ဗိုလ်မှူး စောဆာမင်း ( စစ်ဦးစီးမှူး ဒုတိယတန်း၊ ကေအဲန်ယူ ကွန်ဂရက် လေ့လာသူ)
ပထမဦးဆုံး မိခင်အစည်းအရုံးကို အများကြီး ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ ကရင်အမျိုးသား တော်လှန်ရေး က နှစ်ရှည်လ များပြီဖြစ်တဲ့အတွက် အခုချိန်မှာ မြင်တာက အဲန်စီအေ လက်မှတ်ထိုးပြီး ကျနော်တို့ ဒီကေဘီအေ အဖွဲ့အစည်းက မိခင်အစည်းအရုံးက နိုင်ငံရေးဦးဆောင်မှုပေးတဲ့အတွက် ကျနော် အများကြီး ဝမ်းသာတယ်။ ကျနော်တို့ ကရင်တစ်မျိုးသားလုံး အခွင့်အရေး တန်းတူရကြပါစေ။ မျှော်လင့်တောင်းတချက်က အဲဒါပါပဲ။
ခေါင်းဆောင်ကတော့ ဘယ်လိုပြောရမလဲ။ အမျိုးသားအတွက် ပေးဆပ်မှုရှိတဲ့ခေါင်းဆောင်၊ အမျိုးသားအတွက် ရဲရဲတင်းတင်း ရပ်တည်ပေးတဲ့လူ၊ စစ်မှန်တဲ့ စိတ်ရင်းစေတနာအပြည့်နဲ့ ပေးဆပ်တဲ့လူ၊ ကျနော်တို့ ကရင်အမျိုးသားရှေ့ရေးအတွက် အမြော် အမြင်ရှိတဲ့လူ အဲလိုလူမျိုးကို မျှော်လင့်ပါတယ်။
အခုကတော့ ကျနော်တို့ကတော့ နိုင်ငံရေးလမ်းကြောင်းကို သွားနေပါပြီ။ ဒါကြောင့် နိုင်ငံရေးလမ်းကြောင်းကို သွားနေတဲ့ တာဝန်ရှိသူတွေ ကြိုးစားအားထုတ်မှုကို ကျနော်တို့အနေနဲ့ အားပေးအားမြှောက်တယ်။ အခု ကျနော်တို့ နိုင်ငံရေးလမ်းကြောင်း ထဲ ခြေလှမ်း လှမ်းနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့လေ။
စောကျော်ဝင်း (ကွန်ဂရက်လေ့လာသူ၊ Western Australia – KNU အမြဲတမ်းကိုယ်စားလှယ်)
အခုလက်ရှိ ကျနော်တို့ ၁၆ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်အနေအထားအရ အခမ်းအနားအစီအစဉ်အရ ဆက်လက်ပြီး တော့ ဆွေးနွေးရတဲ့အပေါ်မှာ အဲဒီအချက်အလက်တွေဟာ တော်တော်လေးကို အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ KNU ဟာ ရေရှည်မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုအနေအထားတွေ အများကြီးတွေ့ကြုံရမယ်။ အခု ဖိတ်ကြားထားတဲ့ ကိုယ်စားလှယ်တွေ ကလွဲလို့ နိုင်ငံတကာနဲ့ ပြည်တွင်းကတော့ မဲပေးပိုင်ခွင့်မရှိဘူး။ လေ့လာသူအဖြစ် သတ်မှတ်ထားတဲ့အတွက် ကျနော်ကတော့ KNU အမြဲတမ်းကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အများကြီး စိတ်မကောင်းဖြစ်ရတယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ကျနော်တို့ကို ကွန်ဂရက်မှာလာရောက်ပြီး၊ လေ့လာပြီး နားထောင်ရမယ့်အဆင့်ဆိုရင် ကရင်တစ် မျိုးသားလုံးကို ကိုယ်စားပြုတဲ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဟာ လက်ရှိအနေအထားအရက ကရင်တစ်မျိုးသားလုံး ကို ကိုယ်စားမပြုဘဲ အကန့်အသတ်နဲ့လုပ်တဲ့ အစည်းအဝေးတစ်ခုလို့ပဲ ကျနော်ခံယူထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ရပ်တည်လာတာက အဖွဲ့အစည်းတစ်ခုရဲ့ အမာခံအခြေခံဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကျနော်တို့သည် ကေအဲန်ယူ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ မဲပေးပိုင်ခွင့်ရှိတယ်။ ဆွေးနွေးပိုင်ခွင့်ရှိတယ်။ ဝေဖန်ပိုင်ခွင့်၊ ခံစားပိုင်ခွင့်ရှိတယ် ဆိုတဲ့ဟာ က တရားဝင် ပြဌာန်းထားပါတယ်။
တကယ်တော့ ကျနော်တို့က လက်ရှိအခြေအနေအရ ကိုယ်စားလှယ်တစ်ယောက် ဖြစ်ပေမယ့်လည်း လေ့လာသူအဖြစ်၊ အထူး သဖြင့် နိုင်ငံတကာမှာရောက်နေတဲ့ KNU အမြဲတမ်းကိုယ်စားလှယ်ထဲကမှ မဲပေးပိုင်ခွင့်မရှိဘူးဆိုတော့ သာမန်ပြည်တွင်းပြည်ပ အဖွဲ့အစည်းကလာတဲ့သူတွေဆို သူတို့က လေ့လာသူအဖြစ်နဲ့ဆိုရင်တော့ ဒါ ပြောစရာတော့ မလိုပါဘူး။ အမှန်တကယ် ကျနော် တို့ အမြဲတမ်းကိုယ်စားလှယ်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဲပေးခွင့်ပေးပါဆိုပြီးတော့လည်း အခုအချိန်ထိတော့ မရသေးပါ ဘူး။
အခုကွန်ဂရက် ၃ပတ်ရောက်တဲ့ကာလမှာ အစည်းအဝေးအစီအစဉ်အရ တစ်ဆင့်ပြီးတစ်ဆင့် သွားတဲ့နေရာမှာ အလုပ်အမှု ဆောင်တွေရဲ့ဆွေးနွေးမှု၊ စစ်ဖက်ဆိုင်ရာ အစီရင်ခံစာ တင်ပြဆွေးနွေးမှုတွေအပေါ် ကျနော်မြင်တာက ဗဟိုကော်မတီခေါင်း ဆောင်တွေက ဆွေးနွေးတဲ့နေရာမှာ မူနဲ့ဘောင်နဲ့ မသွားဘဲနဲ့ ပုဂ္ဂိုလ်ရေးဆန်သွားတဲ့သဘောမျိုးတွေ တွေ့ရတယ်။ အဲဒီလို ဆွေး နွေးလိုက်ခြင်းအားဖြင့် အပေါင်းလက္ခဏာမဆောင်ဘဲ အနှုတ်လက္ခဏာဆောင်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ ကောင်း တဲ့လက္ခဏာတွေလည်း ရှိပါတယ်။ ဒီခရိုင် ၇ခု၊ တပ်မဟာ ၇ခုကလာတဲ့ လူငယ်ကိုယ်စားလှယ်တွေကလည်းပဲ ပွင့်ပွင့်လင်းလင်း နဲ့ ဆွေးနွေးတာကို ကျနော် တွေ့ရတယ်။ ဒါပေမယ့် နောက်ဆုံးပြန်သုံးသပ်ကြည့်ရတာက ကွန်ဂရက်အစီအစဉ် တစ်ဝက်တော့ ကျော်သွားပြီပေါ့ဗျာ။ အဲဒီတစ်ဝက်တာကာလမှာ အကောင်းနဲ့အဆိုးက လက်ရှိကတော့ ဒွန်တွဲနေတယ်။ နိုင်ငံရေးအမြင်အရ ဆို ရင်တော့ အားမရဘူး။
ဘာဖြစ်လို့လဲဆိုတော့ ရှေ့ဆက်ရင်ဆိုင်ရမယ့် အနေအထားနဲ့ ကျနော်တို့ဆက်လုပ်ရမယ့်တာဝန်တွေက အများကြီးကို ရှိလာ လိမ့်မယ်။ စိတ်တူကိုယ်တူနဲ့ သဘောတူဆုံးဖြတ်ချက်နဲ့ သွားရမယ့်အစား အတိုက်အခံ၊ အငြင်းအခုန်တွေနဲ့ ပြဿနာပေါင်းစုံနဲ့ အပြန်အလှန် ဆွေးနွေးမှုအပေါ်မှာ အခြေခံပြီးမှ သွားရတဲ့ပုံစံမျိုးဖြစ်တယ်။ အဲဒီတော့ အမြင်ချင်းမတူတဲ့အခါမှာ မီးများမီးနိုင်၊ ရေများရေနိုင် ပုံစံမျိုးသွားနေရတဲ့အခါကျတော့ ရေရှည် အပေါင်းလက္ခဏာအနေနဲ့ ကျနော်ကတော့ မမြင်မိဘူးလေ။ ဒါပေမယ့် ဒါက လက်ရှိအနေအထားပါ။ ဆက်သွားရမယ့် အနေအထားနဲ့ ကွန်ဂရက်ပြီးမြောက်သွားတဲ့အထိကတော့ စောင့်မျှော်ကြည့်ရ အုံးမှာပေါ့လေ။
