Home သတင်း ၂၁ပင်လုံညီလာခံသည် တိုင်းရင်းသား၏ သ‌ဘောထားအမှန်ကို ‌ဖော်ထုတ်ပွဲဟု တိုင်းရင်းသား ‌ခေါင်း‌ဆောင်များ‌ပြော

၂၁ပင်လုံညီလာခံသည် တိုင်းရင်းသား၏ သ‌ဘောထားအမှန်ကို ‌ဖော်ထုတ်ပွဲဟု တိုင်းရင်းသား ‌ခေါင်း‌ဆောင်များ‌ပြော

2028
စက်တင်ဘာ ၄ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ၊ ၂၁ရာစု ပင်လုံ ပထမအကြိမ် အစည်းအ‌ဝေးသည် တိုင်းရင်းသားများ၏ သ‌ဘောထားအမှန်ကို ‌ဖော်ထုတ်သည့်ပွဲဖြစ်သည်ဟု ညီလာခံ တက်‌ရောက်သည့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့၏ ‌ခေါင်း‌ဆောင်များက ‌ပြောသည်။

မွန်ပြည်သည့်ပါတီ(NMSP) ဒုတိယ ဥက္ကဋ္ဌနိုင်ဟံသာက “တိုင်းရင်းသား‌တွေကလည်း သူ့အမြင်‌တွေကို ပွင့်ပွင့်လင်းလင်းတင်ကြတယ်။ တပ်မ‌တော်ဘက်လည်း သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း တင်လိုက်တယ်‌ပေါ့ဗျာ၊ တစ်ခု‌ကောင်းတာက ကျ‌နော်တို့ နိုင်ငံမှာ ပြဿနာ ဘယ်လိုရှိ‌နေလဲဆိုတာ၊ အုပ်စု တစ်ခုနဲ့တစ်ခုကြား အမြင်‌တွေဘယ်လို့ရှိ‌နေလဲ ဆိုတာ ဒီပွဲမှာ မြင်လိုက်ရတယ်။ ပြည်သူ‌တွေ အားလုံးက သိလိုက်ရတယ်။”ဟု ‌ပြောသည်။

အဆိုပါ ထုတ်‌ဖော်လိုက်သည့် တိုင်းရင်းသား၏ သ‌ဘောထားအမှန်များနှင့် နိုင်ငံ‌ရေးပြဿနာရပ်များကို အများလက်ခံနိုင်သည့် ‌ဖြေရှင်းနည်းလမ်းများကို ရှာ‌ဖွေရမည်ဟုလည်း နိုင်ဟံသာ ထပ်‌လောင်း‌ပြောဆိုသည်။

ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ် (PNLO)နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒီပွဲမှာ ပွင့်ပွင့်လင်း‌ပြောခွင့်‌ပေးလိုက်တဲ့အတွက် ရင်ထဲမှာဘာရှိလဲဆိုတာ အားလုံး သိတယ်။ မတူကွဲပြား တာ‌တွေရှိတယ်။ ထိပ်တိုက်တာ‌တွေရှိတယ်။ ဒါက ပြဿနာဆိုတာ အသိ‌ပေးလိုက်တယ်။ ‌ဖော်ထုတ်လိုက်တယ်‌ပေါ့။ ပြဿနာ‌တွေရှိတယ်ဆိုတာ သိရင် ပြဿနာ အ‌ဖြေရှာတဲ့ နည်းလမ်း‌တွေ‌ပေါ်လာမှာ‌ပေါ့။”ဟု ‌ပြောသည်။

ညီလာခံအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သ‌ဘောထား အမြင်‌တွေကို ပွင့်ပွင့် လင်းလင်း တင်ပြနိုင်သည့်အ‌ပေါ်မှာ ‌ကောင်းမွန်တဲ့လက္ခဏာတစ်ရပ်ဖြစ်သကဲ့သို့ မကြာခင် ကျင်းပမည့် အမျိုးသားအဆင့် နို်င်ငံ‌ရေး‌ဆွေး‌နွေးပွဲမှာ တစ်မျိုးသားလုံး ပူး‌ပေါင်းနိုင်သည့် အ‌နေအထားတစ်ခု လမ်းပွင့်သွားသည့်သ‌ဘောတစ်ခုဖြစ်‌ကြောင်း ကရင်အမျိုးသား အစည်းရုံး (KNU)အတွင်း‌ရေးမှူးချုပ် ပဒို ‌စောကွယ်ထူးဝင်းက ‌ပြောသည်။

