Home သတင်း မင်းလွင်‌တောင် ‌ကျောက်ထုတ်လုပ်ငန်းကိစ္စ နယ်‌မြေခံ ‌ကေအဲန်ယူနှင့် ‌ဒေသခံ‌တွေ့ဆုံ

မင်းလွင်‌တောင် ‌ကျောက်ထုတ်လုပ်ငန်းကိစ္စ နယ်‌မြေခံ ‌ကေအဲန်ယူနှင့် ‌ဒေသခံ‌တွေ့ဆုံ

2000

ဧပြီ ၃ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ မင်းလွင်‌တောင်၌ ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်ပြီး ‌ကျောက်ထုတ်လုပ်ငန်းပြုလုပ်သွားမည့်အ‌ပေါ် ‌ဒေသခံများ၏ ဆန္ဒသ‌ဘောထားကို သိ‌စေရန် ‌ကေအဲန်ယူ သထုံခရိုင်မှ တာဝန်ရှိသူ ‌ခေါင်း‌ဆောင်အချို့နှင့် ‌ဒေသခံတို့ ဧပြီ ၂၉ ရက်‌နေ့က ‌တွေ့ဆုံညှိနှိုင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

‌တွေ့ဆုံပွဲတွင် ‌ကေအဲန်ယူ သထုံခရိုင် ဥက္ကဌ ပဒို ‌စောကိုလင်း ဦး‌ဆောင်သည့်အဖွဲ့က မင်းလွင်‌ဒေသရှိ ‌ကျေးရွာ‌ပေါင်း ၁၄ ရွာမှ ရပ်မိရပ်ဖများအား မင်းလွင်‌တောင်‌ခြေအနီး ထီးညာလူ‌ကျေးရွာ ဘုန်း‌တော်ကြီး ‌ကျောင်း၌ ‌တွေ့ဆုံခဲ့ပြီး ဖြူမင်းထွန်းကုမ္ပဏီလီမိတက် မန်‌နေဂျာ ဦး‌ဇော်လွင်၊ အရပ်ဖက် လူမှုအဖွဲ့အစည်း အချို့တို့လည်း ပါဝင်ကာ စုစု‌ပေါင်း လူ ၁၀ဝ ‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

“အခု ‌တွေ့ဆုံပွဲက ရွာရပ်မိရပ်ဖနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတချို့‌တွေ ပါတာ‌ပေါ့။ လူမှုအဖွဲ့‌တွေက‌တော့ ‌ကျောက် ထုတ်လုပ်ဖို့ လက်မခံကြဘူး။ ဒါ‌ပေမဲ့ ရပ်မိရပ်ဖထဲက တချို့က‌တော့ ‌ကေအဲန်ယူဘက်က တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိရင် လက်ခံသွားမယ့် အ‌နေအထား ရှိတယ်လို့ ဆိုပါတယ်”ဟု ‌တွေ့ဆုံပွဲ တက်‌ရောက်သည့် ‌ကေအဲန်ယူ သထုံခရိုင် ဆက်ဆံ‌ရေးရုံး တာဝန်ခံ ‌စော‌အေးနိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု‌တွေ့ဆုံပွဲတွင် ရပ်မိရပ်ဖနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း အချို့တို့သာ ပါဝင်‌သေးသည့်အတွက် ‌ဒေသခံ ရွာသူရွာသားများ အားလုံးပါဝင်မည့် ‌နောက်ထပ်‌တွေ့ဆုံပွဲတစ်ခု ဆက်လက်ပြုလုပ်သွားရန် ရှိသည်ဟု ၎င်းက ဆက်‌ပြောသည်။

‌တွေ့ဆုံပွဲ၌ ‌ဒေသခံများဘက်မှ မင်းလွင်‌တောင်‌ဒေသရှိ ဝမ်းဘဲအင်းရွာ၊ မင်းလွင်ရွာ၊ ‌ကျောင်းရွာ၊ ပန်းသာ၊ အင်းရွာ၊ အလယ်ရွာ၊ ပိန္နဲ‌တော‌အောက်ရွာနှင့် ပိန္နဲ‌တော အထက်၊ ပုရစ်ခို၊ ထီး‌မော၊ ပအိုဝ်းစု၊ မတ်ချ၊ ဆီဆုံနှင့် အင်‌တော စသည့် ‌ကျေးရွာတို့မှ တာဝန်ရှိသူ ရပ်မိရပ်ဖများ တက်‌ရောက်ခဲ့ကြသည်ဟု ‌တွေ့ဆုံပွဲတက်‌ရောက်‌သော အရပ်ဖက်လူမှုအဖွဲ့အစည်းအချို့၏ အဆိုရ သိရသည်။

မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး ‌ကော်မတီ ဒုဥက္ကဌ ‌နော်သန်းစိန်က “ကျမတို့က လူထု‌တွေ ဆန္ဒအတိုင်း တင်ပြတာ‌ပေါ့။ ဒီ‌တောင်ကို ‌ကျောက်ထုတ်လုပ်ငန်းလုပ်ရင် ကျမတို့ ‌ဒေသခံများ ခံရမှာ ဖြစ်တယ်လို့ ရိုးရိုးသားသားပဲ ကျမတို့အမြင်ကို တင်ပြပါတယ်။ ‌နောက်တစ်ကြိမ် ‌တွေ့ဆုံမယ်ဆိုလည်း ကျမတို့အသံက ‌ဒေသခံ‌တွေရဲ့ အသံ‌တွေပဲ ဖြစ်မှာပါ။ ‌တွေ့ဆုံပွဲ တက်‌ရောက်တဲ့ ရပ်မိရပ်ဖ အားလုံးနီးပါးလည်း ဒီလုပ်ငန်းကို လုပ်ဖို့ သ‌ဘောမတူကြဘူး”ဟု ‌ပြောသည်။

မင်းလွင်‌ဒေသ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး‌ကော်မတီသည် မင်းလွင်‌တောင်၌ ပြုလုပ်မည့် ‌ကျောက်ထုတ်လုပ်ငန်းကို အဓိက ကာကွယ်လှုပ်ရှား‌ပေးသည့် အဖွဲ့ဖြစ်ပြီး အဖွဲ့အား‌ကောင်း‌စေရန် ယခုနှစ် မတ်လ ၂၅ ရက်‌နေ့၌ အသစ်ပြန်လည်ဖွဲ့စည်းသည့် အဖွဲ့ဖြစ်သည်။

မင်းလွင်‌တောင်ကို ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ ဓာတ်သတ္တု စမ်းသပ်တိုင်းတာ‌ရေးနှင့် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့် စီမံကိန်းကို မင်းလွင်‌ဒေသ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး‌ကော်မတီက ‌ကေအဲန်ယူ ဗဟိုသို့ ကြိုးပမ်းတင်ပြချက်‌ကြောင့် ၂၀၁၆ ခုနှစ်၊ ‌မေလအတွင်းက ရပ်ဆိုင်းထားကာ ယခုအချိန်ထိ ဖြစ်သည်။