Home သတင်း ဥပ‌ဒေဆိုင်ရာ အသိပညာ‌ပေး ပိုမိုနားလည်လာ‌စေရန် ‌ကော့ကရိတ်မြို့တွင် အလုပ်ရုံ‌ဆွေး‌နွေးပွဲကျင်းပ

ဥပ‌ဒေဆိုင်ရာ အသိပညာ‌ပေး ပိုမိုနားလည်လာ‌စေရန် ‌ကော့ကရိတ်မြို့တွင် အလုပ်ရုံ‌ဆွေး‌နွေးပွဲကျင်းပ

2382

ဩဂုတ် ၁ ရက်၊ ၂၀၁၆ ခုနှစ်။ က‌ဆောဝါး

ကရင်‌ဒေသတွင်းရှိ ဥပ‌ဒေဆိုင်ရာ အသိပညာ‌ပေး ပိုမိုနားလည်လာ‌စေရန် ရည်ရွယ်ပြီး Justice for all (law firm)အဖွဲ့မှ ဦး‌ဆောင်စီစဉ်မှုဖြင့် ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့၊ မြို့မ‌ကျောင်းကြီး ဓမ္မာရုံတွင် ဇူလိူင် ၃ဝ မှ ၃၁ရက်‌နေ့အထိ တရားဥပ‌ဒေ စိုးမိုး‌ရေး(Rule of Law) အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ရပ်ကို နှစ်ရက်ကြာ ပြုလုပ်ကျင်းပခဲ့သည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် Justice for all (law firm)အဖွဲ့နှင့် သွီးလူထုအ‌ခြေပြု လူမှုအ‌ထောက်အကူပြု ကွန်ရက်တို့ ပူး‌ပေါင်းကာ တက်‌ရောက်သူများအား အလုပ်သမားအခွင့်အ‌ရေး၊ လူ့အခွင့်အ‌ရေး၊ ‌တောင်သူ လယ်သမားအ‌ရေး ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေဆိုင်ရာ နိုင်ငံသားအခွင့်အ‌ရေးနှင့် ဥပ‌ဒေဆိုင်ရာ အသိပညာ‌ပေး ‌ဟော‌ပြော‌ဆွေး‌နွေးမှုများကို ချပြ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်ဟု ပွဲဖြစ်‌မြောက်‌ရေး စီစဉ်သူ Justice for all (law firm)မှ ‌ဒေါ်နွယ်နီ‌အောင်က ‌ပြောသည်။

“ကျမတိုု့အဖွဲ့က ‌ရှေ့‌နေ ‌ရှေ့ရပ်‌တွေ ဖွဲ့စည်းထားပြီး နိုင်ငံနဲ့အဝှမ်း တရားဥပ‌ဒေစိုးမိုးဖို့ ပြည်သူ‌တွေ နိုင်ငံသား အခွင့်အ‌ရေး အပြည့်အဝ သိရှိနားလည်ဖို့ ဒီလို ‌ဆွေး‌နွေးပွဲ‌တွေ လုပ်‌ပေး‌နေတာဖြစ်တယ်။ ဒါ့အပြင် ဥပ‌ဒေပိုင်း ဆိုင်ရာ အကူအညီ‌တွေကို အစဉ်အမြဲ ဆက်လုပ်‌ပေး‌နေမှာ ဖြစ်ပါတယ်”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ထီဖိုးဇံ၊ ‌နောင်တပွဲ၊ ‌ဒေါ့ဖျာ့၊ အံဖကြီး၊ နန်း‌ရွှေမှုံ၊ နန်း‌ကော်တိုး၊ ‌လောင်းကိုင်၊ ဖားကျ စသည့် ‌ကျေးရွာနှင့် ရပ်ကွက်များမှ ‌ဒေသခံများ၊ နိုင်ငံ‌ရေးပါတီများ၊ ‌တောင်သူလယ်သမား သမဂ္ဂအဖွဲ့ဝင်များ၊ အရပ်ဖက် အဖွဲ့အစည်းများ စုစု‌ပေါင်း ၇၆ဦး တက်‌ရောက်ခဲ့ကြသည်။

