Home သတင်း ‌ရော်ဘာလုပ်ငန်း ဥပ‌ဒေတစ်ရပ်ဖြစ်‌ပေါ်လာရန် လိုအပ်‌ကြောင်း ကရင်ပြည်နယ် လယ်/ဆည် ဝန်ကြီး‌ပြော

‌ရော်ဘာလုပ်ငန်း ဥပ‌ဒေတစ်ရပ်ဖြစ်‌ပေါ်လာရန် လိုအပ်‌ကြောင်း ကရင်ပြည်နယ် လယ်/ဆည် ဝန်ကြီး‌ပြော

2379

‌ဖေ‌ဖော်ဝါရီ ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံရှိ ‌ရော်ဘာစိုက်‌တောင်သူများနှင့် ‌ရော်ဘာလုပ်ငန်းရှင်များ၏ ‌ရော်ဘာ ကဏ္ဍဖွံဖြိုးတိုးတက်‌ရေးအတွက် ‌ရော်ဘာလုပ်ငန်း ဥပ‌ဒေ တစ်ရပ်ဖြစ်‌ပေါ်လာဖို့လိုအပ်‌ကြောင်း ကရင်ပြည်နယ် စိုက်ပျိုး‌ရေး ‌မွေးမြူ‌ရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန ဝန်ကြီး ‌စောမြင့်ဦးက ‌ပြောဆိုသည်။

ကရင်ပြည်နယ်စိုက်ပျိုး‌ရေးဦးစီးဌာန တာဝန်ရှိသူများဦး‌ဆောင်ပြီး ‌ဖေ‌ဖော်ဝါရီ ၁၅ ရက်‌နေ့က ဖားအံမြို့ရှိ သီရိ ဖားအံဟို တယ်တွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ကျင်းပသည့် ‌ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ‌ရော်ဘာ လုပ်ငန်း ဥပ‌ဒေ ကြမ်းဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲ အခမ်းအနားတွင်ဝန်ကြီးက ယခုလို ထည့်သွင်း‌ပြော ဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “ကျ‌နော်တို့က ‌ဒေသတွင်းက‌နေ ကုန်ကြမ်း‌ရောင်းတဲ့အဆင့်မှာပဲ ကျန်‌နေ‌သေးတယ်။ ဒါ‌ကြောင့် ‌ဒေသနဲ့ကိုက် ညီပြီး ထွက်နှုန်း‌ကောင်းတဲ့မျိုးသစ်‌တွေ စိုက်ပျိုးထုတ်လုပ်တာ၊ သု‌တေသနလုပ်တာ စည်းကမ်း တကျ စံချိန်စံညွှန်းထားပြီး ‌ရောင်းချတာ၊ တင်ပို့တာ‌တွေ စနစ်တကျ ဖြစ်လာဖို့ ဥပ‌ဒေ တစ်ရပ်ရှိသင့်လာပါတယ်”ဟု ‌ပြောသည်။

ထို့အပြင် ပညာရှင်များ၊ တာဝန်ရှိသူများမှ ‌ရော်ဘာနှင့်သက်ဆိုင်သည့် ဥပ‌ဒေမူကြမ်း တစ်ခု‌ရေးဆွဲကာ ယင်း မူကြမ်းကို ပြည်သူ့ကိုယ်စားလှယ်များမှ လွှတ်‌တော်အသီးသီးတွင် တင်ပြ‌ဆွေး‌နွေးအတည်ပြုပြီး နည်းဥပ‌ဒေ များဆက်လက်‌ရေးဆွဲကာ ‌ရော်ဘာကဏ္ဍ‌ရေရှည်ရပ်တည်နိုင်ရး ကြိုးစားလုပ်‌ဆောင်‌စေချင်‌ကြောင်းလည်း ဝန်ကြီးက ယင်းအခမ်းအနားတွင် ‌ပြောဆိုသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲကို စိုက်ပျိုး‌ရေးဦးစီးဌာန (ရုံးချုပ်) စက်မှုသီးနှံ ပညာ‌ပေး‌ရေးဌာန၊ ‌ရော်ဘာကဏ္ဍ ကျွမ်းကျင် ပညာရှင်များ၊ မြန်မာနိုင်ငံ စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ Care Myanmar ‌ရော်ဘာ ထုတ်လုပ်မှု ပညာရှင် အဖွဲ့မှ တာဝန်ရှိသူများ၊ ‌ဒေသတွင်း ‌ရော်ဘာစိုက်ခြံရှင်များ၊ ‌ရော်ဘာ‌ရောင်းဝယ်‌ရေးလုပ်ငန်းရှင်များ စုစု‌ပေါင်း ၁၅ဝ ‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

