Home သတင်း မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး‌ကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းမည်

မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး‌ကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းမည်

1605

မတ်လ ၇ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

မွန်ပြည်နယ် သထုံမြို့နယ်ရှိ မင်းလွင်‌တောင် ကာကွယ်ထိန်းသိမ်းရန် ဖွဲ့စည်းထားသည့် မင်းလွင်‌ဒေသ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး‌ကော်မတီကို ယခု မတ်လအတွင်း၌ အသစ်ပြန်လည်ဖွဲ့စည်းမည်ဟု လက်ရှိ ယင်း‌ကော်မတီ၏ ဒု-ဥက္ကဌ ‌နော်သန်းစိန်က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုသည်။

“ကျမတို့ ‌ကော်မတီကို လတ်တ‌လော ရှိ‌နေတဲ့ လူဦး‌ရေထက် ပိုများတဲ့ ‌ကော်မတီတစ်ရပ် ပြန်လည်ဖွဲ့စည်းသွား ဖို့ ရှိပါတယ်။ အထူးသဖြင့် ကျမတို့‌ဒေသက လူပုဂ္ဂိုလ်‌တွေနဲ့ ဖွဲ့သွားမှာ‌ပေါ့‌နော်။ ဒီလိုဖွဲ့တယ်ဆိုတာလည်း ကျမ တို့‌ကော်မတီ ပိုအား‌ကောင်းလာ‌အောင် လုပ်ခြင်းဖြစ်ပါတယ်”ဟု ၎င်းက ‌ပြောသည်။

မင်းလွင်‌တောင်ကို ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ ဓာတ်သတ္တု စမ်းသပ်တိုင်းတာ‌ရေးနှင့် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့် စီမံကိန်းကို ၂၀၁၆ ခုနှစ်၊ ‌မေလအတွင်းက ရပ်ဆိုင်းထားပြီဖြစ်‌သော်လည်း ကုမ္ပဏီသည် ယခုအချိန်အထိ လုပ်ငန်းသုံးပစ္စည်းများ ပြန်လည်ရုပ်သိမ်းခြင်း မရှိ‌သေးသည့်အတွက် လုပ်ငန်းပြန်လည် စတင် မည်ကို ‌ဒေသခံများ စိုးရိမ်‌နေကြဆဲဖြစ်သည်ဟု ‌နော်သန်းစိန်က ဆိုသည်။

ပြန်လည်ဖွဲ့စည်းသွားမည့် မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး‌ကော်မတီသည် မင်းလွင်‌တောင်တွင် ‌ကျောက်ထုတ်လုပ်ငန်းကို ကုမ္ပဏီက လုပ်ကိုင်‌နေသည့်အ‌ပေါ် ‌ဒေသခံများဘက်မှ ရပ်တည်ကာကွယ်ခဲ့မှု‌ကြောင့် လုပ်ငန်းရပ်ဆိုင်းရခြင်းအထိ အဓိက ‌ဆောင်ရွက်‌ပေးခဲ့သည့် ‌ကော်မတီဖြစ်သည်။

မင်းလွင်‌ဒေသခံ တစ်ဦးဖြစ်သူ ‌နော်တ‌ဘော‌နောက “‌ကော်မတီကို ကျမတို့‌ဒေသက လူ‌တွေနဲ့ပဲ ပြန်ဖွဲ့မယ်လို့ ဒီလိုကြားရ‌တော့ ‌ဒေသခံအ‌နေနဲ့ ဝမ်းသာတယ်။ ဒါက လုပ်ငန်းလုပ်‌ဆောင်တဲ့အခါမှာ အပြန်အလှန် ဆက်သွယ် ရ ပိုလွယ်ကူ‌စေမယ်လို့ မြင်တယ်။ လက်ရှိ ‌ကော်မတီထဲမှာပါတဲ့ ‌ဒေသခံ မဟုတ်တဲ့ တခြား‌ဒေသက ပုဂ္ဂိုလ်‌တွေ ကိုလည်း ကျမတို့‌ဒေသခံက အမြဲအမှတ်ရ‌နေမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး‌ကော်မတီကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဧပြီ ၁၁ ရက်‌နေ့၌ မွန်ပြည်နယ်၊ သထုံမြို့ မြသပိတ်‌တောင်‌ခြေရှိ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရား‌ကျောင်း၌ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့ရှိ လူမှု‌ရေးလိုက်လံ‌ဆောင်ရွက်‌သော ပုဂ္ဂိုလ်များ၊ သထုံမြို့နယ် ကရင်စာ‌ပေနှင့် ယဉ် ‌ကျေးမှု‌ကော်မတီနှင့် မင်းလွင်‌ဒေသခံအများစုဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဥက္ကဋ္ဌအဖြစ် ‌စောစံတင်၊ ဒု-ဥက္ကဋ္ဌ ‌နောသန်းစိန်၊ အတွင်း‌ရေးမှူး ‌နော်က‌ပေါ်‌စေး၊ တွဲဘက်အတွင်း ‌ရေးမှူး ‌စောဖားတာ အပါအဝင် အဖွဲ့ဝင် စုစု‌ပေါင်း ၂၃ဦး ရှိသည်ဟု ယင်း‌ကော်မတီတာဝန်ရှိသူများ၏ ‌ပြောပြ ချက်အရ သိရသည်။