Home သတင်း ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲ‌ဖြေဆိုသူ ယခင်နှစ်ထက် တိုးလာ

ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲ‌ဖြေဆိုသူ ယခင်နှစ်ထက် တိုးလာ

1976

မတ် ၁ဝ ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

မတ်လ ၉ ရက်‌နေ့တွင် နိုင်ငံတဝန်းလုံး တပြိုင်တည်း စတင်စစ်‌ဆေး‌နေသည့် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို ကရင်ပြည်နယ်အတွင်း ‌ကျောင်းသူ‌ကျောင်းသား ၁၃,၅၆၁ ဦး ဝင်‌ရောက်‌ဖြေဆို‌ကြောင်း မြန်မာနိုင်ငံ စာစစ်ဌာနမှ တရားဝင်ထုတ်ပြန်ထားပြီး ယခင်နှစ်ထက် ‌ဖြေဆိုသူ တစ်‌ထောင်‌ကျော်တိုးလာခဲ့သည်။

ကရင်ပြည်နယ်အတွင်း ၂၀၁၅-၂၀၁၆ခုနှစ် စာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ‌ဖြေဆိုရန် ‌ကျောင်းသူ‌ကျောင်းသား ၁၄,၄၁၆ ဦးရှိသည့်အနက် ပျက်ကွက်သူ ဦး‌ရေ ၈၅၅ ဦးရှိ‌သော်လည်း ပြီးခဲ့သည့် စာသင်နှစ်တွင် ဝင်‌ရောက်‌ဖြေဆိုသူ ၁၂,၀၈၄ ဦးသာ ရှိသည့်အတွက် တစ်‌ထောင်‌ကျော် တိုးလာခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုခွင့်ရှိသည့် ‌ကျောင်းသူ‌ကျောင်းသား စုစု‌ပေါင်း ၆၇၁,၅၇၄ ရှိပြီး ပျက်ကွက်သူ ၃၅,၄၃ဝ ရှိကာ စာစစ်ဌာန‌ပေါင်း ၁,၄၆၇ ခု ရှိသည်ဟု မြန်မာနိုင်ငံစာစစ်ဌာန၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။

ကရင်ပြည်နယ်၌ ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲတွင် ‌အောင်ချက် ၂၉ ဒဿမ ၅၄ ရာခိုင်နှုန်းရှိကာ ‌ခြောက်ဘာသာ ဂုဏ်ထူးရှင် တစ်ဦးနှင့် ငါးဘာသာဂုဏ်ထူးရှင် ၅ ဦးပါဝင်ခဲ့သည်ဟု ကရင်ပြည်နယ် ပညာ‌ရေးမှူးရုံးမှ ပြုစုထားသည့် စာရင်းများအရ သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုသူ ဦး‌ရေ တိုးလာ‌သော်လည်း ကရင်ပြည်နယ်အတွင်း ‌ဒေသအများစု၌ မူလတန်းအဆင့် ‌အောင်မြင်သည့် ‌ကျောင်းသူ‌ကျောင်းသားများသည် အလယ်တန်းနှင့် အထက်တန်း‌ကျောင်း ဆက်တက်ရန် မြို့‌ပေါ် အနီးတဝိုက်သို့ သွား‌ရောက်ရသည့်အတွက် အခက်အခဲ ရှိ‌နေသလို ‌ကျောင်းအများစုတွင် ဆရာ၊ ဆရာမ မလုံ‌လောက်မှု ပြဿနာများနှင့် ကြုံ‌တွေ့‌နေရဆဲဖြစ်သည်ဟု ဖားအံ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။