Home သတင်း MATA (ကရင်ပြည်နယ်)က EITI လုပ်ငန်းစဉ်၏ ‌ခေါင်းစဉ် ၅ခုကို ကရင်ပြည်နယ်တွင် အ‌ကောင်အထည်‌ဖော်လုပ် ‌ဆောင်သွားမည်

MATA (ကရင်ပြည်နယ်)က EITI လုပ်ငန်းစဉ်၏ ‌ခေါင်းစဉ် ၅ခုကို ကရင်ပြည်နယ်တွင် အ‌ကောင်အထည်‌ဖော်လုပ် ‌ဆောင်သွားမည်

2389

,h4>ဩဂုတ် ၃၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့အစည်း MATA (ကရင်ပြည် နယ်) က သဘာဝသယံဇာတ တူး‌ဖော်‌ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာ‌ရေး ‌ဖော်‌ဆောင်မှု (Extractive Industries Transparency Initiative – EITI) လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ‌ခေါင်းစဉ် ၅ ခုကို ပြည်နယ်အတွင်း အဓိက ဦးစား‌ပေး လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါ လုပ်‌ဆောင်သွားမည့် ‌ခေါင်းစဉ်များမှာ ပြည်နယ်အတွင်း အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်‌နေသည့် ဘိလပ်‌မြေ၊ ဆည်၊ သဲ၊ ‌ကျောက်၊ ရာဘာ၊ ဟိုတယ် နှင့်ခရီးသွားလာ‌ရေး လုပ်ငန်းများဖြစ်ပြီး ဩဂုတ် ၂၈ ရက်မှ ၃ဝ ရက်‌နေ့အထိ ကရင်ပြည်နယ် ဖားအံမြို့တွင် ပြုလုပ်‌သော MATA (ကရင်ပြည်နယ်)၏ EITI လုပ်ငန်းစဉ်များဆိုင်ရာ ‌ဆွေး‌နွေးမှုတွင် ယခုကဲ့သို့ အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

MATA (ကရင်ပြည်နယ်) တာဝန်ခံ‌စောကလူ‌ထောက “ဘာလို့ ဒီ‌ခေါင်းစဉ် ၅ ခုပဲ‌ရွေး ရလဲဆို‌တော့ မလုပ်ရ‌သေးတဲ့ ဥပမာ ‌ကျောက်မီး‌သွေးကိစ္စ‌တွေကို ကျ‌နော်တို့ လုပ်လို့မရ‌သေးဘူး။ အခု ကျ‌နော်တို့ပြည်နယ် အတွင်း လက်ရှိလည်ပတ်‌နေတဲ့ လုပ်ငန်း‌တွေကိုပဲ ‌ဒေသခံ‌တွေ ခံစား‌နေရတဲ့‌ကောင်းကျိုး၊ ဆိုးကျိုး‌တွေအ‌ပေါ်မှာ အ‌ကောင်းဆုံးဖြစ်‌အောင် လုပ်‌ဆောင်နိုင်ဖို့ ဒီ‌ခေါင်းစဉ်‌တွေကို ‌ရွေးချယ်လိုက်တာဖြစ်ပါတယ်”ဟု ‌ပြောသည်။

EITI ဆိုသည်မှာ အစိုးရ၊ ကုမ္ပဏီတို့၏ သဘာဝသယံဇာတ တူး‌ဖော်ထုတ်ယူ‌ရေးလုပ်ငန်းများနှင့်ပတ်သက်သည့်လုပ်ငန်း လုပ်ပိုင်ခွင့်များချ‌ပေးခြင်း၊ ထုတ်လုပ်မှုပမာဏဆိုင်ရာအချက်များ၊ အခွန်ဘဏ္ဍာ‌ကောက်ခံခြင်း၊ နိုင်ငံပိုင်ကုမ္ပဏီများ၏ ပူး ‌ပေါင်းပါဝင်မှု၊ ‌ဒေသန္တရ အစိုးရသို့ အရင်းအမြစ်မှဝင်‌ငွေခွဲ‌ဝေခြင်း၊ လူမှုဘဝသက် ‌ရောက်မှု၊ အခွန်ဘဏ္ဍာများ စီမံခန့်ခွဲခြင်းစသည့်အချက်များကို ‌စောင့်ကြည့်ပြီး ပွင့်လင်းမြင်သာမှုရှိ‌ရေးနှင့် ထိ‌ရောက်သည့်
အကျိုးဖြစ်‌ပေါ်‌ရေးအတွက် အစိုးရ၊ ကုမ္ပဏီ၊ လူထုသုံးပွင့်ဆိုင် ညှိနှိုင်းလုပ်‌ဆောင်‌ပေးသည့် လုပ်ငန်းစဉ်ဖြစ်သည်ဟု သိရသည်။

အဆိုပါ လုပ်ငန်းစဉ်များကို လုပ်‌ဆောင်ရာတွင် ကရင်ပြည်နယ်အ‌နေဖြင့် ယခု‌ရွေးချယ်ထားသည့် ‌ခေါင်းစဉ် ၅ ခုအနက် ဘိလပ်‌မြေစက်ရုံတည်‌ဆောက် ထုတ်လုပ်မှုအတွက် စတင်အ‌ကောင်အထည် ‌ဖော်‌ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းအ တွက် အချက်အလက်များ‌ကောက်ယူခြင်း၊ သင်တန်း‌ပေးခြင်းများပြုလုပ်‌ပေးပြီး‌နောက် အစိုးရ၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း၊ မီဒီယာ၊ လူမှုအဖွဲ့အစည်း၊ ပညာရှင်၊ လူထုတို့ပါဝင်သည့် ဖိုရမ်တစ်ခုပြုလုပ်ပြီး ‌ဆွေး‌နွေး ညှိနှိုင်းအ‌ဖြေ ရှာကြမည်ဖြစ်သည်။

Karen Open Group -KOG မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ‌ဒေါ်ကြူကြူသင်းက “အခု EITI ဟာပွင့်လင်းမြင်သာမှုကို အ‌ခြေခံတာလည်းဖြစ်တယ်။ အရင်က ဘာလုပ်လုပ်‌ဘေးထွက်ဆိုးကျိုး‌ရော၊ ‌ကောင်းကျိုး‌ရော ဘာမှမသိရဘူး‌ပေါ့။ အခုလို လုပ်ငန်းစဉ်‌တွေမှာကျ‌တော့ ပညာရှင်‌တွေ‌ခေါ်ပြီး ဖွံ့ဖြိုး‌ရေးလုပ်ငန်း‌တွေနဲ့ပတ်သက်လို့ ‌ဒေသခံလူထု‌တွေအတွက် အမြင်ဖွင့် ‌ပေးမယ်ဆိုရင် အ‌ကောင်းအဆိုးအကုန်သိမြင်ရမယ်။ ကျမအထင် လူထုအတွက် ဒီထက် အလား အလာပို‌ကောင်းလာ နိုင်ပါတယ်” ဟု‌ပြောသည်။

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့အစည်း MATA အ‌နေဖြင့် EITI လုပ်ငန်းများ လုပ်‌ဆောင်နိုင်‌ရေးအတွက် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှစတင်ကာ ကရင်ပြည်နယ်အတွက် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။