Home ဆောင်းပါး ဘာသာ‌ရေး – လူမျိုး‌ရေး‌သွေးခွဲ ရန်တိုက်‌ပေးမှု မှန်သမျှကို ပြတ်သားစွာ အ‌ရေးယူပါ

ဘာသာ‌ရေး – လူမျိုး‌ရေး‌သွေးခွဲ ရန်တိုက်‌ပေးမှု မှန်သမျှကို ပြတ်သားစွာ အ‌ရေးယူပါ

2196

‌မောင်‌ကျော်စွာ

(၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၁၄ရက်)

၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၁၂ရက် ‌နေ့စွဲဖြင့် နိုင်ငံ‌တော်သံဃမဟာနယကအဖွဲ့ “‌ကြေညာချက်” ‌ပေါ်ထွက်ပါပြီ။ “‌ကြေညာချက်” ရဲ့ အဓိက ဦးတည်ချက်မှာ (မဘသ) အမျိုးဘာသာ၊ သာသနာ‌စောင့်‌ရှောက်‌ရေးအဖွဲ့ (ဗဟို)ရဲ့ (၇-၇-၂၀၁၆) ရက်စွဲပါ “သ‌ဘော ထား ထုတ်ပြန်ချက်” ဆိုသည်ကို တိုက်ရိုက် တုန့်ပြန်ထားခြင်းဖြစ်ပါတယ်။

နိုင်ငံ‌တော် သံဃမဟာနယကအဖွဲ့ သက်တမ်းတစ်‌လျှောက် ထုတ်ပြန်ခဲ့တဲ့ ‌ကြေညာချက်များအနက် “အတိုဆုံး၊ အရှင်းလင်းဆုံး အတိကျဆုံးနဲ့ အပြတ်သားဆုံး ‌ကြေညာချက်” ဖြစ်မယ်လို့ ယူဆပါတယ်။ အဓိကအချက်များကို ‌ကောက်နုတ်‌ဖော်ပြလိုက်ပါ တယ်။

– (မဘသ)ဗဟို၏ (၇-၇-၂၀၁၆) ရက်‌နေ့တွင် စာအမှတ်၊ ဝ၀၀၉ /စီမံ-မဘသ/၂၀၁၆ ဖြင့် ထုတ်ပြန်သည့် သ‌ဘောထား ထုတ် ပြန်ချက်ကို နိုင်ငံ‌တော်သံဃမဟာနယကအဖွဲ့ အ‌နေဖြင့် လုံးဝ (လုံးဝ) ကန့်ကွက်ပါသည်။

– (မဘသ) အဖွဲ့သည် ဂိုဏ်း‌ပေါင်းစုံ သံဃာ့ညီလာခံကြီးမှ ‌ပေါက်ဖွားလာခြင်း လုံးဝ(လုံးဝ) မဟုတ်ပါ။

– မည်သည့် ဂိုဏ်း‌ပေါင်းစုံ အစည်းအ‌ဝေးကြီးကမျှ (မဘသ)အဖွဲ့ကို အသိအမှတ်ပြုခြင်း၊ သ‌န္ဓေတည်‌ပေါက်ဖွား‌စေခြင်း မရှိခဲ့သည့် အပြင် (မဘသ) ဟူ‌သော အသုံးအနှုန်းကိုပင် ‌ခေါ်‌ဝေါ်သုံးစွဲခဲ့ခြင်း အလျဉ်းမရှိခဲ့ပါ။

– (မဘသ) အဖွဲ့သည် သံဃာ့အဖွဲ့အစည်း အ‌ခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ သံဃနာယကလက်စွဲ၊ ညွန်ကြားလွှာများ၌ ‌ဖော်ပြ ပါရှိခြင်း မရှိသည့်အပြင် အဆိုပါညွန်ကြားလွှာ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖွဲ့စည်းထားသည့်အဖွဲ့ မဟုတ်ပါ‌ကြောင်း အများ ပြည်သူများ ယုံမှားသံသယ မရှိ‌စေရန် ထုတ်ပြန်‌ကြေညာလိုက်သည်။

