Home သတင်း အီတိုးထာ့ပြည်တွင်းဒုက္ခသည်စခန်း လာမည့် ၂၀၁၇ တွင် ဖျက်သိမ်းရမည့်အ‌ခြေအ‌နေ ကြုံ‌တွေ့‌နေရ

အီတိုးထာ့ပြည်တွင်းဒုက္ခသည်စခန်း လာမည့် ၂၀၁၇ တွင် ဖျက်သိမ်းရမည့်အ‌ခြေအ‌နေ ကြုံ‌တွေ့‌နေရ

1494
?

‌ဖေ‌ဖော်ဝါရီ ၁ဝရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် သံလွင်မြစ်ကမ်းနံ‌ဘေးရှိ စစ်‌ဘေးဒုက္ခသည်များ ဆယ်စုနှစ်တစ်စုကြာ ခိုလှုံကြသည့် အီတိုးထာ့ ပြည်တွင်းဒုက္ခသည်စခန်းကို အကူအညီမရှိ‌တော့သဖြင့် လာမည့် ၂၀၁၇ ခုနှစ်‌နှောင်းပိုင်းတွင် ဖျက်သိမ်းရမည့် အ‌ခြေအ‌နေ ဖြစ် ‌ပေါ်‌နေ‌ကြောင်း ကရင်လူမှုအဖွဲ့အစည်းများက ‌ပြောဆိုလိုက်သည်။

ကရင်ဒုက္ခသည်များ ကူညီ‌စောင့်‌ရှောက်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့ KORD မှ Deputy Director ‌စော‌နေသဘလုက “စခန်း ကို အဓိက အကူအညီ‌ပေး‌နေတဲ့ TBC အဖွဲ့အစည်းက ၂၀၁၇ခုနှစ်၊ စက်တင်ဘာလထိပဲ အဆင်‌ပြေ‌တော့မယ်။ အဲဒါပြီးသွားရင် အကူအညီက မ‌သေချာ‌တော့ဘူးလို့ လာ‌ရောက်‌ပြောဆိုပြီးတဲ့အတွက်‌ကြောင့်ဖြစ်ပါတယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အီတိုးထာ့စခန်း‌နေ ပြည်တွင်း ဒုက္ခသည်များကို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများအား အကူအညီ‌ပေး‌နေသည့် နယ်စပ် အကူအညီ‌ပေး‌ရေးညွန့်‌ပေါင်းအဖွဲ့-TBC က အဓိက ကူညီ‌ပေးထားခြင်းဖြစ်ပြီး ၎င်းအကူအညီများကို နယ်စပ်ရှိ ကရင်လူမှုအဖွဲ့အ စည်းများမှတဆင့် ပြန်လည်ကူညီလုပ်‌ဆောင်‌ပေးခြင်းဖြစ်သည်။

လက်ရှိတွင် TBC မှ ဒုက္ခသည်များအတွက် ဆန်နှင့် ဆား စသည့်ရိက္ခာများကို ဆက်လက် အကူအညီ‌ပေး‌နေဆဲဖြစ်‌သော်လည်း ယင်းအကူအညီများမှာ လာမည့်နှစ်အတွင်း ‌သေချာမှုမရှိ‌တော့သဖြင့် ၎င်းတို့အနာဂတ်အတွက် စိုးရိမ်ပူပန်မှုဖြစ်‌ပေါ်‌နေကြ ‌ကြောင်းလည်း စခန်း‌နေသူများက ‌ပြောဆို‌နေကြသည်။

အီတိုးထာ့စခန်း‌ကော်မတီဝင် ‌စောလားဒိုက “စခန်းမရှိ‌တော့ဘူးဆို ပြန်ရမယ်။ ပြန်ဖို့က တစ်ချို့ ကမပြန်ရဲ‌သေးဘူး။ ဘာဖြစ်လို့ လဲဆို‌တော့ တိုက်ပွဲဖြစ်လို့ ထွက်‌ပြေးလာတဲ့ ကျ‌နော်တို့‌နေရာ‌တွေမှာ စစ်တပ်‌တွေ အခုထိရှိတုန်းဖြစ်ပါတယ်။ ပြန်ရမယ်ဆိုရင် လည်း အိမ်တို့၊ ခြံတို့၊ ‌မြေတို့ အကုန်ပျက်စီးကုန်ပြီ။ အကုန်လုံး အစက‌နေပြန်စရမယ်ဆိုရင် ကျ‌နော်တို့‌တွေ ‌တော်‌တော်ဒုက္ခ ‌ရောက်မယ်״ဟု ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ဒီဇင်ဘာလအတွင်း ရိက္ခာအကူအညီ‌ပေးမှု ဖြတ်‌တောက်မည့်သတင်း ထွက်‌ပေါ်ပြီး‌နောက်ပိုင်း KNU ‌တောင်ငူခရိုင်၊ ‌ညောင်‌လေးပင်ခရိုင်၊ ဖာပွန်ခရိုင်ရှိ တာဝန်ရှိသူများ၊ ကရင်လူမှုအဖွဲ့အစည်းများဖြစ်သည့် KWO, KORD, CIDKP, KTWG နှင့် KDHW အဖွဲ့များမှ ပြန်လည်‌နေရာချထား‌ရေး အပါအဝင် အခြား‌သော ဒုက္ခသည်ဆိုင်ရာ ကိစ္စရပ်များကို ‌ဆွေး‌နွေးမှု များ ရှိခဲ့‌ကြောင်း သိရသည်။

ထိုသို့‌ဆွေး‌နွေးပြီး‌နောက် KNU ခရိုင်တာဝန်ရှိသူများနှင့် ကရင်လူမှုအဖွဲ့အစည်းများ ပါဝင်သည့် ကြိုတင်ပြင်ဆင်‌ရေး‌ကော်မတီ တစ်ခု ဖွဲ့စည်းကာ စစ်တမ်း‌ကောက်ယူမှု ပြုလုပ်‌နေဆဲဖြစ်ပြီး အ‌သေးစိတ် အစီအစဉ်များကို ဆက်လက်‌ဆွေး‌နွေးသွားရအုံးမည် ဖြစ်‌ကြောင်း ယင်း‌ကော်မတီ၏ တာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိ ‌နေပြည်‌တော်မြို့ကို တည်‌ထောင်ရန် မြန်မာစစ်အစိုးရတပ်က ၂၀၀၆ခုနှစ်၌ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ ‌တော်(KNLA) တပ်မဟာ(၂) နယ်‌မြေကို အပြင်းအထန် ထိုးစစ်ဆင်မှု‌ကြောင့် ထွက်‌ပြေးလာရ‌သော ‌တောင်ငူနှင့် ‌ညောင်‌လေးပင် ခရိုင်များမှ ‌ဒေသခံ ကရင်ရွာသူရွာသားများ ခိုလှုံရန် အီတိုးထာ့ ပြည်တွင်းဒုက္ခသည်စခန်းကို တည်‌ထောင်ခဲ့ရပြီး ‌လော‌လော ဆယ်တွင် လူဦး‌ရေ (၃,၄၀၀)ဝန်းကျင်ခန့်ရှိသည်။