Home သတင်း အုန်းဖျန်ဒုက္ခသည်စခန်း လူ‌နေအိမ် ၁ဝလုံး မီး‌လောင်ပျက်စီး

အုန်းဖျန်ဒုက္ခသည်စခန်း လူ‌နေအိမ် ၁ဝလုံး မီး‌လောင်ပျက်စီး

1386

‌မေလ ၇ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖမြို့နယ်ရှိ ကရင်ဒုက္ခသည်စခန်းတစ်ခုဖြစ်‌သော အုန်းဖျန်ဒုက္ခသည်စခန်းတွင် ယ‌နေ့ မွန်းလွဲပိုင်းက မီး‌လောင်မှုဖြစ်ပွားရာ စခန်း‌နေ ဒုက္ခသည်များ၏ လူ‌နေအိမ် ၁ဝလုံး ပျက်စီးသွားခဲ့‌ကြောင်း ဒုက္ခသည်များ၏ ‌ပြောပြချက်အရ သိရသည်။

အဆိုပါ မီး‌လောင်မှုမှာ အုန်းဖျန်ဒုက္ခသည်စခန်း ဇုံ B ရပ်ကွက် (၁၅)တွင် မွန်းလွဲ ၂နာရီအချိန်ခန့်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ‌လောင်ကျွမ်းရသည့် အ‌ကြောင်းရင်းကို မသိရှိရ‌သေး‌ကြောင်း အဆိုပါရပ်ကွက်၏ အတွင်း‌ရေးမှူးဖြစ်သူ ‌ဒေါ်‌အေးလှိုင်က ယခုလို ‌ပြောသည်။

သူမက “မီးက ဘယ်လိုစ‌လောင်လဲ မသိရ‌သေးဘူး။ မီး‌လောင်တဲ့အချိန်ကလည်း ထမင်းချက်ချိန်မဟုတ်ဘူး။ ‌နောက်ပြီး သူ့အိမ် က စ‌လောင်တာ၊ ကိုယ့်အိမ်က စ‌လောင်တာ ငြင်းခုန်‌နေတုန်းဆို‌တော့ ဆက်ပြီးစုံစမ်း‌နေတုန်းဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

မီး‌လောင်မှုဖြစ်ပွားရာတွင် စခန်း‌နေသူများ၊ ထိုင်းစစ်တပ်နှင့် စခန်းလုံခြုံ‌ရေးများ၏ ဝိုင်းဝန်းငြိမ်းသတ်မှု‌ကြောင့် ည‌နေ ၄နာရီအ ချိန်ခန့်တွင် မီးငြိမ်းသွားပြီး ‌နေအိမ် ၄လုံး မီး‌လောင်ပျက်စီးသွားသလို ကျန်သည့်‌နေအိမ်များမှာ မီးကူးစက်မည်ကို တားဆီးသည့် အ‌နေဖြင့် ဖြိုဖျက်လိုက်ရခြင်းဖြစ်သည်။

စခန်းမှ‌ကောက်ယူထားသည့် စာရင်းအရ မီး‌ဘေး‌ကြောင့် အိုးအိမ်မဲ့သွားသူ ၅၈ဦးရှိပြီး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိသူများမှ အပ ကြီးမား‌သော ထိခိုက်မှုမျိုးမရှိဘဲ လတ်တ‌လောတွင် ၎င်းတို့အ‌နေဖြင့် နီးစပ်ရာ‌နေအိမ်များတွင် ခိုလှုံ‌နေထိုင်လျှက်ရှိ‌ကြောင်း သိရသည်။

အုန်းဖျန်စခန်းတွင် ‌နေထိုင်သည့် ‌နော်‌ဘော‌ညောက “မီးက‌တော့ စခန်းမှာ နှစ်တိုင်းလိုလို အနည်းဆုံး တစ်ခါ‌လောက်‌တော့ ‌လောင်‌နေကျဖြစ်တယ်။ အနည်းနဲ့အများပဲ ကွာတယ်”ဟု ‌ပြောသည်။

အုန်းဖျန်ဒုက္ခသည်စခန်းတွင် ဇုံ A နှင့် ဇုံ B ရှိကာ ရပ်ကွက်‌ပေါင်း (၁၆)ရပ်ကွက်နှင့် လူဦး‌ရေ စုစု‌ပေါင်း တစ်‌သောင်းသုံး‌ထောင် ခန့်ရှိပြီး ယခုမီး‌လောင်မှုမှာ ၂၀၁၆ခုနှစ်မှစ၍ ယ‌နေ့အထိ အုန်းဖျန်စခန်းတွင် အကြီးမားဆုံး မီး‌လောင်ပျက်စီးမှုဖြစ်‌ကြောင်း သိရ သည်။