Home သတင်း ‌ကျောက်ကြီး-မူသယ်ကားလမ်း တိုးချဲ့‌ဖောက်လုပ်မှု ရပ်ဆိုင်းထား

‌ကျောက်ကြီး-မူသယ်ကားလမ်း တိုးချဲ့‌ဖောက်လုပ်မှု ရပ်ဆိုင်းထား

2457

ဒီဇင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ပဲခူးတိုင်း‌ဒေသကြီးရှိ ‌ကျောက်ကြီးမြို့မှ မူသယ်‌ကျေးရွာသို့ သွားလာ‌နေသည့် အရှည် မိုင် ၂ဝရှိ ‌မြေနီကားလမ်း ထပ်မံ တိုးချဲ့ ‌ဖောက်လုပ်မှုကို လတ်တ‌လောတွင် ရပ်ဆိုင်းထား‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) နယ်‌မြေခံတာဝန်ရှိသူများ ထံမှ သိရှိရသည်။

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့(‌ကေအဲန်အယ်လ်‌အေ) တပ်မဟာ-၃မှူး ဗိုလ်မှူးချုပ် ‌စောအဲ့ကလူသိန်း အပါအဝင် ‌ကေအဲန်ယူ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် အစိုးရတပ်မ‌တော်၊ ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်‌ကျော်တို့ သည် ဒီဇင်ဘာလ ၉ရက်‌နေ့၊ မနက်တွင် ‌ကျောက်ကြီးမြို့၊ ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံး၌ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြပြီး‌နောက် ယင်းသို့ ယာယီရပ်ဆိုင်းထားခြင်းဖြစ်‌ကြောင်း အဆိုပါ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ပဒို‌စောကလဲမူထူးက ‌ပြောသည်။

“လမ်းတဖက်တချက်စီ ၃၄‌ပေ ချဲ့ထားတာကို အခု သူတို့ရဲ့ ဘင်ဗြဲတပ်စခန်းအ‌ရောက်မှာ ရပ်ထားတယ်။ ကျ‌နော်တို့‌ခေါင်း ‌ဆောင်နဲ့ တိုင်းမှူးတို့ ဒီလ ၉ရက်‌နေ့က‌တွေ့ပြီး စကား‌ပြောခဲ့ကြတယ်။ ‌ဒေသခံလူထုနဲ့ သွားစကား‌ပြောဆိုဖို့ လိုအပ်‌သေးတာ ‌ကြောင့် ဒီလမ်း‌ဖောက်ဖို့ ‌စောင့်ခိုင်းထားတယ်။”ဟု ၎င်းက ‌ပြောသည်။

ယင်းသို့ ‌ဒေသခံရွာသားများနှင့် သွား‌ရောက်‌တွေ့ဆုံရာတွင် မူသယ်‌ကျေးရွာမှ ရွာသားများအနက် လမ်းတိုးချဲ့ရန်ကို သ‌ဘောတူ ကြသူများနှင့် သ‌ဘောမတူကြသူများ တစ်ဝက်စီဖြစ်ရှိ‌နေပြီး ဟဲဒဲရွာသားများမှာ ယခုအချိန်ထိ သ‌ဘောမတူ‌သေး‌ကြောင်း သိရ သည်။

သို့‌သော် ထိုလမ်း‌ကြောကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ရက်‌နေ့မှစ၍ ချဲ့ထွင်‌ဆောင်ရွက်‌နေသည့်အတွက် လမ်း‌ဘေးရှိ ဥယျာဉ်ခြံ ‌မြေများလည်း အနည်းငယ်စီ ပါဝင်သွားမည်ကို ‌ဒေသခံရွာသူရွာသား အများစုက စိုးရိမ်‌နေ‌ကြောင်းလည်း ထို‌ဒေသတွင် အ‌ခြေ စိုက် လှုပ်ရှား‌နေကြသည့် အရပ်ဖက်အဖွဲ့အစည်းများက ‌ပြောဆို‌နေကြသည်။

