Home သတင်း ၂၁ ပင်လုံ ရလဒ်များကို ‌ကေအဲန်ယူ ပြန်လည် ချပြရှင်းလင်းသွားမည်

၂၁ ပင်လုံ ရလဒ်များကို ‌ကေအဲန်ယူ ပြန်လည် ချပြရှင်းလင်းသွားမည်

1817

‌မေ ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအ‌ဝေးရလဒ်များကို ‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးအ‌နေဖြင့် အဖွဲ့အစည်းအတွင်းမှာ‌သော်လည်း‌ကောင်း၊ ကရင်အမျိုးသား အဖွဲ့ အစည်းများနှင့် လူမှုအဖွဲ့အစည်းများကို ပြန်လည်ချပြရှင်းလင်းသွားမည်ဟု ‌မေ ၂၃ ရက်‌နေ ့ ရက်စွဲပါ ၎င်းတို့ သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ‌ကေအဲန်ယူ တွဲဖက်အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ၂ ပဒို‌စောလှထွန်းက “ ‌ကေအဲန်ယူ အ‌နေနဲ ့ လုပ်ငန်းစဉ်‌ဆောင်ရွက်တဲ့ ‌နေရာမှာ ကရင့် တမျိုးသားလုံးသိရမဲ့ ကိစ္စ‌တွေ ‌ဆောင်ရွက်တဲ့‌နေရာမှာ အ ဆင့်တိုင်းမှာ ပြန်လည်ချပြရှင်းလင်းသွားမယ်။ ထွက်‌ပေါ်လာတဲ့ ရလဒ်အ‌ပေါ် အကြံပြုမှု သ‌ဘောထား‌တွေကို ရ ယူပြီး ပြန်လည်သုံးသပ် လုပ်‌ဆောင်သွားမယ်။ ၂၁ ပင်လုံအပြီးမှာ လာမဲ့ ဇွန် ၂ ရက်က‌နေ ၄ ရက်အတွင်းမှာ ကရင်လူမှုအဖွဲ့အစည်း‌တွေနဲ ့‌တွေ့သွားဖို့ရှိတယ်။ အခမ်းအနားတက်ခဲ့တဲ့ ‌ခေါင်း‌ဆောင်‌တွေက ပြန်လည် ချပြ ရှင်းလင်းတာ လုပ်သွားဖို့ရှိတယ်” ဟု ‌ကေအိုင်စီသို့ ‌မေ ၂၄ ရက်‌နေ့ (ယ‌နေ့) တွင် ‌ပြောသည်။

‌ကေအဲန်ယူ အ‌နေဖြင့် ‌မေ ၂၄မှ ၂၈ ရက်‌နေ့အထိ ‌နေပြည်‌တော်တွင် ကျင်းပ‌နေသည့် ၂၁ ရာစု ပင် လုံညီလာခံတွင် ကျင်းပပြီးဖြစ်သည့် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ (ကရင်) ရလဒ်များကို အ‌ခြေခံကာ ကရင်အမျိုးသား တို့၏ သ‌ဘောဆန္ဒတို့ကို ကိုင်စွဲ၍ အားလုံးလက်ခံနိုင်သည့် မူဝါဒ တရပ် ‌ပေါ်ထွက်လာ‌ရေး ‌ဆွေး‌နွေးသွားမည်ဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် ကျင်းပ‌နေသည့် ၂၁ ရာစု ပင်လုံညီလာခံမှ ထွက်‌ပေါ်လာသည့် ရလဒ်များကို ‌ရှေ့ဆက်အ‌ကောင် အထည်‌ဖော်မည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို အ‌ထောက်အကူပြုပြီး အနာဂတ် ဖက်ဒရယ် ဒီမိုက‌ရေစီပြည် ‌ထောင်စုနိုင်ငံ တည်‌ဆောက်နိုင်‌ရေးအတွက် နိုင်ငံ‌ရေးအင်အားစု အားလုံးနှင့် ပူး‌ပေါင်းလုပ်‌ဆောင်သွားမည် ဖြစ်‌ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

‌မေ ၂၄ ရက်‌နေ့တွင် စတင်ကျင်းပ‌နေသည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ- ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအ‌ဝေး အခမ်းအနားသို့ ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒိုကွယ်ထူးဝင်းဦး‌ဆောင်သည့် ကိုယ်စားလှယ် ၂၉ ဦးသည် ‌မေ ၂၃ ရက်‌နေ့တွင် ဌာနချုပ်မှ ‌နေပြည်‌တော်သို့ ထွက်ခွာသွားသလို ယ‌နေ ့ပြုလုပ်သည့် ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုယ်စား ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက တက်‌ရောက် မိန့်ခွန်း ‌ပြော ကြားခဲ့သည်။