အဆိုပါ‌ကောက်နုတ်ချက်များကို ဖတ်ရုံမျှဖြင့် (မဘသ)အဖွဲ့ဘာလဲဆိုတာ ရှင်းလင်းကြည်လင်သွားပါလိမ့်မယ်။
“အသိအမှတ်ပြုခြင်းလည်းမရှိ၊ သ‌န္ဓေတည်‌ပေါက်ဖွားခြင်းလည်းမရှိ ၊ အသုံးအနှုန်းကိုပင် ‌ခေါ်‌ဝေါ်သုံးစွဲခဲ့ခြင်း အလျဉ်းမရှိခဲ့ပါ”တဲ့ ဘယ်‌လောက်ပြတ်သားရှင်းလင်းတဲ့ စကားလုံး‌တွေဖြစ်ပါသလဲ။ ဘာသာ‌ရေးနဲ့ လားလားမျှ မသက်ဆိုင်ဘူးဆိုတာ ‌သေချာသွား ပြီ။ ဒါဆိုရင် (မဘသ)ဟာ ဘယ်လိုအဖွဲ့အစည်းလဲ။ (မဘသ)ဘာ‌တွေလုပ်ခဲ့သလဲ၊ (မဘသ)လုပ်ရပ်‌တွေက ရှင်းရှင်းလင်းလင်း အ‌ဖြေ‌ပေးထားပြီးသား ဖြစ်ပါတယ်။

ပထမအချက်က ဘာသာ‌ရေးအ‌ရေခြုံထားပြီး လူမျိုး‌ရေးဗန်းပြထားတယ်။
ဒုတိယအချက်က တိုင်းရင်းသားပြည်သူများ အချင်းချင်းအကြား ဘာသာ‌ရေး/လူမျိုး‌ရေးအရ ‌သွေးခွဲရန်တိုက်‌ပေးတယ်။

အုပ်စိုးသူအစိုးရအဆက်ဆက်ရဲ့ မှားယွင်း‌ဖောက်ပြန်တဲ့ ‌ပေါ်လစီများ‌ကြောင့် အုပ်စိုးသူလူတစ်စုသာ ကျိကျိတက်ချမ်းသာကြွယ် ဝ‌နေပြီး လူမျိုး‌ပေါင်းစုံပြည်သူများဘဝဟာ ဘက်‌ပေါင်းစုံက‌နေ ဆင်းရဲနိမ့်ကျပြီးရင်း နိမ့်ကျ‌နေခဲ့ရတယ်။ (မဆလ) တစ်ပါတီအုပ် စိုးသူများက အဆင်းရဲဆုံးနိုင်ငံဘဝ(LDC) ထိုးချခဲ့ပြီး (နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာ ပိုလို့ ဆင်းရဲမွဲပြာကျခဲ့ရတယ်။ ယ‌နေ့အထိလည်း ဆင်းရဲတွင်းနွံအိုင်ထဲက မတက်နိုင်‌သေးဘူး။ အာဆီယံမှာ ‌အောက်ဆုံးက ဘဝ။ အဲဒီလို ဥစ္စာဓန၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး ဘက်စုံ နိမ့်ကျ‌နေမှု‌တွေဟာ လူမျိုး‌ရေး/ဘာသာ‌ရေး ရန်တိုက်မီး‌မွှေးဖို့ အ‌ကောင်းဆုံး‌လောင်စာ‌တွေ ဖြစ်ပါတယ်။

ဒါ‌တွေကို အုပ်စိုးသူ‌တွေက သူတို့အုပ်စိုးမှုသက်ဆိုးရှည်‌စေ‌ရေး၊ သူတို့အုပ်စိုးမှုကို ဦးတည်ဆန့်ကျင် ‌တော်လှန်လာတဲ့/ လာမယ့် လူထုဆန္ဒပြမှု၊ ‌တော်လှန်အုံကြွမှု‌တွေက‌နေ လမ်းလွှဲပစ်‌ရေးအတွက် လူမျိုး‌ရေး/ဘာသာ‌ရေး ‌သွေးခွဲရန်တိုက်‌ပေးမှု‌တွေကို လက် သုံးနည်းအဖြစ် အသုံးချ‌လေ့ရှိတယ်။ ဒီလုပ်ရပ်ဟာ ပြည်သူ‌တွေရဲ့‌သွေး‌တွေနဲ့ ‌ခြေ‌ဆေးတဲ့ အုပ်စိုးသူ‌တွေရဲ့မိုက်မဲယုတ်ညံ့တဲ့ လုပ်နည်းလုပ်ဟန်‌တွေထဲက မရိုးနိုင်တဲ့ လုပ်နည်းတစ်ခုလည်း ဖြစ်ပါတယ်။

