Home တွေ့ဆုံမေးမြန်းခန်း KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

1951

‌မေလ ၁၈ ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(KNU)က ဦး‌ဆောင်ပြီး ပြည်တွင်း၊ ပြည်ပနှင့် နယ်စပ်‌ဒေသရှိ ကရင်အမျိုးသား အလွှာ‌ပေါင်းစုံ ပါဝင်သည့် ကရင်အမျိုးသား နှီး‌နှောဖလှယ်ပွဲတစ်ရပ်ကို ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ KNU တပ်မဟာ (၇)နယ်‌မြေ ‌လေးဝါး(‌လော်ခီးလာ)‌နေရာ၌ ‌မေ ၁၆ရက်‌နေ့မှ ၂ဝရက်‌နေ့အထိ ပြုလုပ်လျှက်ရှိသည်။

ငါးရက်ကြာ ‌ဆွေး‌နွေးပွဲတွင် ‌ရှေ့လာမည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများအတွက် ‌ကေအဲန်ယူမှ ပြုစုထားသည့် သ‌ဘောထားအကြံပြုချက် စာတမ်းဖြစ်သည့် (နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး၊ လုံခြုံ‌ရေးနှင့် ‌မြေယာနှင့် သဘာဝပတ်ဝန်းကျင်)စသည့် စာတမ်း ၅ ခုကို အဓိက ‌ဆွေး‌နွေးသွားမည်ဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းကို ‌ကေအိုင်စီက ‌တွေ့ဆုံ‌မေးမြန်းထားသည်။

‌မေး ။ ။ အခု ကရင်အမျိုးသားနှီး‌နှောဖလှယ်ပွဲ ကျင်းပပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြ‌ပေးပါလား။
ကရင်အမျိုးသားနှီး‌နှောဖလှယ်ပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်က‌တော့ အပစ်အခတ်ရပ်စဲ‌ရေးပြုလုပ်ပြီး ‌နောက်ပိုင်းမှာ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှုဆိုတာ ရှိပါတယ်။ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှုမှာ ‌ဆွေး‌နွေးရမယ့် ‌ခေါင်းစဉ်ကြီး ၅ခုရှိပါတယ်။ နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ စစ်‌ရေး၊ လူမှု‌ရေးနဲ့‌မြေယာနဲ့သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်‌တွေ ရှိပါတယ်။ ‌ဆွေး‌နွေးမှုမှာ ကရင်တစ်မျိုးသားလုံးရဲ့ အသံ‌တွေ သ‌ဘောထား‌တွေရရှိဖို့ ‌နောက်တစ်ခု ကလည်း နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲမှာ တတ်သိပညာရှင်‌တွေလည်း ပါလာနိုင်ဖို့အတွက် စုစည်း ‌ဆောင်ရွက်ပြီး အဓိက‌တော့ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ‌တွေမှာ နိုင်ငံ‌ရေးအစုအဖွဲ့‌တွေ ‌ဆွေး‌နွေးရမယ့် အ‌ကြောင်းအရာ‌တွေ အချက်အလက်‌တွေကိုု ပံ့ပိုးနိုင်ဖို့အတွက် ကျ‌နော်တို့ ဒီနှီး‌နှောဖလှယ်ပွဲကိုကျင်း ပရခြင်းဖြစ်ပါတယ်။ ‌နောက်ပြီး KNU ‌ခေါင်း‌ဆောင်‌တွေ၊ ပြည်တွင်းနိုင်ငံ‌ရေးပါတီ‌တွေ၊ လူမှုအဖွဲ့အစည်း‌တွေ၊ နိုင်ငံတကာ‌ရောက် ကရင်အဖွဲ့အစည်း‌တွေရဲ့ အမြင်ကို စုစည်းတဲ့ သ‌ဘောလည်း ဖြစ်ပါတယ်။

