Home သတင်း မိုင်းရှင်းလင်း‌ရေးအတွက် မူအားဖြင့် သ‌ဘောတူထား‌သော်လည်း နှစ်ဦးနှစ်ဘက် ပြန်ညှိနှိုင်းရန်လိုအပ်

မိုင်းရှင်းလင်း‌ရေးအတွက် မူအားဖြင့် သ‌ဘောတူထား‌သော်လည်း နှစ်ဦးနှစ်ဘက် ပြန်ညှိနှိုင်းရန်လိုအပ်

1904

‌မေလ ၂၈ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောညွန့်‌သောင်း

မိုင်းရှင်းလင်း‌ရေးကိစ္စကို မူအားဖြင့် ဆုံးဖြတ်ချက်ကျထားပြီးဖြစ်‌သော‌ကြောင့် အမြန်ဆုံးအ‌ကောင်အထည်‌ဖော်လာရန် ‌ဒေ သခံပြည်သူများက ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ (JMC-S)ထံ တိုက်တွန်း‌စေလိုသည်ဟု ပြည်‌ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC-U) အမှု‌ဆောင်ဒါရိုက်တာ ‌ဒေါက်တာမင်း‌ဇော်ဦးက ‌ပြောကြားလိုက်သည်။

‌ဒေါက်တာ မင်း‌ဇော်ဦးက “မိုင်းရှင်းလင်း‌ပေးဖို့ ပြည်သူလူထု‌တွေက ‌တောင်းဆိုလာတဲ့အ‌ပေါ် ကျ‌နော့်အမြင်က လုပ်‌ပေး သင့်တယ်လို့ မြင်ပါတယ်။ NCA အရ လူထု‌တွေကို ကာကွယ်‌ပေးရမယ့်တာဝန်‌တွေက ရှိတယ်”ဟု လက်ရှိ ကျင်းပ‌နေဆဲ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်အစည်းအ‌ဝေးတွင် ‌ပြောဆိုခဲ့သည်။

အဆိုပါ ကရင်ပြည်နယ်အတွင်းတွင် မိုင်းရှင်း‌ရေးနှင့်ပတ်သက်၍ ကျုံ‌ထော်‌ရေတံခွန်တစ်ဝိုက်နှင့် မြိုင်ကြီးငူ ‌ဒေတို့တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဦးစား‌ပေး‌နေရာအဖြစ် ရှင်းလင်းရန် ပြည်နယ်အစိုးရက ‌ဆောင်ရွက်လျှက်ရှိသည်ဟု ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနက ‌ပြောကြားထားပြီးဖြစ်သည်။

ကရင်ပြည်နယ်အတွင်း မိုင်းရှင်းလင်း‌ရေးနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းရုံး (KNU)မှ တွဲဘက်အတွင်း‌ရေးမှူး(၁) ပဒို‌စောဆဲပွယ်က“ KNU နယ်‌မြေမှာစစ်‌ဘေး ‌ရှောင်‌နေ ရပ်စွန့်ခွာသူ‌တွေ မိမိတို့ ရွာကို ပြန်လာကြတဲ့အခါ အကန့်အသတ်နဲ့ မိုင်းရှင်းလင်း‌ပေး‌နေတာ‌တော့ရှိတယ်။ ဒါ‌ပေမဲ့ လုံခြုံ‌ရေးအရ ထားရှိတဲ့ မိုင်း‌တွေကို‌တော့ မရှင်းလင်းရ‌သေးပါဘူး။ ဒီကိစ္စ ‌တော့ နိုင်ငံ‌ရေးဖြစ်‌ပေါ်တိုးတက်မှုနဲ့အညီ နှိုင်းယှဉ်ချိန်ဆရမယ့် လုပ်ငန်းစဉ်‌တွေဖြစ်တယ်။ လူထု‌တွေကို‌တော့ မိုင်း အန္တရာယ်အသိပညာ ‌ပေးတာ လုပ်‌ပေးထားပါတယ်”ဟု ‌ပြောသည်။

NCA သ‌ဘောတူ စာချုပ်လက်မှတ်‌ရေးထိုးပြီးသည့် တိုင်းရင်းသား‌ဒေသများတွင် မိုင်းရှင်းလင်း‌ရေးအတွက် နှစ်ဘက်တပ် များက ‌ဆောင်ရွက်ရန် အတိအလင်းပြဌာန်းထား‌သော်လည်း လက်ရှိတွင် အဆိုပါ နှစ်ဘက် လက်နက် ကိုင်တပ်ဖွဲ့များကြား တွင်မူ မူအားဖြင့်သ‌ဘောတူညီမှုရရှိထားသည့် အ‌ခြေအ‌နေသာရှိ‌နေသည်။ ၎င်းတို့ နှစ်ဦးနှစ်ဘက်အချင်းချင်းကြားတွင် ပြန် လည်ညှိနှိုင်းရန် ဆက်လက်‌ဆောင်ရွက်ရန် လိုအပ်သည့်အတွက် လက်‌တွေ့တွင် အ‌ကောင် အထည်မ‌ဖော်နိုင်ခြင်းဖြစ် သည်ဟု ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအ‌ဝေးသို့ ညီလာခံသို့ တက်‌ရောက်လာသူတချို့ထံမှ သိရသည်။

