Home သတင်း ကြ‌သောင်းဆိပ် ‌ကျောင်းတွင် ‌ကျောင်းသားဦး‌ရေများပြားပြီး ‌နေရာမဆံ့၍ ‌ကျောင်းချိန်ခွဲ သင်ကြား‌နေရ

ကြ‌သောင်းဆိပ် ‌ကျောင်းတွင် ‌ကျောင်းသားဦး‌ရေများပြားပြီး ‌နေရာမဆံ့၍ ‌ကျောင်းချိန်ခွဲ သင်ကြား‌နေရ

2100
၂၀၁၆-၁၇ စာသင်နှစ်၌ ကြ‌သောင်းဆိပ်ရွာအနီး ဖိုးကျားရွာ ‌ကျောင်းတွင် ‌တွေ့ရသည့် က‌လေးများ

ဇွန် ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

ကရင်လူမျိုး အ‌ခြေစိုက်ရာ‌နေထိုင်ရာ ဘီးလင်းမြို့နယ်အတွင်း ကြ‌သောင်းဆိပ် (အ‌နောက်ဘက်ခြမ်း) ‌ကျေး ရွာရှိ မူလွန်‌ကျောင်းတွင် သူငယ်တန်းမှ အဋ္ဌမတန်းအထိ ‌ကျောင်းသားဦး‌ရေ ၃၀ဝ ‌ကျော်ရှိသည့်အတွက် လက်ရှိ ‌ကျောင်း‌ဆောင်နှင့် မဆံ့သဖြင့် ‌ကျောင်းသားများကို နံနက်နှင့် ည‌နေ ဟူ၍ ‌နေ့တဝက်စီ အချိန်ခွဲ၍ စာသင်‌ပေး‌နေရသည်ဟု ‌ကျောင်းအုပ်ဆရာမဖြစ်သူ ‌နော်ခင်‌မေမာက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျမတို့ မူလတန်းကို မနက်ပိုင်းနဲ့ အလယ်တန်း ‌ကျောင်းသား‌တွေကို ည‌နေပိုင်းမှာ စာသင်ကြား ‌နေရပါတယ်။ အဲလို စာသင်ကြား‌နေရ‌တော့ က‌လေး‌တွေက တစ်ရက်ကို ‌နေ့ဝက်‌လောက်ပဲ စာသင်‌ပေးနိုင်တာ‌ပေါ့။ ‌နောက်ပြီး အတန်းတတန်းမှာ လူဦး‌ရေများတဲ့အတွက် စာသင်ရတာလည်း အခက်အခဲရှိတယ်။”ဟု ‌ပြောသည်။

‌ကျောင်းသားများ အချိန်ပြည့် စာသင်ကြား‌ပေးနိုင်ရန် ယခု ‌ကျောင်းအဝင်းတွင် ‌လေးခန်းတွဲ ‌ကျောင်း‌ဆောင်သစ်တစ်‌ဆောင် တည်‌ဆောက်‌နေပြီး ဇွန်လကုန်တွင် ပြီးစီးမည် ဖြစ်‌ကြောင်း၊ သို့‌သော် အ‌ဆောင်လုံ‌လောက်‌သေးမည် မဟုတ်‌ကြောင်းနှင့် လက်ရှိ စာသင်ကြားရာ၌ အတန်းတစ်တန်းလျှင် သတ်မှတ်ထားသည့် စာသင်ခုံအရှည် ၁၂ ခုံအတွက် အတန်းနှစ်တန်းစာခန့် လိုအပ်‌နေ‌ကြောင်းလည်း ‌နော်ခင်‌မေမာက ဆက်‌ပြောသည်။

ထို့အပြင် ‌နောက်ထပ် ‌ကျောင်း‌ဆောင်အသစ်များ ထပ်မံတည်‌ဆောက်မည်ဆိုပါက ‌မြေ‌နေရာ လိုအပ်‌နေပြီး ကြ‌သောင်းဆိပ်ရွာတွင် ‌ကျောင်းသားဦး‌ရေ များလာသည်နှင့်အမျှ ‌ကျောင်း‌ဆောက်ရန် ‌မြေ‌နေရာနှင့် ‌ကျောင်း‌ဆောင်များ တိုးချဲ့သွားမည်သာဖြစ်သည်ဟု ‌ဒေသခံများက ဆိုသည်။

