Home တွေ့ဆုံမေးမြန်းခန်း ကရင်‌ကျောင်းဆရာ၊ ဆရာမများလုပ်ငန်းအဖွဲ့-(KTWG-Karen Teachers Working Group) ဒါရိုက်တာအဖွဲ့ဝင် ‌နော်လယ်ထူးနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

ကရင်‌ကျောင်းဆရာ၊ ဆရာမများလုပ်ငန်းအဖွဲ့-(KTWG-Karen Teachers Working Group) ဒါရိုက်တာအဖွဲ့ဝင် ‌နော်လယ်ထူးနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

2286
ဇွန် ၉ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

အရည်အချင်းပြည့်ဝသည့် ကရင်‌ကျောင်းဆရာ၊ ဆရာမများ ‌မွေးထုတ်‌ပေးရန် ရည်ရွယ်၍ ကရင်ပညာ‌ရေးဌာန(KED)နှင့် ကရင် ‌ကျောင်းဆရာ၊ဆရာမများလုပ်ငန်းအဖွဲ့-(KTWG)တို့ ဦး‌ဆောင်ကာ ဆရာဖြစ်သင်တန်း‌ကောလိပ်‌ကျောင်းများ ဖွင့်လှစ်‌ပေးခဲ့သည် မှာ ယခုနှစ်တွင် ၅ကြိမ်‌မြောက်ရှိပြီ ဖြစ်သည်။

ကရင်‌ကျောင်းဆရာဖြစ် သင်တန်း‌ကောလိပ်‌ကျောင်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကရင်‌ကျောင်းဆရာများ ပူး‌ပေါင်းလှုပ်ရှားမှု အဖွဲ့၏ ဒါရိုက်တာ ‌နော်လယ်ထူးနှင့် ‌ကေအိုင်စီက ‌တွေ့ဆုံ‌မေးမြန်းထားချက် ဖြစ်သည်။

‌မေး ။ ။ ‌ရှေးဦးစွာ ဆရာမတို့အဖွဲ့အ‌ကြောင်းနဲ့ ကရင်ပြည်နယ်မှာ ပြန်လာအ‌ခြေစိုက်တာ ကြာပြီလားဆိုတာ သိပါရ‌စေ။
‌ဖြေ ။ ။ တိုက်ပွဲ‌တွေ‌ကြောင့် နယ်‌မြေ အ‌ခြေအ‌နေ‌တွေ မငြိမ်သက်ခဲ့တဲ့အချိန်က အရင်ဦးဆုံး ဒုက္ခသည်စခန်းမှာ အ‌ခြေချ တယ်။ ကရင်ပြည်နယ်ထဲမှာ စပြီး အ‌ခြေမချနိုင်ခဲ့ဘူး။ ဒါ‌ပေမယ့် ဒီနှစ် ၂၀၁၆ခုနှစ်အတွင်းမှာ ကျမတို့ ရည်ရွယ်ထားတဲ့အတိုင်း အ‌ခြေအ‌နေ‌တွေ ‌ပေးလာတဲ့ ပစ်ခတ်ရပ်စဲပြီး ‌နောက်ပိုင်းမှာ ကရင်ပြည်နယ်ဘက်ကို ပြန်လာ‌ပြောင်း‌ရွှေ့ခဲ့တယ်။ ကျမတို့ KTWG – Karen Teachers Working Group က ‌ကျောင်းဆရာ၊ ဆရာမအားလုံးအတွက် အရည်အချင်း‌တွေကို မြှင့်တင်‌ပေးဖို့ ရည်ရွယ် တာ ဖြစ်ပါတယ်။ ကရင်‌ကျောင်းဆရာအသင်း(KTWG)က ကရင်ပညာ‌ရေးဌာနနဲ့ လက်တွဲလုပ်‌ဆောင်တဲ့ ‌ကော်သူး‌လေ‌ကျောင်း ဆရာ၊ ဆရာမ‌တွေကို ‌မွေးထုတ်‌ပေးတဲ့ ‌ကောလိပ် ၂ခု ရှိတယ်။ ပထမ ‌ကောလိပ်‌ကျောင်းက ကရင်ပြည်နယ်၊ မူတ‌ရော်(ဖာပွန်) ခရိုင်မှာရှိပြီး၂၀၀၄ခုနှစ်မှာ စဖွင့်တာ ဖြစ်ပါတယ်။ ဒုတိယ‌ကောလိပ်က ဒူးပလာယာခရိုင်မှာ ဖြစ်ပါတယ်။