‌မေး ။ ။ အခု နှီး‌နှောဖလှယ်ပွဲမှာ ‌ဆွေး‌နွေးတဲ့ ‌ခေါင်းစဉ်ကြီး ၅ခုက ဘယ်က‌နေ အ‌ခြေခံပြီး စတင်ဖြစ်‌ပေါ်လာတာပါလဲ။
NCA ထဲမှာပါတဲ့ သ‌ဘောတူညီချက်အတိုင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုမှာ ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်မယ်။ ဒီမိုက‌ရေစီစနစ် အမျိုးသားတန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်‌တွေမှာ အာမခံချက်အပြည့်အဝရှိပြီး ပင်လုံ စိတ်ဓာတ် ပင်လုံရလဒ်နဲ့ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲမှာ ရလာတဲ့ ရလဒ်နဲ့အညီ ဒီမိုက‌ရေစီဖက်ဒရယ်ပြည် ‌ထောင်စုတည်‌ဆောက်မယ်ဆိုပြီး စာချုပ်မှာပါတဲ့ သ‌ဘောတူညီချက်ရရှိထားတဲ့ အ‌ပေါ်မှာ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု မူ‌ဘောင်ကို ‌ရေးဆွဲထားတယ်။ အဲဒီနိုင်ငံ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးမှုမူ‌ဘောင်မှာ ဒီနိုင်ငံ‌ရေး ဆိုင်ရာကိစ္စရပ်ကြီး ၅ခုကို ‌ဆွေး‌နွေးဖို့ သ‌ဘောတူခဲ့ကြတယ်။ အခုဒီအ‌ခြေခံမူ‌ဘောင်ကို ကျ‌နော်တို့‌ဆွေး‌နွေး‌နေတာဖြစ်ပါတယ်။

‌မေး ။ ။ ဒီနှီး‌နှောဖလှယ်ပွဲမှာ‌ဆွေး‌နွေးတဲ့ ‌ခေါင်းစဉ်ကြီး ၅ ရပ်ကို KNU အ‌နေနဲ့ ‌ခေါင်းစဉ်တစ်ခုချင်းစီအလိုက် ဒါ‌တွေကို ဘယ်လိုဆက်လက်အ‌ကောင်အထည်‌ဖော်သွားမလဲ။
ပထမဆုံးအ‌နေနဲ့ KNU က ပြုစုထားတဲ့ သ‌ဘောထားအကြံပြုချက်စာတမ်းကို တခြား ကရင်အစုအဖွဲ့‌တွေနဲ့ စုဖွဲ့‌ဆွေး‌နွေးပြီးရရှိလာတဲ့ စာတမ်းအ‌ပေါ်မှာ ကရင်လူထုလူတန်းအသီးသီးအထိ ဆင်းပြီး‌တော့ သူတို့ရဲ့ သ‌ဘောထားအကြံပြုချက်‌တွေ ရယူပြီး ပြန်စုမယ်။ အဲဒါ‌တွေ KNU ရဲ့သ‌ဘောထားရပ်တည်ချက် ဖြစ်လာမယ်။ အဲဒီရလာတဲ့ သ‌ဘောထားတူညီချက်‌တွေကို တခြားလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အစု အဖွဲ့‌တွေနဲ့ ပြန်လည်‌ဆွေး‌နွေးပြီးတဲ့‌နောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း‌တွေရဲ့ အမြင်သ‌ဘော ထား(သို့)‌ပေါ်လစီ စာတမ်းဆိုတာ ရလာမယ်။ အဲဒါ‌တွေကို ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံမှာ တခြား တိုင်းရင်းသားအဖွဲ့အစည်း‌တွေ နိုင်ငံ‌ရေးပါတီ‌တွေ အစိုးရ‌တွေက‌နေ‌ဆွေး‌နွေးပြီး ရလာတဲ့ရလဒ်ကို ပြန်စုပြီး‌တော့မှ ပြည်‌ထောင်စုသ‌ဘောတူစာချုပ်ရတဲ့အထိ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