‌ဆွေး‌နွေးပွဲ တက်‌ရောက်သူ ‌နောင်တပွဲ ရွာလူငယ်‌ခေါင်း‌ဆောင် ‌စောဖိုးစံက “ကျ‌နော်တို့ရွာ‌တွေမှာ ဥပ‌ဒေ ဆိုတာ သိပ်နားမလည်ကြဘူး။ အခုဒီ‌ဆွေး‌နွေးပွဲမှာ ဥပ‌ဒေဆိုတာနိုင်ငံသား အခွင့်အ‌ရေးဆိုတာ မှားတာ မှန်တာ‌တွေ သိရတယ်။ ဒါ‌ကြောင့် ရွာပြန်‌ရောက်ရင် လူငယ်၊ လူကြီး‌တွေကို ပြန်ပြီး ‌ပြောပြ‌ဆွေး‌နွေးတာ‌တွေ လုပ်ရမယ်။ ကိုယ်က သိပြီးရင် ပြီးတာ မဟုတ်ဘူး‌လေ။ ရွာက လူ‌တွေ အားလုံးလည်း ဥပ‌ဒေ‌ရေဲ့ ရပိုင်ခွင့်‌တွေကို သိ‌စေချင်တယ်”ဟု ‌ပြောသည်။

ကျုံဒိုးမှ ‌စောလှထွန်း‌အောင်ကလည်း ‌ဆွေး‌နွေးပွဲ တက်ခွင့်ရသည့်အတွက် ဥပ‌ဒေချိုး‌ဖောက်မှုများကိစ္စရပ်များကို နားလည်လာပြီး မတရားအလုပ်ခံရမှုများနှင့် ရင်ဆိုင်ကြုံ‌တွေ့လာပါက ‌ပြောရဲဆိုရဲ ရှိလာမည်ဖြစ်‌ကြောင်းနှင့် ‌ဆွေး‌နွေးပွဲတွင် ကျား/မ တန်းတူ‌ရေး အ‌ကြောင်းကို အနှစ်သက်ဆုံးဖြစ်‌ကြောင်း ‌ပြောဆိုသည်။

Justice for all(law firm) အဖွဲ့ကို ၂၀၁၂ခုနှစ်၊ နိုဝင်ဘာတွင် တရားလွှတ်‌တော်‌ရှေ့‌နေ၊ အထက်တန်း‌ရှေ့‌နေ ၂၈ဦးဖြင့် စတင်တည်‌ထောင် ဖွဲ့စည်းခဲ့ပြီး မြန်မာနို်င်ငံ အနှံ့အပြားတွင် ဆင်းရဲနွမ်းပါးနစ်နာသူများကို အခမဲ့ ‌ရှေ့‌နေ‌ပေးခြင်း၊ ဥပ‌ဒေဆိုင်ရာ စာအုပ်စာတမ်းများထုတ်‌ဝေခြင်း၊ ဥပ‌ဒေသင်တန်းများပြုလုပ်ခြင်း၊ အလုပ်သမား အ‌ရေး ‌တောင်သူလယ်သမားအ‌ရေး လူ့အခွင့်အ‌ရေး နိုင်ငံသားအခွင့်အ‌ရေဆိုင်ရာ အကြံဉာဏ်များ‌ပေးခြင်းနှင့် စစ်တမ်းများ ‌ကောက်ယူခြင်းတို့ကို လုပ်‌ဆောင်လျှက်ရှိသည်။

ယခု အလုပ်ရုံ‌ဆွေး‌နွေးပွဲများနှင့် ပတ်သက်၍ အ‌မေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်မှ ကူညီ‌ထောက်ပံ့မှု အစီအစဉ်ဖြင့် ကျင်းပ‌နေ‌သော ၃၄ကြိမ်‌မြောက်‌နောက်ဆုံး‌ဆွေး‌နွေးပွဲဖြစ်ပြီး ကရင်ပြည်နယ်အတွင်း၌ ဖားအံမြို့ သုံးကြိမ်၊ မြဝတီမြို့ နှစ်ကြိမ်နှင့် ‌ကော့ကရိတ် (ယခု)တစ်ကြိမ် စုစု‌ပေါင်း (၆)ကြိမ် ကျင်းပခဲ့သည်ဟု သိရသည်။