အထူးသဖြင့် သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရလက်ထက်မှာ တရားဝင်အဖွဲ့အစည်းတစ်ခုလို အာဏာ‌ကျော‌ထောက် ‌နောက်ခံရှိ အဖွဲ့အစည်းတစ်ခုလို (မဘသ)ဟာ လူမျိုး‌ရေး/ဘာသာ‌ရေး ‌သွေးခွဲရန်တိုက်‌ပေးမှု‌တွေကို လက်ရဲဇက်ရဲ ‌ပြောဆိုလုပ်ကိုင်လာခဲ့ တာ ဖြစ်တယ်။

အဆိုပါလုပ်ရပ်များ/‌ပြောဆို‌ဟော‌ပြောချက်များကို သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ အ‌ရေးယူဖို့‌ဝေးစွ၊ တရားဝင် ဟန့်တားမှုမျှပင် မပြုလုပ်ခဲ့ပါဘူး။ ဆရာဒကာညီညွတ်မှုကို အပြည့်အဝ ပြသခဲ့ကြပါတယ်။

ဒီလိုညီညွတ်မှုရဲ့အကျိုးဆက်က‌တော့ အခြားဘာသာ သာသနာကိုးကွယ်ကြတဲ့ ပြည်သူ‌တွေနဲ့ ဒီလိုအဓိကရုဏ်း‌တွေမှာ လှည့် စားသိမ်းသွင်း ရန်တိုက်‌ပေးခြင်းခံရတဲ့သူ‌တွေပဲ အဓိကအားဖြင့် ထိခိုက်နစ်နာခဲ့ကြရတယ်။ “‌တောင်ကုတ် – မိတ္တီလာ – လားရှိုး – ဥက္ကံ – ထန်းကုန်း” စတဲ့ လူမျိုးဘာသာ‌ရေး အကြမ်းဖက် သတ်ဖြတ်မှုကြီး‌တွေ ဖြစ်ပွားလာခဲ့ရတာပါပဲ။

သတ္တမအကြိမ် နိုင်ငံ‌တော်သံဃမဟာနာယကအဖွဲ့ ၄၇ပါးစုံညီ ဧကာဒသမ အစည်းအ‌ဝေး ပထမ‌နေ့ သာသနာ‌ရေးဝန်ကြီးရဲ့ ‌လျှောက်ထားချက်မှာ ရဟန်းသာမ‌ဏေ‌ပေါင်း ၅၃၅၃၂၇ ရှိလာတယ်လို့ ဆိုပါတယ်။ ဒီအ‌ရေအတွက်ဟာ လက်ရှိ စစ်တပ်အင် အားထက် ပိုများပါတယ်။ ဒီအ‌ရေအတွက်ပမာဏထဲမှာ ရဟန်းသိက္ခာ၊ သာမ‌ဏေသိက္ခာ ‌စောင့်ထိန်းလိုက်နာတဲ့ အ‌ရေအတွက် က ဘယ်‌လောက် ရှိမှာမို့လဲ။

သာသနာ‌ရေးဝန်ကြီး‌လျှောက်ထားချက်ထဲမှာ “လစဉ်ထုတ် ဘာသာ‌ရေးဆိုင်ရာ စာအုပ်စာ‌စောင်များ၊ မဂ္ဂဇင်းများမှာ ‌ထေရဝါဒ ပိဋကတ်‌တော်လာ ကျမ်းဂန်များနှင့်ညီညွတ်မှုမရှိဘဲ မိမိတို့ယူဆထားသည့် အတ္တ‌နောမတိအတိုင်း ‌ရေးသားထားသည့် အဓမ္မဝါဒ များ ပါဝင်‌နေသည်ကို ကြားသိ‌တွေ့မြင်‌နေရပါ‌ကြောင်း”။

ထို့အပြင် “အချို့‌သော ရဟန်း၊ သာမ‌ဏေများအ‌နေဖြင့် သမဏသာရုပ္ပမဖြစ်သည့် ပြုမူ‌ဆောင်ရွက်ချက်များကို ရဲရဲတင်းတင်း ပြုလုပ်‌နေကြသည်ကိုလည်း ‌တွေ့မြင်ကြားသိ‌နေရသဖြင့် — ထိထိ‌ရောက်‌ရောက် နှိမ်နင်းသင့်ပါ‌ကြောင်း”။

