Home အမြင်သဘောထား ကရင်ဝါရင့်အနုပညာရှင် ဆရာကြီး ‌ကျော်လိုက်သိမ့် ကွယ်လွန်သည့်အ‌ပေါ် ကရင်အနုပညာရှင်အချို့၏ ရင်တွင်းဖြစ် စကားများ

ကရင်ဝါရင့်အနုပညာရှင် ဆရာကြီး ‌ကျော်လိုက်သိမ့် ကွယ်လွန်သည့်အ‌ပေါ် ကရင်အနုပညာရှင်အချို့၏ ရင်တွင်းဖြစ် စကားများ

2971

ဧပြီ ၇ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

နန်းလုံးတင် (ကွယ်လွန်သူ ကရင်ဝါရင့် အနုပညာရှင် ဆရာကြီး ‌ကျော်လိုက်သိမ့်၏ ဇနီး)


သူမရှိ‌တော့‌ပေမယ့် သူချန်ရစ်သွားတဲ့ အနုပညာ ‌တေးသီချင်း‌တွေ ဖြစ်‌စေ၊ စကားဖြစ်‌စေ မိမိလူမျိုးအတွက် အကျိုး‌ကျေးဇူး အများကြီး ရှိမယ်ထင်ပါတယ်။

စဒိုက်‌ကော် (ကရင် အဆို‌တော်)


ဆရာဟာ မိမိရဲ့ ယဉ်‌ကျေးမှုအ‌ပေါ် ဖြစ်‌စေ၊ လူမျိုးအ‌ပေါ် ဖြစ်‌စေ၊ လုပ်‌ဖော်ကိုင်ဘက် တပည့်အ‌ပေါ် ဖြစ်‌စေ သူ့နဲ့ ဝင်လဲလို့ မရပါဘူး။ ဒါ‌ပေမယ့် မတတ်နိုင်ပါဘူး။ ဒီလမ်းကို ကျ‌နော်တို့ လူသားတိုင်း လိုက်သွားရမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူ‌သေ‌ပေမယ့် မ‌သေတဲ့ သူပါ။ အခု ဆရာမရှိ‌တော့‌ပေမယ့် (ကရင်) အနုပညာ ရှင်‌တွေ အားလုံး သူလိုပဲ မိမိအမျိုးသားအတွက် ဖြစ်ဖြစ်၊ ယဉ်‌ကျေးမှုဖြစ်ဖြစ် ကြိုးပမ်းလုပ်‌ဆောင်ကြဖို့ ‌ပြောချင်ပါတယ်။ ဆရာဟာ မိမိလူမျိုးအတွက် ‌ကောင်းတဲ့ အလုပ်ကို လုပ်တဲ့အတွက် ဆရာ ‌ကောင်းရာသုဂတိ လားပါ‌စေ။

‌ကျော့လွန်‌ခေး (ကရင်သရုပ်‌ဆောင် အနုပညာရှင်)


ဆရာကို ဒီထက် အသက်ရှည်‌စေချင်ပါတယ်။ သူဟာ ရပ်‌ကျေးရွာ‌ကျေးနဲ့ မိမိလူမျိုးအ‌ပေါ် ‌ကောင်းမြတ်တဲ့ သူတစ်ဦးပါ။ အရင်က သူနဲ့ ‌ခေတ်ပြိုင် (ကရင်ဝါရင့်အနုပညာရှင်) ဆရာ‌ကျော်လင်း၊ ‌နောက် သူနဲ့‌ပေါ့။ ဆရာ‌ကျော်လင်း မရှိ‌တော့တဲ့အခါ သူ့ကိုပဲ အားကိုး ရတယ်။ သူအသက်ရှည်‌သေးရင် ကျ‌နော်တို့ကို အများကြီး အကျိုးပြုဦးမယ် ဖြစ်ပါတယ်။ အခုလို သူမရှိ‌တော့ ကျ‌နော်တို့ စိတ်အားငယ်မိပါတယ်။ ဘာဖြစ်လဲဆိုရင် သူက ဘယ်သွားသွား ပူစရာမရှိဘူး။ သူ့‌နောက်ကို သီချင်းဆို လိုက်တာဖြစ်ဖြစ်၊ ဇာတ်ကလိုက်တာ ဖြစ်ဖြစ် သွားရင် အရမ်းအဆင်‌ပြေပါတယ်။ သူ့ကို သိတဲ့ ပရိဿတ်က တအားများတယ်။ သူ့ကို နှုတ်ဆက်ကြတယ်။ သူ့လို ‌ကျော်ကြားတဲ့ အနုပညာရှင် ဆုံးရှုံးသွားတာ‌တော့ အရမ်းကို နှ‌မျောတသ မိပါတယ်။