စစ်‌တောင်းသံစဉ် လူမှုကွန်ရက်အဖွဲ့ဝင်တစ်ဦးက “ကျ‌နော်တို့ သိရသ‌လောက် ဒီလမ်းချဲ့ဖို့ လက်မှတ်ထိုး‌တောင်းဆိုတာက အုပ် ချုပ်‌ရေးမှူးတဦးနဲ့ ရွာသား ၃ဦးတို့ပဲ။ သူတို့လည်း သိပ်နားလည်တာ မဟုတ်ဘူး။ လမ်းကကျဉ်း‌နေ‌တော့ ချဲ့မယ်ဆို ‌ကောင်းတယ် ဆိုပြီး ‌ရေးထားတဲ့စာကို ‌သေချာမဖတ်ဘဲ လက်မှတ်ထိုး‌ပေးလိုက်တဲ့သ‌ဘောလို့ သိရတယ်။”ဟု ဆိုသည်။

လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းအရ ကားတစ်စီးစာသာ သွားလာနိုင်သည့် ‌ကျောက်ကြီး-မူသယ်လမ်းကို လမ်းတစ်ဖက်လျှင် ၁၇ ‌ပေစီ ထပ်မံ တိုးချဲ့သွားမည်ဖြစ်‌သေ်ာလည်း ‌ကေအဲန်ယူ၊ ‌ကျောက်ကြီးမြို့နယ် တာဝန်ခံများက မည်သည့် လူထုအကျိုးပြုလုပ် ငန်းများမဆို အပစ်ရပ်နယ်‌မြေအတွင်း ဝင်‌ရောက်လုပ်ကိုင်မှုများမှာ NCA) စာချုပ်ပါ အခန်း(၃-က) (၁၀)ကို အ‌ခြေခံ‌သော ‌ကြောင့် အဆိုပါလုပ်ငန်းသည် စာချုပ်နှင့် မကိုက်ညီ‌ကြောင်း ‌အောက်တိုဘာလ ၂ဝရက် ‌နေ့စွဲဖြင့် လူထုဗဟိုပြု စီမံကိန်း‌ရေးဆွဲ ‌ရေးနှင့် အ‌ကောင်အထည်‌ဖော်‌ရေး‌ကော်မတီထံ ကန့်ကွက်စာ ‌ပေးပို့ထားခဲ့သည်။

‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၃)မှူး ဗိုလ်မှူးချုပ်စာအဲ့ကလူသိန်းက “ဒီလမ်း‌ကြောင်းဟာ တကယ်‌တော့ စစ်ဆင်‌ရေးလမ်း ‌ကြောင်း ဖြစ်ခဲ့တာပါ။ ဒါ‌ကြောင့် ကျ‌နော်တို့က ခုချိန်မှာ ဒီလမ်းကို မတိုးချဲ့သင့်‌သေးဘူးလို့ ‌ဆွေး‌နွေးပါတယ်။ သူတို့(တိုင်းမှူး) ဘက်က‌တော့ လူထု‌တွေက ‌တောင်းဆို‌နေတာဖြစ်လို့ဆိုပြီး ‌ပြောပါတယ်။ ဒီ‌တော့ ကျ‌နော်တို့ကလည်း လမ်း‌ကြောမှာ ပါဝင်တဲ့ ရွာ‌တွေက ရွာသားအားလုံးရဲ့ သ‌ဘောထား‌တော့ ထပ်မံ ‌တွေ့ဆုံရယူသင့်တယ်လို့ပဲ ‌ဆွေး‌နွေးခဲ့ပါတယ်”ဟု ‌ကေအိုင်စီသို့ ဒီဇင်ဘာလ ၉ရက်‌နေ့က ‌ပြောခဲ့သည်။

‌ကျောက်ကြီး-မူသယ် ကားလမ်းရှိရာ နယ်‌မြေကို ‌ကေအဲန်ယူက ၎င်းတို့၏ ထိန်းချုပ်နယ်‌မြေအဖြစ် သတ်မှတ်ထား‌သော်လည်း လက်ရှိအချိန်တွင် ထိုလမ်း‌ကြောတစ်‌လျှောက်၌ အစိုးရတပ်မ‌တော်၏ တပ်စခန်းများသာ ရှိ‌နေ‌ကြောင်း ကိုယ်တိုင်မြင်‌တွေ့ခဲ့သူ များ၏ ‌ပြောပြချက်အရ သိရသည်။