“မ‌လျော်ကန်‌သော ကာလ‌ဒေသများနှင့် ‌ဖေ့စ်ဘွတ်နှင့် လူမှုကွန်ယက်တို့တွင် အကျိုးမဲ့အချိန်ဖြန်း‌နေသည့် ရဟန်း၊ သာမ‌ဏေ အချို့ကို ပဓါနနာယက ဆရာ‌တော်ကြီးများအ‌နေဖြင့် ညွန်ကြားလွှာ(၇၂)နှင့်အညီ တင်းတင်းကြပ်ကြပ် ဆုံးမ‌ပေးရန် လိုအပ်လာ ပါ‌ကြောင်း”။

“အချို့‌သော လူပုဂ္ဂိုလ်များကလည်း မိမိတစ်ဦးတစ်‌ယောက်၏ အလိုဆန္ဒဖြင့် သံဃာ့အဖွဲ့အစည်းကြီး ပြိုကွဲပျက်စီး‌စေရန် ရည် ရွယ်၍ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပ‌ဒေလုပ်ထုံးလုပ်နည်းများ ပယ်ဖျက်‌ရေးအတွက် လွှတ်‌တော်အသီးသီးသို့ တင်ပြလာသည် ကိုလည်း ‌တွေ့ရှိရပါ‌ကြောင်း” — စသဖြင့် ဖတ်ရှုကြားသိရပါတယ်။

ဒီ‌နေရာမှာ သာသနာ‌ရေးဝန်ကြီး ‌လျှောက်ထားချက်ထဲမှာမပါဝင်တဲ့ အချက်တစ်ချက်ကို အလျဉ်းသင့်လို့ တင်ပြချင်ပါတယ်။ ဒါက‌တော့ “ယဉ်‌ကျေးလိမ္မာသင်တန်း” နာမည်နဲ့ ဖွင့်လှစ်သင်ကြားတဲ့ သင်တန်းပဲဖြစ်ပါတယ်။ ဒီသင်တန်းကို မူလက ‌ကောင်း ‌သောရည်ရွယ်ချက်‌တွေနဲ့ စတင်ခဲ့တာ ဖြစ်‌ကောင်းဖြစ်ပါလိမ့်မယ်။ သို့‌သော်လည်း ကြားသိ‌တွေ့မြင်‌နေရတာ‌တွေက‌တော့ နုနယ် တဲ့ က‌လေးသူငယ်အရွယ်‌တွေရဲ့ ဦး‌နှောက်နဲ့ နှလုံးသားထဲကို ဘာသာ‌ရေး၊ လူမျိုး‌ရေးအမုန်းတရား‌တွေ၊ အဆိပ်‌တွေ သွတ်သွင်း ‌ပေး‌နေတာ‌တွေပါပဲ။ ဒါ‌တွေကို ထိထိ‌ရောက်‌ရောက်၊ တင်းတင်းကြပ်ကြပ် စိစစ်အ‌ရေးယူဖို့ လိုအပ်ပါတယ်။

နိဂုံးချုပ်ရရင် (မဘသ)အဖွဲ့ဟာ နိုင်ငံ‌တော်သံဃမဟာနယကအဖွဲ့ နဲ့ လားလားမျှ မသက်ဆိုင်‌ကြောင်း ရှင်းလင်း‌ပေါ်လွင်‌နေပါပြီ။ သို့ပါ၍ (မဘသ)အဖွဲ့မှာ ပါဝင်‌နေကြတဲ့ ရဟန်းသာမ‌ဏေများနှင့် လူပုဂ္ဂိုလ်များကို (အထူးသဖြင့် ထိပ်ပိုင်းက အမိန့်‌ပေး‌စေခိုင်း သူ/လက်‌တွေ့ လုပ်‌ဆောင်သူများကို) သံဃာ့အဖွဲ့အစည်း အ‌ခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းနဲ့အညီ အ‌ရေးယူဖို့လိုသလို ပြစ်မှု ကျူးလွန်သူများကိုလည်း အရပ်ဘက်ဥပ‌ဒေများနဲ့အညီ ထိထိ‌ရောက်‌ရောက် ဟန့်တား၊ အ‌ရေးယူ၊ အပြစ်‌ပေးဖို့ လိုအပ်ပါတယ်။

ကိုးကား
– မြန်မာ့အလင်းသတင်းစာ (၁၃-၇-၂၀၁၆)
– မြန်မာ့အလင်းသတင်းစာ (၁၄-၇-၂၀၁၆)