ထီ့လ‌မောက် (ကရင်သရုပ်‌ဆောင် မင်းသား)


ဆရာကို အထင်ကြီး‌လေးစားလဲဆိုတာ ‌ပြောစရာ‌တောင် မရှိ‌တော့ပါဘူး။ ဘာလို့လဲဆို‌တော့ ကျ‌နော် တ‌ယောက်တည်းသာမက ကရင်ပြည်နယ် ကရင်လူမျိုး‌တွေအပြင် အခြားလူမျိုး‌တွေကပါ အထင်ကြီး ‌လေးစားကြတယ်။ (ဆရာ မရှိ‌တော့‌ပေမယ့်) ဆရာရဲ့ ဂုဏ်‌ကျေးဇူးကိုလည်း မ‌မေ့ပါဘူး။ ပြည်တွင်း ပြည်ပက လူ‌တွေလည်း သူများ‌တွေ ‌ဖေ့စ်ဘွတ်ခ် ‌ပေါ်မှာတင်တဲ့အတွက်‌ကြောင့် ဆရာရဲ့နာ‌ရေးကို ကြားသိကြမှာပါ။ တချို့ကလည်း ဆရာ့ရဲ့‌နောက်ဆုံးခရီးကို လိုက်ပို့ချင်‌ပေမယ့် ပြန်မ‌ရောက်နိုင်ကြဘူး။

ကရင်လူူမျိုး‌တွေ စည်းလုံးညီညွတ်ဖို့ နှစ်‌ပေါင်းများစွာ ဆရာကြိုးစားခဲ့တယ်။ အခု‌တော့ သူ့ရဲ့အသက်ပါ ‌ပျောက်ခဲ့ရပြီ။ ဆရာ မရှိ‌တော့‌ပေမယ့် ဆရာရဲ့‌မျှော်လင့်လိုလားချက်အတိုင်း ‌ရှေ့ဆက်ပြီး‌တော့ ကြိုးစား လုပ်‌ဆောင်ကြပါ။ ဆရာ့ရဲ့ ကြိုးစားမှု၊ ဆရာ့ရဲ့ စကား‌တွေကို ပြည်တွင်းဖြစ်‌စေ ပြည်ပဖြစ်‌စေ လူငယ်ဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် အားလုံးကို ‌ပြောချင်တာက သူ့ရဲ့ ဦး‌ဆောင်လမ်းပြမှု၊ ‌လျှောက်ထားတဲ့လမ်း၊ အမှာစကား‌တွေ၊ အလုပ်အကိုင်‌တွေကို လိုက်လုပ်ကြပါ၊ မ‌ပေး‌ပျောက်ပါနဲ့။ အနုပညာသမားဖြစ်‌စေ၊ ကရင်လူမျိုးဖြစ်‌စေ၊ ကြီးပြင်းလာမယ့် မျိုးဆက်သစ်‌တွေဖြစ်‌စေ၊ ပြည်တွင်း ပြည်ပဖြစ်‌စေ ညီညီညွတ်ညွတ်‌နေကြပါ။ ဆရာ့ရဲ့ ရည်ရွယ်ချက်က တစ်ခုပဲရှိတယ်။ ကရင်လူမျိုး‌တွေကို စည်းစည်းလုံးလုံး‌နေ‌စေချင်တာ၊ တိုးတက်‌စေချင်တာ ဒီနှစ်ချက်ပဲ။