‌မေး။ ။ ဒီလုပ်ငန်းစဉ်က NCA စာချုပ်အတိုင်းအ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်တာ ဖြစ်တယ်။ ‌နောက်ပြီး Code of Conduct လိုကိစ္စကလည်း စာချုပ်ရဲ့အ‌ကောင်အထည်‌ဖော်ရမယ့် အချက်ထဲမှာပါ‌နေတဲ့အခါကျ ‌တော့ ဒီနှစ်ခုကို ဘယ်လိုနည်းလမ်းနဲ့အ‌ကောင်အထည်‌ဖော်သွားဖို့ရှိပါလဲ။
ကျ‌နော်တို့ NCAကို လက်မှတ်‌ရေးထိုးပြီး‌နောက်မှာ အလုပ်နှစ်ခုဖြစ်လာတယ်။ အဲဒါထဲက တစ်ခုက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးခိုင်မာ‌အောင် ‌ဆောင်ရွက်ရမယ့်ကိစ္စ၊ ‌နောက်တစ်ခုက နိုင်ငံ‌ရေးပြဿနာ ‌ဖြေရှင်းရမယ့်ကိစ္စ ဖြစ်ပါတယ်။ အခုလုပ်‌ဆောင်‌နေတာက နိုင်ငံ‌ရေးပြဿနာ‌ဖြေရှင်းဖို့ လုပ်‌ဆောင်တဲ့ကိစ္စ ဖြစ်တယ်။ အပစ်ခတ်ရပ်စဲ‌ရေးခိုင်မာ‌အောင် လုပ်တဲ့ကိစ္စက‌တော့ တပ်ပိုင်းဆိုင်ရာ ကိစ္စဆို‌တော့ ဒါကို တပ်ပိုင်းဆိုင်ရာက လုပ်‌ဆောင်သွားမှာပဲ ဖြစ်ပါတယ်။ ဒီဟာ‌တွေကို တပြိုင်နက်တည်း လုပ်‌ဆောင်သွားမှာဖြစ်ပါတယ်။

‌မေး။ ။အစိုးရသစ်အ‌နေနဲ့က‌ရော ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုကိစ္စရပ်‌တွေနဲ့ပတ်သက်ပြီး ဘယ်လို‌ဖော် ‌ဆောင်သွားမယ်ဆိုတဲ့ မူဝါဒ‌တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း‌တွေကို ချပြတာမျိုး ဘယ်လိုရှိ ပါသလဲ။
ကျ‌နော်တို့သိရှိရသ‌လောက် အစိုးရသစ်အ‌နေနဲ့ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုကိစ္စရပ်‌တွေမှာ NCA ကိုပဲအ‌ခြေခံပြီး ‌တော့ ‌ဖော်‌ဆောင်သွားမယ်လို့ သိရှိရပါတယ်။ ဒါ‌ပေမယ့်နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး ‌နွေးမှုမူ‌ဘောင်နဲ့ပတ်သက်လို့ သူ တို့ပြန်လည်သုံးသပ်ပြီး ဘယ်လိုပြင်သင့်တယ်ဆိုတာ လုပ်သွားမယ် လို့သိရ တယ်။ ပြင်တယ်ဆိုတဲ့‌နေရာမှာ လည်း တစ်ဖွဲ့တည်းပြင်လို့မရဘူး။ UPDJC အဖွဲ့ဝင်အားလုံးက လက်ခံတဲ့ပြင် ဆင်မှုကိုပဲ လုပ်‌ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒါကလည်း NCA စာချုပ်မှာပါတဲ့ သ‌ဘောတူညီချက် အတိုင်းပဲဖြစ်ပါတယ်။ စာချုပ်မှာပါတဲ့မူ ‌ဘောင်ကလည်း အ‌သေမဟုတ်တဲ့အတွက် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ငြိမ်းချမ်းကိစ္စ‌ဆောင်ရွက်တဲ့အခါမှာ လည်း NCAကို အ‌ခြေခံတဲ့အတွက်‌ကြောင့် အ‌ကောင်အထည်‌ဖော်တဲ့‌နေရာမှာ လုပ်ငန်းအစီအစဉ်‌တွေဟာ အများကြီးအ‌ပြောင်းအလဲဖြစ်သွားဖို့ရှိပါတယ်။