လက်ရှိ မြန်မာ့‌ရော်ဘာ ဥပ‌ဒေကြမ်းတွင် ခန်း ၁ဝ ခန်း၊ အ‌ခြေခံအချက် ၄ဝ တို့ဖြင့် စီစဉ်‌ရေးဆွဲထားပြီး အဆိုပါ
ဥပ‌ဒေကြမ်းကို ‌ဒေသတွင်း ‌ရော်ဘာစိုက်‌တောင်သူများ၊ ခြံရှင်များ၊ လုပ်ငန်းရှင်များ၊ ‌ရောင်းဝယ်တင်ပို့ ထုတ်လုပ် သူများမှ စု‌ပေါင်း‌ဆွေး‌နွေး ဖြည့်စွက်‌ရေးဆွဲမည့် အစီအစဉ်အား ပြည်နယ်နှင့် တိုင်းများရှိ စိုက်ပျိုး‌ရေး ဌာနများမှ လိုက်လံ ‌ရေးဆွဲပြုစု‌ဆောင်ရွက်သွား မည်ဖြစ်‌ကြောင်း ပြည်နယ် စိုက်ပျိုး‌ရေးဌာနပွဲစီစဉ် ကျင်းပသူများထံမှ သိရှိရသည်။

ဖားအံမြို့ မကျည်းကျွန်း ‌ကျေးရွာ‌ရော်ဘာစိုက်ပျိုးသူ ကိုသန့်ဇင်က“ ဒီလို ပွဲ‌တွေလုပ်တဲ့အတွက် ‌ကောင်းပါ တယ်။ ကျ‌နော်တို့ အဓိက အခက်အခဲက ‌ဈေးနှုန်းမတည်ငြိမ်တာ ‌နောက်‌ရော်ဘာခြံလုပ်သား ရှားပါးတာ၊ လုပ်အားခ ‌ကောင်း‌ကောင်း‌ပေး‌ခေါ်တာ‌တောင် လုပ်မယ့် လုပ်သားမရှိဘူး။ ဒါ‌ကြောင့် ‌ဒေသတွင်းမှာ ‌ရော်ဘာ‌စေးကို စံချိန်တိုင်းပြီး အရည်ဝယ်တဲ့ ‌ဈေးကွက်စနစ် ဖြစ်ထွန်းလာ‌စေချင်တယ်”ဟု ‌ပြောသည်။

တစ်ဆက်တည်းတွင် ‌ရော်ဘာနှင့်သက်ဆိုင်သည့် စံချိန်စံညွှန်းနည်းစနစ် စသည်များကို စိုက်ပျိုး‌ရေးဌာနတာဝန်ရှိသူများ၊ အဝယ်ဒိုင်များ၊ လုပ်ငန်းရှင်များမှ ‌အောက်‌ခြေ‌ကျေးရွာ‌တွေအထိ ‌ရော်ဘာစိုက်သူများထံ လိုက်လံပညာ‌ပေး ပံ့ပိုး‌ပေးရန် အ ပြင် ‌ရော်ဘာ ဆက်စပ်လုပ်‌ဆောင်‌နေကြသည့် အစိုးရပိုင်း တာဝန်ရှိသူများ ပုဂ္ဂလိကပိုင်းနှင့် ‌ရော်ဘာ စိုက်‌တောင်သူများပူး ‌ပေါင်းလုပ်‌ဆောင်‌ပေးကြရန် ၎င်းက တိုက်တွန်း‌ပြောဆိုသည်။

ကရင်ပြည်နယ်အတွင်း၊ ‌ရော်ဘာ စိုက်ဧက (၂၆၈,၂၇၄) ဧက ရှိရာတွင် တစ်နှစ်အတွက် ‌ရော်ဘာစိုက် ဧက ၁ ဧကလျှင် (၇၃၂.၅) ‌ပေါင် ခန့်ထွက်ရှိပြီး ယခု ပြည်နယ်အတွင်း‌ရော်ဘာ တစ်‌ပေါင်လျှင် အရည်အ‌သွေးအလိုက် ကျပ်တစ်‌ထောင်မှ တစ်‌ထောင့်ငါးရာအကြားရရှိကာ အဓိက တရုတ်နိုင်ငံအဝယ်‌ဈေးကွက်သို့ တင်ပို့‌ရောင်းချမှုဖြင့် ‌ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းလည်ပတ်လျှက်ရှိ‌ကြောင်း ‌ရော်ဘာလုပ်ငန်းများထံမှ သိရှိရသည်။