Home သတင်း ဝင်း‌ရော်‌ဒေသ မူးယစ်‌ဆေးပညာ‌ပေး ‌ဟော‌ပြောပွဲ ပထမဦးဆုံးအကြိမ်ကျင်းပ

ဝင်း‌ရော်‌ဒေသ မူးယစ်‌ဆေးပညာ‌ပေး ‌ဟော‌ပြောပွဲ ပထမဦးဆုံးအကြိမ်ကျင်းပ

2006

ဩဂုတ် ၂၄ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၊ ‌တောင်ဒီးရွာ၌ မြန်မာနိုင်ငံ မူးယစ်‌ဆေးသုံးစွဲသူများ ပြန်လည် ထူ ‌ထောင်‌ရေးအသင်း (ဗဟို)က ဦး‌ဆောင်ကာ မူးယစ်‌ဆေးဝါး အလွဲသုံးစားမှု ဆိုင်ရာ အသိပညာ‌ရေး ‌ဟော‌ပြောပွဲတစ်ခုကို ဩဂုတ် ၂၃ ရက်‌နေ့တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့သည်။

‌ဟောပြာပွဲ ရည်ရွယ်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ မူးယစ်‌ဆေးစွဲသူများပြန်လည်ထူ‌ထောင်‌ရေးအသင်း(ဗဟို) ဥက္ကဌ ဦးစံရှိန်က “ မူးယစ်‌ဆေးဝါးဟာ ‌နေရာ‌ဒေသတိုင်းမှာ ‌ရောက်ရှိ‌နေတယ်။ ဆိုးကျိုး‌တွေကိုသာ ‌ပေးတဲ့အရာ ဖြစ်တဲ့အတွက် ‌ကြောင့် ဆက်နွယ်တဲ့လူတန်းစားနဲ့ နီးစပ်တဲ့လူတန်းစား‌တွေကို အသိ၊ သတိရှိဖို့ လာ‌ရောက် အသိပညာ‌ပေး ‌ဟော‌ပြောတာ ဖြစ်တယ်” ဟု ဩဂုတ်လ ၂၃ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ဟော‌ပြောပွဲသို့ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ် ဥက္ကဌ ပဒို ‌စော‌မောင်‌ရွှေ၊ ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်နယ်‌မြေရဲစခန်းမှ ဒုရဲအုပ် ထွန်းမြတ်‌ကျော်၊ မြန်မာနိုင်ငံ မူးယစ်‌ဆေးသုံးစွဲသူများ ပြန်လည် ထူ‌ထောင်‌ရေးအသင်း (ဗဟို) ဥက္ကဌ ဦးစံရှိန်နှင့် အဖွဲ့ဝင်များ၊ ‌ကျောင်းသူ ‌ကျောင်းသား များနှင့် ‌ဒေသခံများစုစု‌ပေါင်း ၅၀ဝ ဦး‌ကျော်တက်‌ရောက်ခဲ့သည်။

အခမ်းအနားတက်‌ရောက်ခဲ့သူ ‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ် ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက“ စီးပွား‌ရေးသမား‌တွေက မသိတဲ့ ‌ဒေသခံ‌တွေဆီကို မူးယစ်‌ဆေးဝါးနဲ့ ကိုယ်ကျိုးရှာလာတယ်။ ဆိုးကျိုး‌တွေကို မသိ‌သေးတဲ့ လူငယ်‌တွေ အတွက် မူးယစ်‌ဆေး ဖြတ်ထားသူ‌တွေ ကိုယ်တိုင်လာပြီး အသိပညာ‌ပေးမှုထဲမှာပါ‌တော့ ထိ‌ရောက်မှု ရှိတယ်။ ‌နောင်တစ်ချိန် အမျိုးသား‌ခေါင်း ‌ဆောင်‌တွေဖြစ်လာမဲ့ အနာဂတ်လူငယ်‌တွေဟာ လမ်းခုလပ်မှာပဲ ရည်မှန်းချက် ပျက်စီးမသွား‌အောင် မူးယစ်‌ဆေးဝါးကို ‌ရှောင်ကြဉ်ကြဖို့ တိုက်တွန်းလိုတယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဝင်း‌ရော်‌ဒေသတွင် လူငယ် ၇ဝ ရာခိုင်နှုန်းခန့် မူးယစ်‌ဆေးသုံးစွဲ‌နေကြပြီး ၊ ‌သေ‌ကြောင်းကြံစည်ခြင်း၊ မိဘ ‌မောင်နှမများကို အသက်အန္တရာယ်ခြိမ်း‌ခြောက်ခြင်းများ ဖြစ်‌ပေါ်‌နေသလို ရန်ကုန်မြို့ရှိ မူးယစ်‌ဆေးဖြတ်စခန်း ရွာသာကြီးသို့ ‌ဆေးစွဲ‌ဒေသခံ ၂ဝ ဦးခန့် ပို့‌ဆောင်ထားသည်ဟု ‌ဒေသအတွင်း တာဝန်ရှိသူများ ထံမှ သိရသည်။