‌မေး ။ ။ KNUအ‌နေနဲ့ အရင်အစိုးရနဲ့ NCAစာချုပ်လက်မှတ်ထိုးခဲ့တယ်။ အစိုးရသစ် လက်ထက်ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုမှာလည်း အ‌ပြောင်းအလဲ‌တွေ ရှိလာနိုင်တယ်ဆို‌တော့ KNU အ‌နေနဲ့ဘယ်လိုစိန်‌ခေါ်မှုမျိုး‌တွေ ကြုံ‌တွေ့လာနိုင်ပါလဲ။
စိန်‌ခေါ်မှုအခက်အခဲ‌တွေက‌တော့ နဂိုကတည်းကရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ငြိမ်းချမ်း‌ရေးတည်‌ဆောက် တဲ့‌နေရာမှာ အများနဲ့ပါဝင်‌ဆောင်ရွက်ရမှာကိုး။ အရင်အစိုးရနဲ့က‌တော့ အတိုင်းအတာ တစ်ခုအထိနားလည်မှု တည်‌ဆောက်နိုင်ခဲ့တယ်။ အစိုးရသစ်အ‌နေနဲ့က‌တော့ ကျ‌နော်တို့ပြန်ပြီး‌တော့ ‌ဆွေး‌နွေးရမှာ‌ပေါ့။ ဒါ‌ပေမယ့် ဘာ ပဲဖြစ်ဖြစ် NCA ဆိုတာ အရင်အစိုးရလက်ထက် အာဏာအရှိဆုံး ပုဂ္ဂိုလ်‌တွေနဲ့လက်မှတ်‌ရေးထိုးတာဖြစ်တယ်။ တိုင်းရင်းသားအဖွဲ့အစည်း‌တွေအပြင် နိုင်ငံတကာအသိသက်‌သေ‌တွေလည်း လက်မှတ်ထိုးတယ်။ ဒီစာချုပ်ကို လွှတ်‌တော်မှာလည်း အတည်ပြုပြီးသားဖြစ်တဲ့အတွက်‌ကြောင့် ဘယ်အစိုးရပဲတက်တက် တရားဝင်မှုရသွားပြီ။ ဘယ်အစိုးရပဲတက်တက် ဒီစာချုပ်ကိုအ‌ခြေခံပြီး အ‌ကောင်အထည်‌ဖော်ရမယ်။ ဒါ‌ပေမယ့် အ‌ကောင်အထည် ‌ဖော်တဲ့ နည်းလမ်းမှာကျ‌တော့ သူတို့(အစိုးရသစ်)အ‌နေနဲ့ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် ပါဝင်မှုမရှိ‌ပေမယ့်လည်း ငြိမ်းချမ်း‌ရေးတည်‌ဆောက်မယ်ဆိုတဲ့ အဓိက‌ဆောင်ရွက်မယ့် နိုင်ငံ‌ရေးဦးတည်ချက်မှာ ပါတဲ့အတွက်‌ကြောင့် သူတို့က ‌ဆောင်ရွက်သွားမယ်။ အခက်အခဲရှိတာက အခု ကျ‌နော်တို့ တစ်နိုင်ငံလုံးအပစ် ခတ်ရပ်စဲ‌ရေးဆို‌ပေမယ့် NCA ကို အားလုံးက လက်ခံ‌ပေမယ့် လက်မှတ်ထိုးတဲ့ ‌နေရာမှာကျ‌တော့ အကုန်လုံးမပါ နိုင်‌သေးတဲ့အခါကျ‌တော့ ဒီအခက်အခဲက‌တော့ ရှိမယ်။ ဒီကိစ္စကလည်း တစ်ခါတည်းလုပ်လို့ရချင်မှ ရပါမယ်။

