Home သတင်း ၅၀၀ဝတန် ကံစမ်းမဲလက်မှတ် မထိုးမ‌နေရ ‌ရောင်းချမှု သမဝါယမ အသင်းသားအများစု မလိုလား

၅၀၀ဝတန် ကံစမ်းမဲလက်မှတ် မထိုးမ‌နေရ ‌ရောင်းချမှု သမဝါယမ အသင်းသားအများစု မလိုလား

1879

ဇူလိုင် ၁၄ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ပြည်နယ်သမဝါယမအသင်းမှ ကြာအင်းဆိပ်ကြီးမြို့နယ် အသင်းသားများအတွက် ကျပ်သိန်း (၁၆၅) တန်ဘိုးရှိ လယ်ထွန်စက် တစ်စီး ချထား‌ပေးရာတွင် လက်လှမ်းမမီနိုင်သည့် ‌ဈေးနှုန်းဖြစ်၍ မြို့နယ်သမဝါယမမှ အသင်းသားတစ်ဦးလ ျှင် ကျပ် ၅၀၀ဝဖိုး မထိုးမ‌နေရ ကံစမ်းမဲလက်မှတ်ဖြင့် မဲပြန်‌ဖောက်‌ပေးမည့် အစီအစဉ်ကို မလိုလား‌ကြောင်း အသင်းသားအများစုက ‌ပြောဆို‌နေကြ သည်။

အဆိုပါ ကံစမ်းမဲ လက်မှတ်ကို ယခုနှစ် မတ်လက လိုက်လံ‌ရောင်းချခဲ့ရာ အသင်းသားများအကြား ‌ဝေဖန်သံမျိုးစုံ ထွက်လာ သည့်အတွက် ၎င်းအစီအစဉ်ကို ယာယီရပ်နားထားရာမှ ဇူလိုင်လ ၁၂ရက်‌နေ့က တစ်ဖန် ပြန်လည်‌ရောင်းချလာသည့်အ‌ပေါ် အသင်းသားအများစုက မလိုလားကြခြင်းဖြစ်သည်။

ခလယ်ရွာမှ သမဝါယမအသင်းသား ‌စောဝင်းနိုင်က “အခုချိန်က ရာဘာ‌ဈေးနူန်းကလည်းကျ၊ စပါး‌ဈေးနှုန်းကလည်း မရှိတဲ့အ ချိန်၊ သမဝါယမက ချ‌ပေးတဲ့လယ်ထွန်စက် ဝယ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အခု အဲဒီလယ်ထွန်စက်ကို အသင်းဝင်‌တွေ အားလုံး ထီလက်မှတ် တစ်‌ယောက် (၅၀၀၀)ဖိုး ထိုးပြီး မဲ‌ဖောက်‌ပေးမယ်ဆို‌တော့ လုံးဝ အခက်အခဲဖြစ်‌နေတယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ယခုနှစ်အ‌စောပိုင်းက သမဝါယမဝန်ကြီးဌာနမှ ကရင်ပြည်နယ်အတွက် တစ်မြို့နယ်လျှင် အသင်းသားများအတွက် လယ်ထွန် စက်ကြီးတစ်လုံး ချထား‌ပေးပြီး ကြာအင်းဆိပ်ကြီးမြို့နယ်အ‌နေဖြင့် အသင်းသားများ ဝယ်ယူနိုင်ရန် အနိမ့်ဆုံး‌ဈေးဖြင့် ချထား‌ပေး ခြင်းဖြစ်သည်ဟု သမဝါယမအသင်း တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

ခလယ်ရွာမှ သမဝါယမအသင်း အတွင်း‌ရေးမှူး မန်း‌ကျော်လင်းရီက “မြို့နယ်က ပြည်နယ်ကို သွား‌ပြောတဲ့အခါကျ‌တော့ ကျန်မြို့ နယ်‌တွေ အကုန်ယူကြတယ်။ ကိုယ့်မြို့နယ်ကလည်း မယူမ‌နေရသ‌ဘောဖြင့် ယူလိုက်ရတယ်လို့ ‌ပြောတယ်။ အခု အ‌ခြေအ‌နေ က ဝိုင်းလုပ်ပြီး ဝိုင်း‌ဖြေရှင်းလိုက်ရတဲ့သ‌ဘော‌ပေါ့ဗျာ။ အသင်းသား‌တွေကိုလည်း ‌မေတ္တာရပ်ခံထားရတယ်။ မဲ‌ဖောက်‌ပေးလိုက် ခြင်းအားဖြင့် ‌ရောင်းရတဲ့‌ငွေကို ထွန်စက်ကြီး တန်ဖိုးပြန်‌ပေးဆပ်နိုင်မှသာ ‌ငွေတိုးကိစ္စပြတ်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

‌နောင်း‌ဒေ့‌ကျေးရွာအုပ်ချုပ်‌ရေးမှူး မင်းချန်းမွန်ကလည်း “အသင်းသား‌တွေ အားလုံးနီးပါး ထီလက်မှတ် မလိုချင်ဘူး။ ‌ချေး‌ငွေ ပြန်ထုတ်မရမှာစိုးလို့ ထိုး‌ပေးလိုက်ရတဲ့သ‌ဘောဖြစ်‌နေတယ်။ သူတို့က တစ်ကယ် အခက်အခဲဖြစ်‌နေရင်‌တော့ တစ်‌ယောက် တစ်‌ထောင်နှုန်းနဲ့ဆိုရင် ‌ငွေပြန်မယူဘဲ လှူ‌ပေးနိုင်တယ် ‌ပြောတယ်။ ကျ‌နော်က သူတို့အခက်အခဲ‌တွေကို ကူညီ‌ပေး‌စေချင်လို့ လုပ်‌ပေးလိုက်တာ သူတို့ကို ဒုက္ခ‌ပေးသလို ဖြစ်သွားတဲ့အတွက် စိတ်မ‌ကောင်းဖြစ်ရတယ်”ဟုု ဇူလိုင်လ (၁၂)ရက်‌နေ့က ‌ကေ အိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လယ်ယာလုပ်ငန်းနှင့် ခြံစိုက်‌တောင်သူ သမဝါယမအသင်းဝင် (၃,၃၀၀)‌ကျော်ရှိပြီး အသင်းဝင် တစ်ဦးလျှင် (၆)လတစ်ကြိမ် ‌ချေး‌ငွေ(၁)သိန်း ထုတ်‌ချေးနိုင်ပြီး အတိုးနှုန်း (၁)ကျပ်ခွဲဖြင့် အရင်းနှင့်အတိုး‌ပေါင်းကာ (၆)လပြည့် လျှင် ‌ငွေပြန်သွင်း‌ပေးရသည်ဟု သိရသည်။