Home ကဗျာ ‌ခေါင်း‌ဆောင်‌ကောင်း

‌ခေါင်း‌ဆောင်‌ကောင်း

2420
(လကင်္ာဒီပ)
‌အောက်တိုဘာ ၂၃၊ ၂၀၁၆။

အင်မတန်မှ ကူးချင်တဲ့ငါး
မှားတာကို မှားမှန်းမသိ
ပကတိ အရှိတရား‌တွေကို
အရည်ကျို ‌မျှောပစ်လိုက်နိုင်တဲ့စိတ်
ဒိတ်ဒိတ်ကြဲ သံ‌ဝေဂရစရာပါ
တစ်ချိန်က စားမယ်ဝါးမယ် တကဲကဲ
တယ်လည်း တတ်နိုင်ကြပါတဲ့ ငါးမိုက်‌တွေပါလား။

တစ်‌ရွေးသားမှ မ‌လျော့ခဲ့တာ
အာဏာရှင်‌တွေပီပီ
ဤလမ်းပြ‌မြေပုံ (၆)ချက်နဲ့ပဲ
အစွဲမချဝံ့တဲ့ အ‌မှောင်လူများကြားက
လှည့်ပြန်ရ ခက်‌နေသလား
ကြည့်ထား အ‌ခြေခံလူတန်းစားပြည်သူ‌တွေ
တို့‌တွေ‌တော်လှန်‌ရေးရဲ့
စွန့်စားခဲ့တဲ့ အာဇာနည်ကြီး‌တွေရယ်
ဆယ်လ်မွန်ငါး‌တွေလို
‌ရေဆန်ကိုလှည့်ပြန် ကူးနိုင်ကြ‌သေးတာပဲ။

ဖရိုဖရဲ သီအိုရီ‌တွေ
‌ရွေ့‌နေတဲ့ အ‌ကွေ့အက်‌ကြောင်း၊ ဆက်‌ကြောင်း‌တွေ
နံရံ‌တွေကိုတိုက်ရင်း ပြိုကွဲလွှင့်‌ဝေး
‌ဆေးလိပ်မီးခိုး‌ငွေ့‌တွေ
အားကိုး‌နေဖို့‌လောက်ပဲ သိတဲ့သူ‌တွေ
တို့‌မြေ တို့‌ရေ အ‌ခြေအ‌နေ
‌ရှေးပ‌ဝေသဏီထဲကိုက
အဆင်‌ပြေသလိုသာ ကြည့်ကျက်ပြီး
ပြီးရင်လည်း ပြီး‌စေခဲ့တာ
အားနာနာ ‌ရှောင်ခွာ‌ပေးတတ်သူ‌တွေ
“လူအ” “လူန”လို့လည်း ‌ပြောမထွက်ပြန်ပါဘူး။

လူစွမ်းလူစ လူ့အရင်းအမြစ်ဆိုတာ
တိုက်တာ ကားကြီး‌တွေ ရယူ
ထူ‌ထောင်ပိုင်ဆိုင်နိုင်မှ မဟုတ်ဘူး
အထူးထူး ဆဲ‌ရေး‌နေ စွာကျယ်‌နေပြမှလည်း မဟုတ်ဘူး
ဘီလူးသဘက်လို လက်နက်အားကိုး
တစ်မိုး‌အောက် မိုက်ပြနိုင်သူလည်း မဟုတ်ပြန်
ဧကန် အမှန်သိပြီး
အချည်းအနှီး အချိန်မဖြုန်း
ဆုံးဖြတ်မှားယွင်း ပြင်ဆင်နိုင်သူသာဖြစ်သည်။

အဂတိတရား ကင်းရမယ်
တကယ်စစ်မှန်တဲ့ ပြည်သူ့အသံ
ဆင်ခြင်ဉာဏ်နဲ့ နား‌ထောင်နိုင်ရမယ်
မကွယ်ဝှက် ပွင့်လင်းမြင်သာမှုရှိရှိ
မိမိမူ‌ဘောင်‌ပေါ် ရပ်တည်နိုင်သည့်သူ
ဖြူစင်ရိုးသား မျိုးချစ်စိတ်နဲ့
အတိတ်ရဲ့ဒဏ်ရာ‌တွေ ‌ဆေး‌ကြော‌ပေးနိုင်သူ
ငြီးငြူငို‌ကြွေးသံများအား
တိတ်သွား‌အောင် ‌ချော့မြူ‌ပေးနိုင်သူ
ထိုသူသည်သာ ‌ခေါင်း‌ဆောင်‌ကောင်း ဖြစ်ထိုက်ပါ‌တော့သည်။