ကျနော့်တစ်ယောက်အနေနဲ့ ဒီကွန်ဂရက်အပေါ်မှာ ရလဒ်ဖြစ်စေချင်တာက ကျနော်တို့ခေါင်းဆောင် စောဘဦးကြီး ချမှတ်တဲ့မူအ တိုင်း သွားကြတယ်လို့ အားလုံးကပြောပြီးတော့ ထွက်သွားကြတာပဲ။ နောက်ဆုံး အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေး ရေး ဆိုတဲ့နေရာမှာလည်းပဲ ဗဟိုခေါင်းဆောင်တွေရဲ့သဘောထားတွေ နည်းနည်းလေးကွဲသွားတာကိုတော့ ဘေးကနေ ကျနော် တို့ မြင်မိတယ်လေ။ ဒီလိုပဲ ဆက်သွားမယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ တိုင်းရင်းသားအရေး တစ်နိုင်ငံလုံးအရေး ဖက်ဒရယ်ပြည် ထောင်စု ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရေရှည်ဆက်သွားရမယ့်နေရာမှာ အခက်အခဲတွေ အများကြီး ဖြစ်လာနိုင်တယ်လို့ ကျနော်က တော့ အဲဒီလိုပဲ သုံးသပ်မိပါတယ်။
စောအယ်ကလူ(KRC ကရင်ဒုက္ခသည်ကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ကွန်ဂရက်လေ့လာသူ)
အခုအချိန်က အရေးကြီးတဲ့အချိန်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့လျှောက် ဆက်ပြီးသွားရမယ့် KNU ရဲ့ နိုင်ငံရေး အခင်း အကျင်းအပေါ်မှာ ဒီကွန်ဂရက်က အဆုံးအဖြတ်ပေးမှာဖြစ်တယ်။ အဲဒါကြောင့် ဒီအစည်းအဝေးမှာ ထွက်လာတဲ့အဖြေကို လူ တိုင်းက နားထောင်ပြီးတော့ စောင့်မျှော်နေတယ်။ ကမ္ဘာက နားထောင်နေသလို မြန်မာအစိုးရကလည်း ဒီသတင်းကို နားထောင် နေတယ်။ နောက်ပြီးတော့ ကရင်လူထုကလည်း ဒီကွန်ဂရက်အပေါ်မှာ တော်တော်လေး အာရုံစိုက်နေကြတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ ဒီကွန်ဂရက်က အရေးကြီးတယ်လို့ ကျနော်တော့မြင်ပါတယ်။
လက်ရှိအချိန်အထိ ကွန်ဂရက်အနေအထားက အားလုံး လိုရင်းကိုပဲ တင်ပြကြတာများတယ်။ နောက်တစ်ခုက ဒီအစည်းအဝေး အတွင်း ပြောကြဆိုကြတဲ့အထဲမှာ ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း ဖြတ်သန်းမှုတွေကို တင်ပြကြပြီး ပြန်လည်ဆွေးနွေးကြတဲ့ အပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်က ကိုယ့်အားနည်းချက်၊ အားသာချက်က အဲဒီမှာ ပေါ်လွင်တယ်။ ဆွေးနွေးချက်တွေ အကုန်လုံးကို ခြုံကြည့်လိုက်ရင် အပြုသဘောဆောင်တာက များတယ်။ ဒီတော့ ရှေ့လျှောက် ဘယ်လိုစည်းစည်းလုံးလုံးနဲ့ သွား ကြမလဲဆိုတာ သူတို့သဘောထားက ပေါ်လွင်တယ်။ အစည်းအဝေးသဘောသဘာဝအရ တင်ပြချက်ဆွေးနွေးချက်တွေမှာ အစီ ရင်ခံစာသဘောမျိုးလာရင် ပိုကောင်းတယ်။ အဲဒါမှ ကိုယ်စားလှယ်တွေက ဒါကိုကြည့်ပြီးတော့ သုံးသပ်လို့ရမယ်။ အခုကတော့ ဖြစ်လာတဲ့အခြေအနေပေါ်မှာ ခန့်မှန်းပြောဆိုသုံးသပ်နေကြရတယ်လို့ပဲ ကျနော်ကတော့ သုံးသပ်မိတယ်။
