Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌တောမီး‌ကြောင့် ရာဘာခြံဧက ၁၀၀‌ကျော် မီး‌လောင်ကျွမ်းဆဲ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌တောမီး‌ကြောင့် ရာဘာခြံဧက ၁၀၀‌ကျော် မီး‌လောင်ကျွမ်းဆဲ

1720

‌ဖေ‌ဖော်ဝါရီ ၈ရက်၊ ၂၀၁၆ခုနှစ်။ (‌ကေအိုင်စီ)

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ရွာ‌ကျေးရွာအ‌နောက်ဘက် ၅မိုင်ခွဲအကွာရှိ ကျိုက်က‌မော့‌တောင်တွင် ယ‌နေ့ နံနက် ၁ဝနာရီခွဲ ဝန်းကျင်ခန့်တွင် ‌တောမီး‌လောင်ကျွမ်းမှုတစ်ခု စတင်ဖြစ်ပွားခဲ့ရာ လက်ရှိ ရာဘာခြံ ဧက ၁၀၀‌ကျော် မီး‌လောင်ကျွမ်းသွားပြီးဖြစ် ‌သော်လည်း ည‌နေ ၄နာရီအချိန်ထိ ဆက်လက် ‌လောင်ကျွမ်း‌နေဆဲဖြစ်သည်။

မီး‌လောင်သည့်‌နေရာသို့ သွား‌ရောက် သတင်းရယူ‌နေသည့် ‌ကေအိုင်စီ သတင်း‌ထောက် ‌စောမြတ်ဦးသာက “လက်ရှိ အ‌ခြေအ ‌နေက မီးအား‌ကောင်း‌နေတုန်းပါပဲ။ အခုက ကိုယ်ထူကိုယ်ထနဲ့ပဲ ရွာသား ၁၀၀‌ကျော်‌လောက်လာပြီး မီးငြိမ်းသတ်ကြတယ်။ သစ် ကိုင်း‌တွေနဲ့ပဲ (မီးညွှန့်ကို) ရိုက်ပြီး ငြိမ်းသတ်‌နေရတယ်။ ‌တောင်ထိပ်မှာဆို‌တော့ ‌ရေလည်းမရှိဘူး။ မီးအား‌ကောင်း‌တော့ အနား ကပ်လို့‌တောင် သိပ်မရဲဘူး״ဟု မီး‌လောင်ကျွမ်းသည့် မြင်ကွင်းကို ‌ပြောသည်။

ယခု မီး‌လောင်ကျွမ်း‌နေသည့် ‌တောင်‌ပေါ်တွင် ရာဘာခြံ ဧက‌ပေါင်း ၁၅၇၀၀‌ကျော်ရှိပြီး လက်ရှိအချိန်ထိ မီး‌လောင်ကျွမ်း‌နေဆဲ ဖြစ်သည့်အတွက် ရာဘာခြံအားလုံး မီး‌လောင်ကျွမ်းသွားမည်ကို ခြံပိုင်ရှင်များက စိုးရိမ်‌နေကြ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ယမန်နှစ်ကလည်း ကျိုက်က‌မော့‌တောင်တွင် ‌တောမီး‌လောင်ကျွမ်းမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ရာဘာခြံ‌ပေါင်း ၁ဝဧက‌ကျော် မီး ‌လောင်ကျွမ်းသွားခဲ့သည်။