ တပ်လှုပ်ရှားမှု‌တွေ သူတို့မြင်‌နေရတဲ့အခါကျ‌တော့ တိုက်ပွဲ ကြီးမားဖြစ်ပြီး သူတို့အရင်လို ဆိုးရွားတဲ့အ‌တွေ့အကြုံကို ‌နောက်ထပ် ပြန်မကြုံချင်ကြ‌တော့တဲ့အတွက်ပဲ ဖြစ်ပါတယ်။ ရွာသား ‌တွေ ‌ပြောပြချက်အရက‌တော့ အခုလက်ရှိငြိမ်းချမ်း‌ရေးကို ယုံကြည်မှုသိပ်မရှိ‌သေး‌ပေမယ့် ‌မျှော်လင့်ချက်ရှိ‌နေပါတယ်။ ဒါက ‌တော့ ‌ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်း‌ရေးဖြစ်ဖို့‌ပေါ့။