‌မေး ။ ။ ‌မွေးထုတ်ထားတဲ့ ‌ကျောင်းဆရာ၊ဆရာမ‌တွေကို ဘယ်‌နေရာ တာဝန်ပြန်‌ပေးတာပါလဲ။
‌ဖြေ ။ ။ ကရင်(‌ကော်သူး‌လေ)တစ်ပြည်နယ်လုံးအတွက်ကို ရည်ရွယ်ထားတဲ့အတွက် ကျမတို့ ‌မွေးထုတ်ပြီးတဲ့ ‌ကျောင်းဆရာ ‌တွေကို သူတို့ရဲ့ ဆိုင်ရာ ခရိုင်၊ မြို့နယ်‌တွေမှာ ပြန်တာဝန်ချ‌ပေးမှာ ဖြစ်ပါတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ဒီပညာကိုသင်ယူရာမှာ ခရိုင်၊ မြို့နယ်‌တွေက သူတို့ရဲ့‌ဒေသ၊ ‌ကျေးရွာ‌တွေမှာ ပြန်အသုံးချဖို့ ‌ရွေးချယ်ထားလို့ပါ။

‌မေး ။ ။ ‌ကျောင်းဆရာ‌တွေကို ‌မွေးထုတ်ရာမှာ ဘာအခက်အခဲ‌တွေနဲ့ ရင်ဆိုင်ကြုံ‌တွေ့ရပါသလဲ။
‌ဖြေ ။ ။ ကျမတို့က ၂၀၀၄ကတည်းကစပြီး ‌မွေးထုတ်ပျိုး‌ထောင်ခဲ့ချိန်က စစ်ပွဲပြင်းထန်တဲ့အတွက် ‌ကျောင်းသူ‌ကျောင်းသား ‌တွေကို ပို့‌ဆောင်ဖို့အတွက်ပဲဖြစ်ဖြစ်၊ ‌ဒေသခံ ပညာ‌ရေးတာဝန်ခံ‌တွေက သူတို့ရဲ့ ‌ကျောင်းသူ‌ကျောင်းသား‌တွေကို ကျမတို့ရဲ့ လုပ်‌ဆောင်မှုမှာ အပြည့်အဝ ပါဝင်ဖို့ အခက်အခဲတချို့ ကြုံ‌တွေ့ခဲ့ရတယ်။ ဒါ့အပြင် ‌နေရာ‌ဒေသ အခက်အခဲဖြစ်တယ်။ အားလုံး ကျမတို့‌ကျောင်းမှာ ပါဝင်နိုင်‌အောင် အများကြီး ‌ဆောင်ရွက်ချင်တယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ကျမတို့ရဲ့ ‌ကော်သူး‌လေ‌ကျောင်း မှာ ကိုယ့်ရဲ့သင်ရိုးညွှန်းတမ်းကို သုံးဖို့အတွက် ဖြစ်တယ်။ အရည်အချင်းပြည့်မှီတဲ့ သင်တန်းမှူး‌တွေအတွက်ဆိုရင်လည်း တဖြည်းဖြည်း လုပ်‌ဆောင်ရတာမို့ အဲဒီအခက်အခဲ‌တွေ ရှိတယ်။

‌မေး။ ။ လက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံး‌နေတဲ့ ပညာ‌ရေး‌ပေါ်လစီကို ဘယ်လို မြင်ပါသလဲ။
‌ဖြေ။ ။ နှစ်အ‌တော်များများ အစိုးရ‌ကျောင်း‌တွေမှာ ပြန်သုံးတဲ့ ‌ကျောင်းသူ‌ကျောင်းသား‌တွေအတွက် သူတို့ရဲ့ သင်ကြား‌ရေး အစီအစဉ်နဲ့ လုပ်ငန်း‌ဆောင်တာ‌တွေကို လက်မခံနိုင်တဲ့ အခက်အခဲ‌တွေ ရှိတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ‌ကျောင်းဆင်းတဲ့ ‌ကျောင်းသူ‌ကျောင်းသား‌တွေက participatory approach နဲ့ teacher center ကို student center အ‌နေနဲ့ သုံးချင်‌ပေမယ့် မြန်မာအစိုးရဘက်က teacher center ကို သုံးတာများတဲ့အတွက် သူတို့သုံးမှာကို ခွင့်မပြုပါဘူး။ အဲဒါ‌တွေကို သူတို့က ပြန်တင် ပြတယ်။

