Home သတင်း ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ ‌ကော့မှူးတွင် ကြားဖြတ်‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်မည်

ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ ‌ကော့မှူးတွင် ကြားဖြတ်‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်မည်

1776

ဇန်နဝါရီ ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ ဖားအံမြို့အ‌ခြေစိုက် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီက လာမည့် ဧပြီ ၁ ရက်‌နေ့တွင် ပြုလုပ် မည့်ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်တိုင်း‌ဒေသကြီး၊ ‌ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် ‌နေရာဝင်ပြိုင်သွားမည်ဟု ပါတီဒုဥက္ကဌ မန်း‌အောင်ပြည့်စိုးက ယ‌နေ့ (ဇန်နဝါရီ ၁၇) တွင် ‌ကေအိုင်စီသို့ ‌ပြော သည်။

၎င်းက “ ဖလုံ-စ‌ဝေါ်ပါတီအ‌နေနဲ့ တစ်နိုင်ငံလုံးကို လွှမ်းခြုံဖို့ ကြိုးစား‌နေတယ်။ အခုလာမဲ့ ကြားဖြတ် ‌ရွေး ‌ကောက်ပွဲမှာ ‌ကော့မှူးမြို့နယ်ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်‌နေရာကို ဝင်ပြိုင်သွားမယ်။ ကရင်လူမျိုး‌တွေ အများစု ‌နေထိုင်တဲ့မြို့မှာ ကရင်ပါတီတစ်ခု ဝင်ပြိုင်တာ မဆန်းပါဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်‌နေ ရာကို ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်‌လောင်း ဦး‌စောတင်ဝင်း ဝင်‌ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး ‌ရွေး‌ကောက်ပွဲ အ နိုင် အရှုံးထက် ယှဉ်ပြိုင်ခြင်းသည်သာ အဓိက ဟုမှတ်ယူထား‌ကြောင်း ၎င်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ ‌ကော့မှူးက ကရင်တိုင်းရင်းသားမဲဆန္ဒရှင်‌တွေ အ‌နေနဲ့ ကရင်ပါတီကို အား‌ပေးမယ်လို့ ‌မျှော်လင့်ထားတယ်။ ကြားဖြတ်‌ရွေး‌ကောက်ပွဲက ခက်ခဲမယ်ဆိုတာ‌တော့ သိတယ်။ တကယ်လို့ အ‌ရွေးခံရရင် လူမှုဘဝ ဖွံ့ဖြိုး‌အောင် လုပ်သွားမယ်။ ဥပမာ ‌ရေမရှိရင်‌ရေရ‌အောင်၊ မီးမရှိရင်မီးရ‌အောင်‌ပေါ့။ ပါတီက‌တော့ ‌ရွေး‌ကောက်ပွဲနီးလာရင် မဲဆွယ်စည်းရုံး‌ရေးလုပ်ငန်း‌တွေ လာကူလုပ်‌ပေးဖို့ ရှိပါတယ်” ဟု ဦး‌စောတင်ဝင်းက ‌ပြောသည်။

လာမည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် ပြည်သူ့လွှတ်‌တော် ၉ ‌နေရာ၊ အမျိုးသားလွှတ်‌တော် ၃‌နေရာနှင့် ပြည်နယ်နှင့် တိုင်း‌ဒေသကြီးလွှတ်‌တော် ၇ ‌နေရာတို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ‌ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်‌တော်ကိုယ်စားလှယ်‌နေရာကို အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၊ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုး‌ရေး ပါတီ၊ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီအပါအဝင် ပါတီ ၈ခုနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦးအပါအဝင် ၉ ဦး ဝင်‌ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်‌ကြောင်း ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ် အ‌ခြေစိုက် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ အ‌နေဖြင့် ရန်ကုန်တိုင်း‌ဒေသကြီး၌
၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ‌ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်‌တော်မဲဆန္ဒနယ်တွင် လည်း‌ကောင်း၊ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် တာ‌မွေမြို့နယ် ပြည်သူ့လွှတ်‌တော်မဲဆန္ဒနယ်တွင် လည်း‌ကောင်း ဝင်‌ရောက်ယှဉ်ပြိုင်ဖူး ‌သော်လည်း အနိုင်မရရှိခဲ့‌ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။