Home သတင်း ကိုရီးယားလူမျိုးတို့၏ ဗုဒ္ဓ‌မွေး‌နေ့ပွဲသို့ ကိုရီးယားမှ ကရင်လူငယ်များ ပါဝင်ဆင်နွှဲ

ကိုရီးယားလူမျိုးတို့၏ ဗုဒ္ဓ‌မွေး‌နေ့ပွဲသို့ ကိုရီးယားမှ ကရင်လူငယ်များ ပါဝင်ဆင်နွှဲ

1765

‌မေလ ၉ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

‌တောင်ကိုရီးယားနိုင်ငံရှိ ကိုရီးယားလူမျိုး ဗုဒ္ဓဘာသာဝင်များ နှစ်စဉ်ကျင်းပ‌နေကျ ဗုဒ္ဓဘုရားရှင်‌မွေး‌နေ့ပွဲ‌တော်ကို ‌မေလ ၇ရက် ‌နေ့တွင် ‌တောင်ကိုရီးယားမြို့‌တော် ဆိုးလ်မြို့တွင် ကျင်းပခဲ့ရာ ကိုရီးယား‌ရောက် ကရင်လူငယ်များက ပထမဆုံးအကြိမ် ပါဝင် ဆင်နွှဲခဲ့ကြ‌ကြောင်း ကရင်လူငယ်အစည်းအရုံး-KYO (ကိုရီးယား)အဖွဲ့ခွဲက ‌ပြောဆိုသည်။

ယခုနှစ်ပွဲ‌တော်တွင် KYO အ‌နေဖြင့် ပါဝင်ဖြစ်ရခြင်းအ‌ပေါ် KYO (ကိုရီးယား)မှ အတွင်း‌ရေးမှူး ‌စောထွန်းထွန်းက “နှစ်တိုင်း‌တော့ ကျ‌နော်တို့ကို‌ခေါ်တယ်။ အရင်နှစ်‌တွေက‌တော့ အဖွဲ့အ‌နေနဲ့မဟုတ်ဘဲ တစ်‌ယောက်ချင်းစီ‌လောက်ပဲ သွားဖြစ်တယ်။ အခုနှစ်က ‌တော့ ကျ‌နော်တို့ကို ဗုဒ္ဓဘာသာဘုန်းကြီး‌ကျောင်း‌တွေ ကိုရီးယားဘုန်းကြီး‌တွေ ဖိတ်လို့ KYO အဖွဲ့အ‌နေနဲ့ ပါဝင်ဖြစ်ရခြင်း ဖြစ်ပါ တယ်”သူက ‌ပြောသည်။

ကရင်လူငယ်များအပြင် အခြား‌သော မြန်မာတိုင်းရင်းသားများဖြစ်ကြသည့် မွန်၊ ပအိုဝ်းနှင့် မြန်မာဗုဒ္ဓဘာသာ အသင်းအဖွဲ့များ၊ ကိုရီးယားနိုင်ငံသို့ ‌ရောက်ရှိ‌နေကြသည့် ဗီယက်နမ်၊ သီရိလကင်္ာ၊ ထိုင်းနှင့် မွန်ဂိုလီးယားနိုင်ငံများမှ ဗုဒ္ဓဘာသာဝင်များလည်း ပါဝင်ကြသည်ဟု ၎င်းက ဆက်‌ပြောသည်။

KYO (ကိုရီးယား)ကို ၂၀၀၉ခုနှစ်တွင် စတင်ဖွဲ့စည်းကာ ကရင်လူမျိုးများ အ‌လေးအမြတ်ထားသည့် နှစ်သစ်ကူးပွဲ‌တော်၊ ချည်ဖြူ ဖွဲ့မဂင်္လာပွဲ‌တော် စသည့် ရိုးရာအစဉ်အလာပွဲ‌တော်များကို နှစ်စဉ် ဦး‌ဆောင်ကျင်းပလျှက်ရှိပြီး လက်ရှိ အဖွဲ့ဝင် တစ်ရာနီးပါးရှိ သည်ဟု သိရသည်။

မြန်မာပြက္ခဒိန်အရ ကဆုန်လပြည့်‌နေ့ကို ဗုဒ္ဓ‌နေ့အဖြစ် သတ်မှတ်သကဲ့သို့ ‌တောင်ကိုရီးယားနိုင်ငံတွင် ဗုဒ္ဓမြတ်စွာဘုရား၏ ‌မွေး ‌နေ့ကို ကိုရီးယား‌ကောဇာ သက္ကရာဇ်အရ ၄လပိုင်း ၈ရက်‌နေ့ကို သတ်မှတ်ထားခြင်းဖြစ်သည်။