ဒါပေမယ့် ဆွေးနွေးမှုအားကတော့ ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ခရိုင်ကိုယ်စားလှယ်တွေရော၊ ဗဟိုကိုယ်စား လှယ်တွေရော အပြန်အလှန် ဆွေးနွေးကြတဲ့အပေါ်မှာ ဗဟိုကိုယ်စားလှယ်တွေက ဆွေးနွေးချက်တွေအပေါ်မှာ သေသေချာချာ ကို ထောက်ပြပြောဆိုကြတယ်။ ဒီလိုပြောဆိုကြတဲ့အခါမှာ စည်းလုံးမှုအသွင်လေးတွေဆောင်တာတော့ တွေ့ရတယ်။ အပြန်အ လှန် ပြောဆိုဆွေးနွေးချက်တွေကို ကြည့်ခြင်းအားဖြင့် အဲဒီလို အားသာချက်လေးတွေတော့ တွေ့ရတယ်။ အဲဒီတော့ တစ်ခုပြော ချင်တာက အစည်းအဝေးကနေ စီစဉ်ရေးဆွဲထားတဲ့ ဆွေးနွေးရမယ့် မူဘောင်အတိုင်းပဲသွားတာ ကောင်းပါတယ်။
တစ်ချို့ဆွေးနွေးမှုတွေက ဘောင်ထွက်တာများတော့ အစည်းအဝေးက မကြာသင့်ဘဲ ကြာနေရတာမျိုးတွေတော့ တွေ့ရတယ်။ ဆွေးနွေးမှုတွေကိုကြည့်ခြင်းအားဖြင့် အခုအချိန်က တစ်ဝက်ကျော်ပြီးလို့တော့ ပြောလို့ရတယ်။ အဲဒီတစ်ဝက်ကျော်တဲ့အပေါ်မှာ ရလဒ်ကတော့ လူတိုင်းလိုချင်တာက စည်းလုံးမှုအားကောင်းလာဖို့အတွက်ဖြစ်တယ်။ ဒီကွန်ဂရက်ပြီးဆုံးသွားတဲ့အခါမှာ လူထုအ တွက် ဒီထက်ပိုပြီး ဦးဆောင်နိုင်မယ်၊ လူထုနဲ့ထိတွေ့ပြီးတော့ အဖွဲ့အစည်းရဲ့သဘောထားကို ပိုပြီးချပြလာနိုင်ရင် ပိုပြီး အား ကောင်းလာမယ်၊ စည်းလုံးလာဖို့ကိုလည်း မျှော်လင့်တယ်။
နော်ထူးခုဆာ့စေး (အဂင်္လန်နိုင်ငံမှ လေ့လာသူအဖြစ် တက်ရောက်သူ)
ဒီလို အစည်းအဝေးကြီးက ကျမတို့ ကရင်အမျိုးသားတွေက ကျမတို့ကံကြမ္မာကို ကျမတို့ ဖန်တီးနိုင်ဖို့ အောင်မြင်မှုပန်းတိုင်အ တွက် ရှေ့ဆက် ၄နှစ်အတွက် သွားနိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျမအတွက် အရေးကြီးတဲ့အထဲမှာ တစ်ခုဖြစ်တယ်ပေါ့နော်။ ပြီးတော့ ကျမ ၄လအထိ ပြန်လာစောင့်ပြီးမှ တက်ရောက်ခွင့်ရတယ်ပေါ့နော်။ ဒါကြောင့် ကျမ အင်မတန်မှ လေးစားတန်ဘိုးထား ပါတယ်။ ဒီကွန်ဂရက်အပေါ်မှာ ကျမ မျှော်လင့်တာကတော့ ကျမတို့ရဲ့ အနာဂတ်လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း ဆွေးနွေး ကြမယ်။ ကျမတို့ရဲ့ လိုလားတောင်းတတဲ့အရာတွေကို တက်ရောက်လာကြတဲ့ ကွန်ဂရက်ကိုယ်စားလှယ်တွေအားလုံး ပွင့်ပွင့် လင်းလင်းနဲ့ အတူတကွ ခင်းကျင်းကြဖို့၊ ရှေ့ဆက် ၄နှစ်အတွက် ကျမတို့ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအတွက် ဖြစ်နိုင် ရင် ကျမတို့ တစိတ်ထဲတဝမ်းထဲ ရှိဖို့ပေါ့နော်။ သတင်းကောင်းတွေနဲ့ရှိဖို့ ကျမအနေနဲ့ မျှော်လင့်ပါတယ်။