‌မေး ။ ။ လက်ရှိ တက်လာတဲ့အစိုးရသစ်နဲ့ ပတ်သက်ပြီး ပညာ‌ရေးပိုင်း ဘယ်လို လက်တွဲလုပ်‌ဆောင်ဖို့ ရှိပါသလဲ။
‌ဖြေ ။ ။ အစိုးရသစ်နဲ့ ဘယ်လိုပညာ‌ရေးစနစ်မျိုး သုံးမလဲဆိုတာ ဘာမှ မတိုင်ပင်ရ‌သေးဘူး။ ဒါ‌ကြောင့်မို့ ဘယ်သင်ရိုးညွှန်း တမ်းကို သုံးမယ်ဆိုတဲ့ ဆုံးဖြတ်ချက် အ‌သေအချာ မရှိ‌သေးဘူး။ လက်ရှိ ‌တွေ့ဆုံ‌ဆွေး‌နွေး‌နေဆဲနဲ့ မ‌တွေ့ဆုံချိန်‌တွေကြားမှာ ကျမတို့ ကရင်ပညာ‌ရေးဌာနက နှစ်‌ပေါင်း ၆၀‌လောက် ရပ်တည်ခဲ့တဲ့ ကိုယ့်ရဲ့ သင်ရိုးညွှန်းတမ်းအတိုင်း ဆက် ရပ်တည်သွား မယ်။
လက်တွဲလုပ်‌ဆောင်ဖို့က နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲက ဘယ်လို‌ရှေ့ဆက်ဖြစ်မလဲ။ ဥပမာ – ပညာ‌ရေးဘက်မှာ ဘယ်လို ‌ပြောင်းလဲပူး‌ပေါင်းလုပ်‌ဆောင်မလဲဆိုတာကို ဦးစား‌ပေးမယ်ဆိုရင် ‌ဆွေး‌နွေးရာမှာပါမယ်။ ဒါ‌ပေမယ့် ကျမတို့‌ပြောတဲ့အတိုင်း ကျမတို့ ကရင်ပညာ‌ရေးပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပညာ‌ရေးအတွက်ပဲဖြစ်ဖြစ် ကျမတို့က ‌ဆွေး‌နွေးတိုင်ပင်ဖို့ ကြိုဆိုတယ်။ ကျမ တို့ရဲ့ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းကို မိမိ‌ကျောင်းနဲ့ မိမိဘာသာစကားအတိုင်း သင်ကြားခွင့်ရဖို့အတွက်က ကျမတို့ ရည်မှန်းချက် ဖြစ်သလို ကရင်တစ်မျိုးသားလုံးအတွက် ဖြစ်တယ်။

‌မေး ။ ။ အခု‌မေးတဲ့အထဲမှာ မပါတာ‌တွေရှိရင် ဘာ‌တွေ ထပ်ဖြည့်စွက်‌ပြောချင်ပါသလဲ။
‌ဖြေ ။ ။ အပစ်ခတ်ရပ်စဲပြီး‌နောက်ပိုင်း ပညာ‌ရေးပိုင်းမှာကြည့်မယ်ဆိုရင် မြန်မာအစိုးရပညာ‌ရေးက ‌ဒေသထပ်တိုးချဲ့ထွင်ယူ ‌နေတာ ရှိတယ်။ ကျမတို့ရဲ့‌ကျောင်း‌တွေကို မြန်မာအစိုးရက ရယူလိုက်တယ်။ ‌ကျောင်းဆရာ အရည်အချင်းမြှင့်တင်ရာမှာလည်း ကိုယ့်ရဲ့ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းကို ‌ကျောင်းမှာ အသုံးပြုဖို့ သင်ကြားပြသထားပြီးသား။ ကျမတို့ပညာ‌ရေးဌာနရဲ့ အကြီးဆုံး ‌သော ‌မျှော်မှန်းချက်က ‌ကျောင်းသူ‌ကျောင်းသား‌တွေဟာ သူတို့ရဲ့‌ကျောင်း‌တွေကို ပြန်ဖြည့်ဆည်းဖို့၊ သူတို့ရဲ့ ‌ကျောင်းသား‌တွေ ကိုယ်ပိုင်ဘာသာစကားကို ပြန်သုံးတတ်ဖို့နဲ့ ကိုယ်ပိုင် သင်ရိုးညွှန်းတမ်းကို ပြန်အသုံးချတတ်ဖို့အတွက် ဖြစ်ပါတယ်။