‌ဟော‌ပြောပွဲ တက်‌ရောက်သူ ရန်ကုန်မြို့မှ ကို‌ဇော်မိုးက “ ‌ဆေးသုံးပြီး‌တော့ ပတ်ဝန်းကျင်မှာ ဒီ‌ကောင်ဘိန်းစား၊ ဘိန်းစားသမားနဲ့ မ‌ပေါင်းနဲ့ဆိုပြီး အ‌ပြောခံခဲ့ရတယ်။ အ‌မေပိုက်ဆံ‌တွေ ခိုးတယ်။ ဆွဲကြိုး၊ ဆိုင်ကယ်‌ရောင်း လိုက်တယ်။ မိန်းမနားကပ် ချွတ်‌ရောင်းတယ်။ ‌နောက်ဆုံး‌ဆေးသုံးဖို့အတွက်
တစ်ဆင့်ဖြန့်‌ရောင်း‌ပေးတဲ့အထိ မူးယစ်သား‌ကောင် လုံးလုံးဖြစ်သွားပြီး‌တော့ အိမ်‌ထောင်‌တွေကွဲ ဘဝ‌တွေပျက် ခဲ့ရတယ်။ လူငယ်‌တွေ မူးယစ် ‌ဆေးကို မစမ်းနဲ့။
မထိနဲ့။ လုံးဝ‌ရှောင်ရှားကြပါလို့ ‌ပြောချင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသားအစည်းအစည်းရုံး ဝင်း‌ရေးမြို့နယ်တွင် ၂ဝ၁၆ ခုနှစ်အတွင်း မူးယစ်‌ဆေး ‌ရောင်းဝယ်သုံးစွဲသူ ဦး‌ရေ ၂ဝဝ ‌ကျော်ကို ‌ကော်သူး‌လေ ၁/၂ဝ၁၄ မူးယစ်ဥပ‌ဒေဖြင့် အ‌ရေးယူခဲ့ပြီး WY စိတ်ကြွ‌ဆေးပြား အလုံး‌ရေ ၅,ဝဝဝ ‌ကျော် မီးရှို့ဖျက်ဆီးနိုင်ခဲ့‌ကြောင်း မြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။

ကရင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်အတွင်း မူးယစ်‌ဆေးအမှု‌ပေါင်း ၂၂၈ မှု အ‌ရေးယူ‌ဆောင်ရွက်နိုင်ခဲ့ပြီး တရားခံ ကျား ၄၂၄ ဦး၊ မ ၈၉ ဦးတို့ထံမှ WY စိတ်ကြွ‌ဆေးပြား ၂၅ဝ,၁၈၉ ပြား၊ ‌ဆေး‌ခြောက် ၂,၃၄၅ ဒသမ ၇၉ ဂရမ် သိမ်းဆည်းရမိခဲ့သလို ၂၀၁၇ ခုနှစ်၊ ဇွန် လ ၁၁ ရက်‌နေ့ထိ မူးယစ်‌ဆေးအမှု‌ပေါင်း ၁၂၃ မှု အ‌ရေးယူ နိုင်ခဲ့သည်ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။