လက်ရှိ ကြ‌သောင်းဆိပ်‌ကျောင်းတွင် အနီးအနားရှိ ရွာများဖြစ်ကြသည့် ကြ‌သောင်းဆိပ်(အ‌ရှေ့ဘက်ခြမ်း)၊ သဲဖြူ‌ချောင်း(‌ထော်က‌လော့ခီး)၊ ဖိုးကျား(‌ထော်က‌လော်ထ)၊ ကုန်းသာယာ(‌ကော်ဖိုးခို့)နှင့် နိုကနဲ စသည့် ‌ကျေးရွာများမှ အလယ်တန်းအဆင့် တက်‌ရောက်ရမည့် က‌လေးများလည်း သွား‌ရောက်‌ကျောင်းတက်ကြ သည့်အတွက် နှစ်စဉ် ‌ကျောင်းသားဦး‌ရေ များပြားလာခြင်းလည်း ဖြစ်သည်။

ကြ‌သောင်းဆိပ်‌ကျေးရွာ ‌ဒေသခံဖြစ်သူ ‌နော်‌ရွှေစင်ဦးက “အခုလို ‌ကျောင်းသားဦး‌ရေများပြီး ‌ကျောင်း‌ဆောင် မလုံ‌လောက်တာက‌တော့ က‌လေး‌တွေရဲ့ ပညာ‌ရေးအတွက် နည်းနည်းထိခိုက်တယ်လို့ ဆိုရမှာပါ။ ဒါ‌တွေ အဆင်‌ပြေ‌အောင် နီးစပ်ရာ အဖွဲ့အစည်းဖြစ်ဖြစ်၊ ပုဂ္ဂလိကဖြစ်ဖြစ် ကူညီ‌ပေးနိုင်တဲ့ အတိုင်းအတာရှိရင် ကူညီ‌ပေး‌စေချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု စာသင်နှစ် ၂၀၁၇-၁၈ အတွက် ကြ‌သောင်းဆိပ် မူလွန်‌ကျောင်းတွင် ‌ကျောင်းအုပ်အပါအဝင် ဆရာ၊ ဆရာမ‌ပေါင်း ၁၃ ဦးရှိပြီး ၎င်းအနက် အစိုးရဝန်ထမ်း ၈ ဦး၊ ကိုယ်ထူကိုယ်ထ ‌စေတနာ့ဝန်ထမ်း ၅ ဦးတို့ဖြစ်သည်။

အဆိုပါ ‌ကျောင်းတွင် ယခင်နှစ်က ‌ကျောင်းသားဦး‌ရေ ၂၅ဝ ‌ကျော်မှ ယခုနှစ်တွင် ၃၀ဝ ‌ကျော်အထိ များပြားလာပြီး အဋ္ဌမတန်း တက်‌ရောက်‌နေ‌သော ‌ကျောင်းသားများသည် ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်(အ‌နောက်ဘက်ခြမ်း) မူလွန် ‌ကျောင်း(ခွဲ)တွင် အတန်းတင်စာ‌မေးပွဲ သွား‌ရောက်‌ဖြေဆိုရမည်ဖြစ်သည်။

ကြ‌သောင်းဆိပ် စာသင်‌ကျောင်းကို ပြီးခဲ့သည့် ၁၉၉၇ ခုနှစ်က မူလွန်ပညာ‌ရေးအဆင့်အထိ ‌ကျောင်းသား များကို လက်ခံသင်ကြား‌ပေးခဲ့‌သော်လည်း မြို့နယ်အစိုးရက တရားဝင် မူလွန်‌ကျောင်းအဖြစ် ၂၀၁၆-၁၇ ခုနှစ်တွင် စတင်အသိအမှတ် ပြုခဲ့သည်ဟု ကြ‌သောင်းဆိပ် ‌ကျောင်းအုပ်ဆရာမက ဆိုသည်။