အခုတက်လာမယ့် ခေါင်းဆောင်သစ်တဖွဲ့ကို မျှော်လင့်တာကတော့ စိတ်ဖြောင့်မှန်တဲ့လူတွေဖြစ်ဖို့၊ အမြော်အမြင်ရှိတဲ့လူဖြစ်ဖို့၊ သဘောထားကျယ်ပြန့်မှုရှိဖို့၊ ကျမတို့ ကရင်အမျိုးသားအစည်းအရုံးဆိုတဲ့ နာမည်နဲ့အညီ ပြည်တွင်းပြည်ပမှာရှိတဲ့ ကျမတို့ ကရင် အမျိုးသားတွေရဲ့ ဆက်ဆံရေးကို မခုတ်ဖြတ်ပစ်စေဖို့ လိုတယ်။ ကရင်အမျိုးသားအစည်းအရုံးဖြစ်ပြီးတော့ တပ်မဟာ ၇ခုထဲပဲ သတ်မှတ်မယ်ဆိုလို့ရှိရင် ကရင်အမျိုးသားအစည်းအရုံးက မသင့်တော်၊ မမှန်ကန်ဘူးပေါ့နော်။ တပ်မဟာ ၇ခုထဲ သတ်မှတ်မယ် ဆိုရင် အခြားဒေသမှာရှိတဲ့ ကရင်အမျိုးသားတွေအတွက် အင်မတန်မှ ထိခိုက်နစ်နာပါတယ်။
ဗဟိုအမြဲတမ်းကော်မတီဝင်တွေရဲ့ တင်ပြချက်ဖြစ်စေ၊ နိုင်ငံရေးဖော်ဆောင်မှု အစီရင်ခံစာတင်ပြမှုဖြစ်စေ၊ ကောင်းတဲ့ အစီရင်ခံ တင်ပြမှုရှိသလို ဘယ်အစည်းအဝေးပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ အစီရင်ခံတင်ပြမှုသက်သက်ပဲ ရှိတယ်ဆို မရှိပါဘူး။ မကောင်းတဲ့ တင်ပြမှုသက်သက်လည်း မရှိပါဘူး။ သို့သော်လည်း စိုးရိမ်တာက ကျမတို့ ကရင်တစ်မျိုးသားလုံးရဲ့ တည်မြဲမှု၊ ကရင်တစ်မျိုး သားလုံးရဲ့လုံခြုံမှု၊ ဘာဖြစ်လို့လဲဆိုတော့ အခုကျမတို့ ခေါင်းဆောင်တွေ အဲန်စီအေ သွားလုပ်တာက ဘဝတူ ကျမတို့ ညီနောင် တိုင်းရင်းသားတွေကတော့ အကုန်လုံး မပါဝင်ခဲ့ဘူး။
ကျမတို့ ကရင်လူမျိုးက ကြိုတင်ပြင်ဆင်ပြီးတော့ ရှေ့ကို သွားနေပါပြီ။ သို့သော် ကျမတို့ တစ်ဖွဲ့ထဲသွားမယ်ဆိုရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ရေးလို့ မခေါ်ဆိုနိုင်ပါဘူး။ အဖွဲ့အနည်းငယ်ရဲ့ အပစ်ခတ်ရပ်စဲရေးပဲ ဖြစ်ပါတယ်။ ဒါတွေဟာ ရန်သူ့ထဲဝင်သွားတဲ့ စိုးရိမ်ှုတစ်ခုဖြစ်ပါတယ်။ ပြီးတော့ လေးနှစ်အတွင်း အစီရင်ခံစာထဲမှာလည်းပဲ မြန်မာအစိုးရအဆက်ဆက်က အသုံးပြုနေတဲ့ ကျမတို့ တိုင်းရင်းသားအချင်းချင်းကြားမှာ ခွဲခြားဆက်ဆံပြီး အနိုင်ကျင့်တဲ့ ရန်သူ့ရဲ့ အစီအစဉ်ထဲမှာ ကျမတို့ ဝင်ရောက်သွား တယ်။ ဒါကြောင့် ကျမတို့ ရန်သူ့လူ ဖြစ်သွားလိမ့်မယ်။ ဒီကိစ္စက ကျမတို့ကရင်တစ်မျိုးသားလုံးအတွက် အပါအဝင် ကျမတို့နဲ့အ တူ တိုက်ပွဲဝင်ကြတဲ့ ဘဝတူ ညီအစ်ကိုတိုင်းရင်းသားတွေအတွက် အင်မတန် စိုးရိမ်ရတယ်။ အဲဒါ ကျမအတွက် စိတ်မကောင်း စရာတစ်ခု ဖြစ်တယ်။