အ‌ကောင်အထည်‌ပေါ်မလာရခြင်းနှင့်ပတ်သက်ပြီး ‌ဒေါက်တာမင်း‌ဇော်ဦးက ‌ပြောကြားရာတွင် တပ်မ‌တော်ဘက်တွင် ‌မြေ မြုပ်မိုင်းရှင်းလင်း‌ရေးကိစ္စကို စတင်၍လုပ်‌ဆောင်‌စေလိုခြင်း‌ကြောင့် ‌ဆွေး‌နွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင် ဘက် တွင်လည်း မူအားဖြင့် သ‌ဘောတူလက်ခံခဲ့‌သော်လည်း မည်သည့်အချိန်တွင် စတင်လုပ်‌ဆောင်မည်ကို ၎င်းတို့အချင်းချင်း ကြားတွင် ပြန်လည်ညှိနှိုင်းရန်လိုအပ်‌နေ‌သေးသည်အ‌ခြေအ‌နေမျိုးတွင် ရှိ‌နေသည်ဟု ဆိုသည်။
ယင်းမိုင်းရှင်းလင်း‌ရေးကိစ္စသည် အစိုးရတပ်ဘက်နှင့်တိုင်းရင်းသားလက်နက်ကိုင်ဘက်တို့အကြား အ‌ကျေ အလည် ‌ဆွေး‌နွေးညှိနှိုင်းပြီး မပြီးမချင်းခက်ခဲ‌နေဦးမည်ဟု ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်(PNLO ) ဥက္ကဌ ဖြစ်သူခွန်မြင့် ထွန်းက ‌ပြောသည်။

“ကျ‌နော်တို့ PNLO အ‌နေနဲ့ဆိုရင် ပြည်‌ထောင်စုအဆင့် သ‌ဘောတူညီချက်မှာ မိုင်းရှင်းလင်း‌ရေး သ‌ဘောတူညီချက် တချက်ကို ထည့်သွင်းထားပါတယ်။ သို့‌သော် လက်ရှိအ‌နေထားအရ လက်‌တွေ့ကျ မကျကို‌တော့ ကျ‌နော်တို့ပဲ ဆုံးဖြတ်ရ ပါမယ်”ဟု ၎င်းက ‌ပြောသည်။

လက်ရှိ ကျင်းပ‌နေဆဲ ၂၁ရာစုပင်လုံဒုတိယအစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးလျှက်ရှိသည့် ကဏ္ဍများမှ လူမှု‌ရေး ကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုလွှာတွင် ပါရှိသည့် ပြန်လည်‌နေရာချထား‌ရေး၊ ပြန်လည်ထူ ‌ထောင်‌ရေး၊ လူမှု ဖွံ့ဖြိုး ‌ရေးဆိုင်ကိစ္စရပ်များကို ‌ဆွေး‌နွေးရာတွင် လက်နက်ကိုင်ပဋိပက္ခ‌ကြောင့်၊ လူလုပ်နှင့် သဘာဝ‌ဘေးအန္တရာယ် များ‌ကြောင့် ဒုက္ခသည်များနှင့် ‌နေရပ် စွန့်ခွာရသူများကို ခွဲခြားခြင်းမပြုဘဲ နိုင်ငံတကာစံနှုန်းနှင့်အညီ လူ့အခွင့်အ‌ရေးကို ‌လေးစားကာ ရှင်သန်ရပ်တည်နိုင် ‌ရေးနှင့် သွားလိုသည့်‌နေရာများတွင် လူ့ဂုဏ်သိက္ခာနှင့်အညီ ‌ဘေး ကင်းလုံခြုံစွာ အ‌ခြေချ‌နေထိုင်နိုင်ရန်ဆိုသည့် အချက်များပါရှိ ‌သော်လည်း မိုင်းရှင်းလင်း‌ရေးနှင့် ပတ်သက်သည့် အချက်ကိုမူ ယင်းအဆိုပြုလွှာတွင် ထည့်သွင်းထားခြင်းမ‌တွေ့ရ‌ပေ။ လုံခြုံ‌ရေးကဏ္ဍတွင်လည်း တစ်ခုတည်း ‌သောတပ်မ‌တော်ထားရှိ‌ရေး မူကိုသာ ‌ဆွေး‌နွေးသည့်အတွက် အဆိုပါ မိုင်းရှင်း လင်း‌ရေးကိစ္စ မပါဝင်‌ပေ။

ယခုပင်လုံအစည်းအ‌ဝေးတွင်မူ ကဏ္ဍအသီးသီးမှ အချက်‌ပေါင်း ၄၁ ချက်ကို ‌ဆွေး‌နွေး‌နေ ခြင်းဖြစ်ပြီး ပင်လုံ အစည်းအ‌ဝေး ‌နောက်ဆုံး‌နေ့တွင် အဆိုပြုလွှာများမှ အကြံပြု‌ဆွေး‌နွေးချက်၊ ပြင်ဆင်ချက်များကို တက်‌ရောက်လာသူများ၏ သ‌ဘောထားဆန္ဒဖြင့် အတည်ပြုသွားမည်ဖြစ်သည်။