‌မေး ။ ။ လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ မထိုးနိုင်‌သေးတဲ့ အဖွဲ့ဆိုပြီး ရှိတဲ့အခါကျ‌တော့ လက်မှတ်ထိုးထားတဲ့ KNU အ‌နေနဲ့ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုကိစ္စ‌တွေမှာ အစိုးရသစ်အ‌နေနဲ့ ဘယ်လိုလုပ်‌ဆောင်သွား‌စေချင်ပါလဲ။
ကျ‌နော်တို့က‌တော့ စာချုပ်မှာ လက်မှတ်‌ရေးထိုးပြီးတဲ့အခါကျ‌တော့ စာချုပ်ပါတဲ့သ‌ဘောတူညီချက်အတိုင်းပဲ အ‌ကောင်အထည်‌ဖော်ရမှာပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းဖို့အတွက်က‌တော့ အကုန်လုံးဆန္ဒရှိကြတယ်။ အပစ်အခတ် ရပ်စဲဖို့အတွက်က လက်ရှိအစိုးရနဲ့ အပစ်ခတ်ရပ်စဲ‌ရေး မလုပ်‌သေးတဲ့အဖွဲ့‌တွေမှာ အများဆုံးတာဝန်ရှိပါတယ်။ ကျ‌နော်တို့က‌တော့ တိုက်တွန်းနိုင်တဲ့ အ‌ခြေအ‌နေပဲ ရှိပါတယ်။ ဒါ‌ပေမယ့် တစ်ခါတည်း‌ဆောင်ရွက်နိုင်မလားဆို တာက‌တော့ အစိုးရသစ်၊ တပ်မ‌တော်၊ လက်မှတ်မထိုးရ‌သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေ‌ပေါ်မှာ မူတည်ပါတယ်။ ကျ‌နော်တို့ လက်မှတ်‌ရေးထိုးထားတဲ့ အဖွဲ့‌တွေက စာချုပ်သ‌ဘောတူညီချက်အတိုင်း‌တော့ အ‌ကောင်အထည်‌ဖော်ရမှာပဲ။ ဒါကလည်း တစ်ပြိုင်နက်သွားရမယ့်သ‌ဘော ဖြစ်တယ်။ တစ်ဖက်ကလည်း နိုင်ငံ ‌ရေး‌ဆွေး‌နွေးမှုလုပ်သွားမယ်။ တစ်ဖက်ကလည်း အပစ်အခတ်ရပ်စဲ‌ရေးပြုလုပ်နိုင်ဖို့ အစိုးရက လုပ်‌ဆောင်သွားရ မယ်။ ကျ‌နော်နားလည်တာက‌တော့ အစိုးရသစ်ကလည်း အဲဒီလိုသ‌ဘောထားမျိုးရှိတယ်။ အကုန်လုံးပါဝင်နိုင်မှ ထိုင်‌စောင့်ပြီး ဘာနိုင်ငံ‌ရေး‌ဆွေး‌နွေးမှုမှ မလုပ်ဘူးဆိုတဲ့ကိစ္စက မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်လို့ ကျ‌နော်တို့က သူတို့ရဲ့သ‌ဘောထားကို အဲဒီလိုသိထားရတယ်။

‌မေး ။ ။ ‌နောက်ဆုံးအ‌နေနဲ့ အခုပြုလုပ်‌နေတဲ့ နှီး‌နှောဖလှယ်ပွဲကို အ‌ခြေခံပြီး ဘာများဖြည့်စွက်‌ပြောချင်ပါလဲ။
ဒီနှီး‌နှောဖလှယ်ပွဲမှာ တိုင်ပင်‌ဆွေး‌နွေးပြီး အ‌ဖြေရှာကြတယ်။ အခုပါဝင်တဲ့‌ခေါင်း‌ဆောင်‌တွေကလည်း ကရင် အမျိုးသား‌ရေးအတွက် ဘယ်လိုဆန္ဒရှိကြတယ်။ ဘယ်လိုဖြစ်သင့်တယ်ဆိုတာ နှီး‌နှောအ‌ဖြေရှာကြတာ ဖြစ်ပါ တယ်။ ကရင်အမျိုးသားအစည်းအရုံးဆိုတာကလည်း ကရင်အမျိုးသား‌တွေရဲ့တာဝန်‌ပေးမှုအရ ဖွဲ့စည်းထားပြီး အမျိုးသားအ‌ရေးကို ထမ်း‌ဆောင်‌နေတာ ဖြစ်ပါတယ်။ အဲဒီလိုထမ်း‌ဆောင်တဲ့‌နေရာမှာ တကယ့် နိုင်ငံ‌ရေး‌တွေ့ဆုံ ‌ဆွေး‌နွေးမှုသွားတဲ့အခါ ကရင်အမျိုးသားအားလုံးရဲ့ဆန္ဒ လိုလားချက်‌တွေကိုသိရှိဖို့အတွက် အစုအဖွဲ့‌တွေ ဖိတ်‌ခေါ်‌ဆွေး‌နွေးပြီး‌တော့မှ ရလာတဲ့ ရလဒ်‌ပေါ်မူတည်ပြီး ကရင်တစ်မျိုးသားလုံးလက်ခံနိုင်တဲ့ရလဒ်၊ တိုင်းပြည်နဲ့လည်း ကိုက်ညီ ‌ရေရှည်လည်း တည်တံ့ခိုင်မြဲတဲ့ အ‌ဖြေရလဒ်တစ်ခုဖြစ်ဖို့ ဆက်လက်အ‌ကောင် အထည်‌ဖော်‌ဆောင်ရွက်စရာ‌တွေလည်း အများကြီးရှိပါ‌သေးတယ်လို့ ‌ပြောချင်ပါတယ်။