Home သတင်း မယ်လဒုုက္ခသည်များ ပါဝင်သည့် လိုင်းကားတစီး တိမ်း‌မှောက်၍ ၁ဦး‌သေ၊ ၂ဝ ‌ကျော်ဒဏ်ရာရ

မယ်လဒုုက္ခသည်များ ပါဝင်သည့် လိုင်းကားတစီး တိမ်း‌မှောက်၍ ၁ဦး‌သေ၊ ၂ဝ ‌ကျော်ဒဏ်ရာရ

1234
မတ် ၉ ရက်၊ ၂၀၁၆ခုုနှစ်။ ‌စောသိန်းမြင့်

ထုိုင်း-မြန်မာနယ်စပ် တာ့ခ်ခရုိုင်၊ ထာ့‌ဆောင်ယန်းမြို့ရှိ မယ်လဒုုက္ခသည်စခန်းအနီး အ‌ဝေး‌ပြေး လမ်းကြီး‌ပေါ်တွင် မတ် ၈ရက်‌နေ့၊ နံနက် ၁ဝနာရီခန့်က ဒုုက္ခသည်များအပါအဝင် ခရီးသည် ၃၂ဦး စီးနင်းလုိုက်ပါသည့် လုိုင်းကားတစီးတိမ်း‌မှောက်မှုဖြစ်ပွား၍ ခရီးသည် ၁ဦး‌သေဆုုံးပြီး ၂၀‌ကျော် ထိခုိုက်ဒဏ်ရာရရှိခဲ့သည်ဟုု သိရသည်။

မဲ‌ဆောက်မြို့မှ မဲ့စရင်းယန်းမြို့သုို့ ‌မောင်းနှင်လာသည့် အဆိုပါ လုိုင်းကားသည် မယ်လဒုုက္ခသည်စခန်းနှင့် မဲ့တန့်အကြား၊ လမ်းပြုပြင်မှု လုုပ်‌ဆောင်‌နေသည့် တ‌နေရာ၌ အရှိန်လွန် တိမ်း‌မှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုု ကိုုယ်တုိုင်သွားကြည့်သူ မယ်လ ဒုုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ‌စော‌မောကဲက ‌ကေအုိုင်စီသုို့ ‌ပြောသည်။

၎င်းက “ကားထဲမှာဆုိုရင်(ဒုုက္ခသည်)စခန်းထဲက လူ ၁၀‌ကျော်ပါဝင်ပါတယ်။ ဒဏ်ရာရတဲ့ အထဲမှာလည်း စခန်းကလူပါတယ်။ ဒဏ်ရာပြင်းထန်တဲ့လူအထဲမှာလည်း စခန်းထဲ တစ်ဦးပါဝင် တယ်။ ကားက ခရီးသည် အပြည့်တင်‌ဆောင်လာပြီး‌တော့ အရှိန်ပြင်းပြင်း‌မောင်းလာတဲ့အတွက် တိမ်း‌မှောက်မှု ဖြစ်သွားတာဖြစ်တယ်လုို့ အဲဒီနားက လမ်းပြုပြင်သူ‌တွေက ‌ပြောပြတယ်”ဟုု ‌ပြောသည်။

အဆုိုပါ လုိုင်းကားကို ‌မောင်းသူမှာ ဒဏ်ရာရရှိခြင်း မရှိ‌ကြောင်း၊ ကားတိမ်း‌မှောက်၍ ‌သေဆုုံးခဲ့သူ တစ်ဦးမှာ ထုိုင်းနုိုင်ငံသားဖြစ်‌ကြောင်းနှင့် ထိခုိုက်ဒဏ်ရာရှိသူ ၂ဝဦး‌ကျော်အနက် ဒဏ်ရာ ပြင်းထန်ပြီး စုိုးရိမ်ရသည့် လူနာများကိုု မဲ‌ဆောက်‌ဆေးရုုံကြီးသုို့ မတ်လ ၈ရက်‌နေ့က ပုို့‌ဆောင်ထား‌ကြောင်း ‌စော‌မောကဲက ဆက်‌ပြောသည်။

၎င်းကားတိမ်း‌မှောက်မှု‌ကြောင့် ထိခုိုက်ဒဏ်ရာရသူများထဲတွင် ဒုုက္ခသည်များပါဝင်ခဲ့မှုအ‌ပေါ် စခန်းရှိ ထုိုင်းအာဏာပုိုင်များက စခန်းတာဝန်ရှိသူများကိုု တစုုံတရာ ‌တွေ့ဆုုံ‌ပြောဆုိုမှုများ မရှိ‌သေး‌သော်လည်း ဒုုက္ခသည်များအ‌နေဖြင့် စခန်းပြင်ထွက်ပြီး အသွားအလာ ဆင်ခြင်ရန် လုိုအပ်သည်ဟုု မယ်လဒုုက္ခသည်စခန်းဥက္ကဋ္ဌ ‌စော‌အောနက်က ‌ကေအုိုင်စီသုို့ ‌ပြောသည်။

ထုိုင်းနုိုင်ငံ မဲ‌ဆောက်မြို့ ‌မြောက်ဘက် ၆ဝကီလုိုမီတာ အကွာရှိ လူဦး‌ရေ ၄၀‚၀၀ဝ ‌ကျော် ‌နေထုိုင်‌သော မယ်လဒုုက္ခသည်စခန်းအတွင်း ဒုုက္ခသည်များသည် ယခင်က စခန်းအပြင်ထွက်ပြီး မ‌တော်တဆ ယဉ်တုိုက်‌သေဆုုံးမှုမရှိ‌သော်လည်း ယခုုလုို အ‌ဝေး‌ပြေးလုိုင်းကား စီးနင်းလုိုက်ပါပြီး တိမ်း‌မှောက်မှုနှင့် ကြုံ‌နေရခြင်းသည် ပထမဦးဆုုံးအကြိမ်ဖြစ်သည်။