Home သတင်း အိန္ဒုစံပြ‌ကျေးရွာ ဒုတိယအကြိမ် စာ‌ပေ‌ဟော‌ပြောပွဲ ပရိဿတ် ၅၀ဝ ‌ကျော် တက်‌ရောက်အား‌ပေး

အိန္ဒုစံပြ‌ကျေးရွာ ဒုတိယအကြိမ် စာ‌ပေ‌ဟော‌ပြောပွဲ ပရိဿတ် ၅၀ဝ ‌ကျော် တက်‌ရောက်အား‌ပေး

2435

ဧပြီ ၂၈ ရက်၊ ၂၀၁၆ ခုနှစ်။ နန့်သွာ‌ဖောင်

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ အိန္ဒုစံပြ‌ကျေးရွာ ဒုတိယအကြိမ်‌မြောက် စာ‌ပေ‌ဟော‌ပြောပွဲကို အ.ထ.က အိန္ဒု စံပယ်ခန်းမ၌ ဧပြီ ၂၇ ရက်‌နေ့၊ ညဦးပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး စာ‌ပေ‌ဟော‌ပြောပွဲသို့ ပရိဿတ် စုစု‌ပေါင်း ၅၀ဝ ‌ကျော် တက်‌ရောက်အား‌ပေးခဲ့ကြသည်။

စာ‌ပေ‌ဟော‌ပြောပွဲ ကျင်းပခြင်းအ‌ပေါ် ပွဲဖြစ်‌မြောက်‌ရေး ဦး‌ဆောင်စီစဉ်သည့် အိန္ဒုစံပြ‌ကျေးရွာသူ နန်းမြင့်‌အောင်က “ကျမတို့ စာ‌ပေ‌ဟောပွဲ လုပ်ရတဲ့အ‌ကြောင်းက လူငယ်‌တွေအတွက် အဓိကပါပဲ။ စာ‌ပေနဲ့ ပတ်သက်တဲ့ သုတ၊ ရသ‌တွေကို သိ‌စေချင်တယ်။ ‌နောက်ပြီး အခုဆို လူငယ်‌တွေက စာ‌ပေနဲ့ပတ်သက်တာ စိတ်ဝင်စားမှုနည်းတဲ့အတွက် စာ‌ပေစွမ်းရည်ကို မြှင့်တင်‌ပေးတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်ရှိ လူငယ်များသည် ပညာ‌ရေးဘက်တွင် စိတ်ဝင်စားမှု အားနည်း‌နေပြီး စာဖတ်များလာ‌စေရန်နှင့် အသိပညာ၊ ဗဟုသုတများကို ပိုမိုရရှိကာ အ‌တွေးအ‌ခေါ်များပါ ‌ပြောင်းလာ‌စေရန် ရည်ရွယ်၍ ယခု စာ‌ပေ‌ဟော‌ပြောပွဲကို ပြုလုပ်ရခြင်းဖြစ်သည်ဟုလည်း နန်းမြင့်‌အောင်က ဖြည့်စွက်‌ပြောဆိုသည်။

ည ၇ နာရီ၌ စတင်ခဲ့သည့် အဆိုပါ စာ‌ပေ‌ဟော‌ပြောပွဲတွင် စာ‌ရေးဆရာ ‌မောင်လူဝိုင်း အဖွင့်နှုတ်ခွန်းဆက် စကား‌ပြောကြားပြီး‌နောက် ဆရာ‌မောင်စိန်ဝင်း(ပုတီးကုန်း)က “နှစ်ဆန်း” ‌ခေါင်းစဉ်ဖြင့် ကနဦး စတင်‌ဟော‌ပြောကာ ယင်း‌နောက် ဆရာချစ်ဦးညိုက “သို့ အိန္ဒု မှ ချစ်ဦးညို” ‌ခေါင်းစဉ်ဖြင့် မျက်‌မှောက် နိုင်ငံ‌ရေးအ‌ခြေအ‌နေ စာ‌ပေဗဟုသုတဆိုင်ရာများကို ‌ဟော‌ပြောခဲ့သည်။

၎င်းစာ‌ပေ‌ဟော‌ပြောပွဲသို့ တက်‌ရောက်ခဲ့သူ လူငယ်တစ်ဦးဖြစ်သူ နန်းမိုးမိုးမိုင်က “ကျမတို့ အိန္ဒုဘက်မှာ ဒီလို စာ‌ပေ‌ဟောပွဲဆိုတာ ရှားတယ်။ အ‌တွေ့အကြုံရ‌အောင်၊ ‌နောက်ပြီး သင်ယူမှုအသစ်အဆန်း တစ်ခုရ‌အောင် လာနား‌ထောင်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် စာ‌ပေ‌ဟော‌ပြောပွဲတွင် စာ‌ရေးဆရာကြီးများ လာ‌ရောက်‌ဟော‌ပြော‌ပေးရုံမကဘဲ လာ‌ရောက်နား ‌ထောင်သည့် လူငယ်များနှင့် ဦး‌ဆောင်‌ဟော‌ပြောသည့် စာ‌ရေးဆရာကြီးများအကြား ပညာ‌ရေး၊ အ‌ထွေ‌ထွေ ဗဟုသုတ စသည်တို့ကို အပြန်အလှန် ‌မေးမြန်း‌ဆွေး‌နွေးခြင်း အစီအစဉ်များ ပါဝင်မည်ဆိုပါက ပိုမို‌ကောင်းမွန် မည်ဟု နန်းမိုးမိုးမိန်က သူမ၏ အမြင်ကို ‌ပြောဆိုသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ အိန္ဒုစံပြ‌ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် လူငယ်များစု‌ပေါင်းစီစဉ်မှုဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် ယခုလို စာ‌ပေ‌ဟော‌ပြောပွဲကို ပထမအကြိမ် ပြုလုပ်ခဲ့ပြီး စာ‌ပေ‌ဟော‌ပြောပွဲသို့ အိန္ဒု‌ကျေးရွာအပြင် ဖားအံမြို့‌ပေါ်ရှိ စာချစ်ပရိဿတ်များလည်း တက်‌ရောက်ခဲ့ကြသည်။ အိန္ဒုစံပြ‌ကျေးရွာတွင် အလားတူ စာ‌ပေ‌ဟော‌ပြောပွဲကို နှစ်စဉ်ကျင်းပနိုင်ရန် ‌မျှော်မှန်းထား‌ကြောင်း ဦး‌ဆောင်စီစဉ်သူများထံမှ သိရသည်။