၂၁ပင်လုံ ပထမအကြိမ် ညီလာခံ ပူးတွဲကျင်းပ‌ရေး‌ကော်မတီဝင်၊ ချင်းအမျိုးသားတပ်ဦး (CNF) ဒုက္ကဌ (၂) ဆလိုင်း လျန်မုန်းဆာ‌ခေါင်းကလည်း အနှစ်‌ခြောက်‌ကျော်မှ တုိုင်းရင်းသားတို့၏ ‌ဘောထားများကို ဆယ်မိနစ်စာ ထုတ်‌ဖော်‌ပြောကြားခြင်းဖြစ်ပြီး ဆယ်မိနစ်စာသည် အလွန်မှ အ‌ရေးကြီး‌ကြောင်း ညီလာခံ၏ ဒုတိယ‌နေ့ သတင်းစာရှင်းလင်းပွဲတွင် ‌ပြောခဲ့သည်။

‌နေပြည်‌တော်၊ (MICC 2)ခန်းမတွင် ဩဂုတ်လ ၃၁ရက်‌နေ့မှ စက်တင်ဘာလ ၃ရက်‌နေ့ အထိ ကျင်းပသည့် ၂၁ရာစု ပထမအကြိမ် ညီလာခံတွင် တပ်မ‌တော်၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံ‌ရေးပါတီ အရပ်ဖက်အဖွဲ့အစည်း၊ ပညာရှင်များ အပါအဝင် စာတမ်း (၇၂)‌စောင်ကို အဆုိုတင်သွင်းခဲ့ကြသည်။

၎င်းညီလာခံတွင် သက်ဆိုင်ရာ အစုအဖွဲ့များမှ ၎င်းတို့၏ သ‌ဘောထား စာတမ်းများကို တင်သွင်းခဲ့ ကြခြင်းဖြစ်ပြီး ‌ဆွေး‌နွေးမှုတစုံတရာ လုပ်‌ဆောင်ခြင်းမရှိဘဲ လာမည့် အစည်းအ‌ဝေးများတွင် ညှိနှိုင်း‌ဆွေး‌နွေးအတည်ပြုသွားမည်ဟု သိရသည်။

မြန်မာ့နိုင်ငံ‌ရေးနှင့် စစ်‌ရေးကို ‌ဝေဖန်သုံးသပ်သူ စာ‌ရေးဆရာ ဂါမဏိက “စီစဉ်သူ‌တွေ ကိုယ်တိုင်‌ပြောထားတာ ကြာမယ့်လုပ်ငန်းစဉ်လို့ ‌ပြောထားတာဘဲ‌လေ။ တကယ်လည်း အချိန်ယူညှိရမယ်။ ‌လော‌လောဆယ် ပါခွင့်မရတဲ့အဖွဲ့‌တွေ၊ ပါတီ‌တွေလည်း ‌တော်‌တော် ရှိ‌သေးတယ်။ အခု ၄ ရက်က‌တော့ စအ‌ခြေတည်ရုံဘဲရှိတာကိုး။ ဒီထက်‌မျှော်လင့်လို့ မရနိုင်‌သေးဘူး”ဟု ‌ပြောသည်။

၂၁ရာစု ညီလာခံ အစည်းအ‌ဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သ‌ဘောတူ စာချုပ်(NCA)ကို လက်မှတ်‌ရေးထုိုးထား‌သော လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့၊ လက်မှတ် မထိုးထား‌သော လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ စုစု‌ပေါင်း ၁၇ဖွဲ့မှ ကိုယ်စားလှယ် ၁၇၅ဦး တက်‌ရောက်ခဲ့သည်။

လက်မှတ်‌ရေးထိုးခြင်းမရှိ‌သေးသည့် ရခိုင်တပ်မ‌တော်(AA) တ‌အောင်းအမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (TNLA)၊ မြန်မာနိုင်ငံအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မ‌တော် (MNDAA)တို့ကမူ တက်‌ရောက်ခြင်းမရှိ‌ပေ။