Home သတင်း ဘီးလင်းမြို့နယ်တွင် လူသတ်မှုဖြစ်ပွားနှုန်း ယခင်နှစ်ထက် များပြား‌နေ

ဘီးလင်းမြို့နယ်တွင် လူသတ်မှုဖြစ်ပွားနှုန်း ယခင်နှစ်ထက် များပြား‌နေ

2621

‌အောက်တိုဘာ ၁၆ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေဖြစ်‌သော သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ ‌အောက်တိုဘာလအထိ ရာဇဝတ်မှုများထဲတွင် လူသတ်မှုဖြစ်ပွားမှုနှုန်း ၃ခုအထိရှိကာ ယခင်နှစ်ထက် များပြား‌နေသည်ဟု ခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ်၌ ဘီးလင်းမြို့နယ်အတွင်း လူသတ်မှု သုံးခု၊ လူ‌သေမှု နှစ်ခု၊ အဓမ္မပြုကျင့်မှု(မုဒိမ်းမှု) တစ်ခုနှင့် အိမ်‌ထောင်‌ရေး‌ဖောက် ပြန်မှုတစ်ခု အပါအဝင် အမှု‌ပေါင်း ၇ခု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ‌ကေအဲန်ယူ သထုံခရိုင် ကရင်အမျိုးသား ရဲတပ်ဖွဲ့ ရဲမှူးကြီး ‌စောဆာ့‌ဘော‌နော်က ယခုလို ‌ပြောဆိုသည်။

၎င်းက “အခုနှစ်က‌တော့ လူသတ်မှု ပိုများလာတာကို ‌တွေ့ရတယ်။ ဒီလိုဖြစ်တာ အဓိက အ‌ကြောင်းရင်းက ပုဂ္ဂိုလ်‌ရေး မ‌ပြေမ လည် ဖြစ်ပွားရာက‌နေ (ရိုးရာယုံကြည်မှုအရ) ပြုစားကြတယ်လို့ သံသယဝင်ပြီး လူသတ်ကြတဲ့အထိ အပြစ်ကျူးလွန်ကြတယ်။ ကျ‌နော်တို့ ‌သေချာကွင်းဆင်းစစ်‌ဆေး‌တော့ ပြုစားတာ မဟုတ်ပါဘူး။ ‌နောက်တစ်ခု လူသတ်မှုဖြစ်တာက မြင်း‌ဆေး(စိတ်ကြွ ‌ဆေး)၊ အရက်၊ မူးယစ်‌ဆေးသုံးစွဲမှုနဲ့ ဆက်စပ်တာကို ‌တွေ့ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အမှုများကို ‌ကေအဲန်ယူ ခရိုင်နှင့် မြို့နယ်များတွင် ‌ဖြေရှင်း‌ပေးနိုင်ခြင်းများရှိသလို ‌ဖြေရှင်းမ‌ပေးနိုင်သည့် အမှုများကို ဗဟို သို့ တင်ပြထားသည်ဟု သထုံခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့က ဆိုသည်။

‌ကေအဲန်ယူ ဘီးလင်းမြို့နယ်တွင် ဖြစ်ပွား‌နေသည့် အမှုများမှာ တာအူခီး၊ ‌ကော်ဟဲ၊ အီးကျူခီး၊ ပီးတီခီးနှင့် ထီးချိ‌ဘော စသည့် ‌ကျေးရွာအုပ်စုများဖြစ်‌ကြောင်းနှင့် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်က လူ‌သေမှု ‌လေးခုနှင့် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။