Home သတင်း နယ်စပ်ကျန်းမာ‌ရေးလုပ်သား ၃၉ဦး ကျန်းမာ‌ရေးအသိအမှတ်ပြု‌အောင်လက်မှတ် ရရှိ

နယ်စပ်ကျန်းမာ‌ရေးလုပ်သား ၃၉ဦး ကျန်းမာ‌ရေးအသိအမှတ်ပြု‌အောင်လက်မှတ် ရရှိ

1591

ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ကျန်းမာ‌ရေးလုပ်သားများအား အသိအမှတ်ပြုမှု ပိုမိုရရှိနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် လူထု ကျန်းမာ‌ရေး‌အောင်လက်မှတ် (Certificate in Public Health)၏ အပတ်စဉ် ၅သင်တန်း‌ကျောင်းကို နယ်စပ်‌ဒေသရှိ ကျန်းမာ ‌ရေးလုပ်သား ၃၉ဦးက တက်‌ရောက်‌အောင်မြင်ခဲ့ပြီး သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၁၄ရက်‌နေ့က ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ ပြုလုပ်ခဲ့သည်။

နယ်စပ်အ‌ခြေစိုက်သည့် မယ်‌တော်‌ဆေးခန်း -MTC၊ ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန-KDHW၊ နယ်လှည့်‌ကျောပိုး အိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့-BPHWT၊ Shoklo Malaria Research Unit -SMRU၊ မြန်မာနိုင်ငံ ‌ဆေးပညာရှင်များအသင်း-BMA နှင့် ဒုက္ခသည်စခန်းမှ ကျန်းမာ‌ရေး လုပ်သားများ အပါအဝင် စုစု‌ပေါင်း သင်တန်းသား ၃၉ ဦးကို တစ်ပတ်လျှင် နှစ်ရက်၊ အချိန်ပိုင်းဖြင့် ၂၀၁၆ခုနှစ်၊ မတ်လမှ ၂၀၁၇၊ ဇန်နဝါရီလအထိ ဆယ်လကြာ သင်ကြားပို့ချ‌ပေးခဲ့ခြင်းဖြစ်သည်။

သင်တန်း‌ကျောင်းတာဝန်ရှိသူ ‌စော‌အောင်သန်း‌ဝေက “ဒီနယ်စပ်က ကျန်းမာ‌ရေးလုပ်သား‌တွေကို မြန်မာအစိုးရ‌ကော၊ ထိုင်းအစိုး ရ‌ကော အသိအမှတ်ပြုတာမျိုး မရှိဘူး။ အလုပ်သက်တမ်းနှစ် ဆယ်နဲ့ပဲချီချီ၊ ဘယ်‌လောက်ပဲ ကျွမ်းကျင်မှုရှိပါ‌စေ။ တခါတရံ အ‌ရေးကြီးလာတာက ‌အောင်လက်မှတ်‌ပေါ့‌နော်။ အဲ့အတွက် ကျ‌နော်တို့က IRC၊ Thammasat တက္ကသိုလ်နဲ့ လက်တွဲပြီး‌တော့မှ ကျ‌နော်တို့ သင်တန်းသား‌တွေကို အသိအမှတ်ပြုမှု ပိုမိုရရှိ‌ရေးအတွက် ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

Thammasat တက္ကသိုလ်၊ မ‌ကွေးလူထုကျန်းမာ‌ရေးတက္ကသိုလ်နှင့် International Rescue Committee တို့၏ ကူညီပံ့ပိုးမှုဖြင့် မယ်‌တော်‌ဆေးခန်းမှ ဦး‌ဆောင်ကာ အဖြစ်များ‌သော‌ရောဂါများ ကာကွယ်နည်း၊ ‌ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်း‌ရေး၊ ‌ကျောင်းကျန်း မာ‌ရေး၊ မိသားစုကျန်းမာ‌ရေး၊ လူမှုပတ်ဝန်းကျင်နှင့်ပတ်သက်သည့် ကျန်းမာ‌ရေး၊ ‌ရှေးဦးသူနာပြု စသည့် လူထုကျန်းမာ‌ရေးနှင့် သက်ဆိုင်‌သော ဘာသာရပ်များကို အဓိက သင်ကြား‌ပေးခဲ့သည်။

SMRU အဖွဲ့မှ သင်တန်းသား ‌စောထူး‌ဘောက “ကျ‌နော် ရည်ရွယ်တာက အသိအမှတ်ပြု လက်မှတ်တစ်ခုရပြီး ‌ရှေ့လာမဲ့အနာ ဂတ်မှာ ပူး‌ပေါင်းလုပ်‌ဆောင်မှုကို အသိအမှတ်ပြုနိုင်ဖို့အတွက် ဖြစ်တယ်။ ဒီကရတဲ့ပညာ‌တွေနဲ့ ကျ‌နော့်အဖွဲ့အစည်းနဲ့အတူ ငှက် ဖျား၊ TB တိုက်ဖျက်‌ရေး‌တွေမှာ ပိုပြီးမှ ပြန်လုပ်‌ဆောင်သွားပါမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို‌နေ့ ပြုလုပ်သည့် သင်တန်းဆင်းပွဲသို့ Thammasat တက္ကသိုလ်မှ Prof. Aj. Stephane၊ ထိုင်းနိုင်ငံ၊ မဲ‌ဆောက်ခရိုင် လူထု ကျန်းမာ‌ရေးဌာနမှ ကျန်းမာ‌ရေအရာရှိ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသူ၊ သင်တန်းသားများနှင့် ၎င်းတို့၏မိသားစုဝင် များ အပါအဝင် စုစု‌ပေါင်း ၁၀ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

လူထုကျန်းမာ‌ရေး ‌အောင်လက်မှတ်သင်တန်း‌ကျောင်းကို ၂၀၁၃ခုနှစ်တွင် စတင်ခဲ့ပြီး အချိန်ပြည့်သင်တန်း ၆လတာနှင့် အချိန် ပိုင်းသင်တန်း ၁ဝလကြာ သင်ကြားပို့ချ‌ပေးသည့် တက္ကသိုလ်အဆင့် သင်တန်း‌ကျောင်းဖြစ်သည်ဟု သိရသည်။