Home သတင်း တိုင်းအဆင့် JMC-S ကို ဘိတ်-ထားဝယ်ခရိုင်တွင် ‌ကေအဲန်ယူဖွဲ့စည်း

တိုင်းအဆင့် JMC-S ကို ဘိတ်-ထားဝယ်ခရိုင်တွင် ‌ကေအဲန်ယူဖွဲ့စည်း

2196

‌ဖေ‌ဖော်ဝါရီ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ဘိတ်-ထားဝယ်ခရိုင်ရှိ အစိုးရနှင့် အရပ်သားများ ပါဝင်သည့် အဖွဲ့ဝင် ၁၄ဦးဖြင့် တိုင်း‌ဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ(State Level Joint Ceasefire Monitoring Committee-JMC-S)ကို ‌ဖေ‌ဖော်ဝါရီ ၂၅ရက်‌နေ့က တနသင်္ာရီတိုင်း‌ဒေသကြီး မြိတ်မြို့တွင် ‌ကေအဲန်ယူက သွား‌ရောက်ဖွဲ့စည်းလိုက်‌ကြောင်း သိရသည်။

‌ကေအဲန်ယူအ‌နေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးစာချုပ်(NCA) စာချုပ်ပါ လုပ်ငန်းစဉ်များထဲမှတစ်ခုဖြစ်သည့် (JMC-S)ကို ဘိတ်-ထားဝယ်ခရိုင်တွင် ပထမဆုံး စတင်အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်ခြင်းဖြစ်ထိုသို့ ဖွဲ့စည်းရာတွင် ‌ကေ အဲန်ယူဘက်က ၅ဦး၊ အစိုးရဘက်က ၅ဦးအပြင် နှစ်ဖက်စီက အဆိုပြုသည့် အရပ်သားကိုယ်စားလှယ် ၂ဦးစီ ပါဝင်သည်။

“ကျ‌နော်တို့ခရိုင်အ‌နေနဲ့က‌တော့ ဗဟိုနဲ့လည်း နည်းနည်းအလှမ်း‌ဝေးတယ်။ ‌နောက်ပြီး JMC က ဖွဲ့စည်းမှုအဆင့်ဆင့် ရှိတဲ့အ တွက် ပြည်နယ်အဆင့်အ‌နေနဲ့ ရှမ်းပြည်နယ်မှာ ဖွဲ့ပြီးတဲ့‌နောက် ကရင်ဘက်မှာဆိုရင် ဟိုး‌တောင်ဘက်ကျတဲ့ ကျ‌နော်တို့‌နေရာက အရင် ဖွဲ့ဖြစ်သွားတဲ့သ‌ဘော ဖြစ်ပါတယ်”ဟု (JMC-S) အတွင်း‌ရေးမှူး(၁) ပဒို‌စောဘီးလယ်က ‌ပြောသည်။

ဖွဲ့စည်းလိုက်သည့် (JMC-S)တွင် ဥက္ကဌ ကမ်းရိုးတန်းတိုင်း‌ဒေသ စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်‌မောင်‌မောင်စိုး၊ ဒုဥက္ကဌ(၁) – KNLA မှ ဗိုလ်မှူးကြီး‌စောမူကယ်၊ ဒုဥက္ကဌ(၂) ဦးလှသန်း၊ အတွင်း‌ရေးမှူး (၁) ပဒို‌စောဘီးလယ်၊ အတွင်း‌ရေးမှူး(၂) ဒုဗိုလ်မှူးကြီး ‌အောင်လွင်နှင့် အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီး‌ဇော်လွင်၊ ဦးခိုင်ထွန်းဦး၊ ရဲမှူးဦး‌နေမျိုး၊ KNU မှ ပဒို‌စော‌သောသီ‌ဖေ၊ KNLA မှ ဒုဗိုလ်မှူးကြီး‌စောထိုယူ၊ ဗိုလ်ကြီး‌စောမူးက‌ပေါ်၊ ဖာသာဂျိုးဇက်သိန်းခင်၊ ‌နော်‌မေးဒြက်နှင့် စဧရာဝင်းတို့ ဖြစ်ကြသည်။

တိုင်း‌ဒေသကြီး/ ပြည်နယ်အဆင့် (JMC-S)အ‌နေဖြင့် NCA စာချုပ်တွင်ပါရှိသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး အ‌ခြေအ‌နေ၊ တပ်ပိုင်းနှင့် အရပ်သားဘက်ဆိုင်ရာများတွင် လိုက်ရမည့် ကျင့်ဝတ်စည်းကမ်းများ၊ တပ်‌နေရာ ပြန်လည်ချထား‌ရေး၊ IDPs ကိစ္စနှင့် မိုင်းရှင်းလင်း‌ရေး စသည့်ကိစ္စရပ်များကို သက်ဆိုင်ရာ အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ‌စောင့်ကြည့်‌လေ့လာ ပူးတွဲညှိနှိုင်း‌ဖြေရှင်းကာ အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်သွားရမည်ဖြစ်သည်။

ထိုသို့ လုပ်‌ဆောင်ရာတွင် KNU ဘိတ်-ထားဝယ်ခရိုင်က တိုင်း‌ဒေသကြီး/ ပြည်နယ်အဆင့် (JMC-S)အပြင် ‌ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (Local Level Joint Ceasefire Monitoring Committee (JMC-L)ကို ထပ်မံဖွဲ့စည်းပြီး ‌ရှေ့ဆက်လုပ်သွားမည့် လုပ်ငန်းများကို ညှိနှိုင်း‌ဆွေး‌နွေးသွားရဦးမည်ဖြစ်‌ကြောင်း ပဒို‌စောဘီးလယ် က ‌ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ ဖွဲ့စည်းရာတွင် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်၊ အရပ် သားများ ပါဝင်ရမည်ဖြစ်ပြီး JMC-U ပြည်‌ထောင်စုအဆင့်တွင် (၂၆)ဦး၊ တိုင်း‌ဒေသကြီး/ ပြည်နယ်အဆင့်တွင် (၁၄)ဦး၊ ‌ဒေသဆိုင်ရာအဆင့်တွင် (၈)ဦး စသည့်သတ်မှတ် သ‌ဘောတူညီချက်များဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။

အလားတူ ‌ကေအဲန်ယူ၏ ခရိုင်များဖြစ်သည့် သထုုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဖာပွန်၊ ဒူးပလာယာ၊ ဖာIးအံ ခရိုင်များတွင် ထပ်မံ ဖွဲ့စည်းရန် ကျန်‌နေ‌သေးပြီး ၎င်းနယ်‌မြေများတွင် ဖွဲ့စည်းမည့် (JMC–S) အ‌ခြေအ‌နေများနှင့်ပတ်သက်၍ ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက ယခုလို ‌ပြောသည်။

“ဖွဲ့စည်းပုံက တိုင်းနဲ့ပြည်နယ်ကို အ‌ခြေခံတယ်။ ကျ‌နော်တို့နယ်‌မြေထဲမှာဆို တိုင်းအဆင့်‌ရော၊ ပြည်နယ်အဆင့်‌ရော နှစ်ခုစလုံး ပါမယ်။ အစိုးရအ‌နေနဲ့ ဖွဲ့တဲ့အခါ စစ်တိုင်းကို အ‌ခြေခံဖွဲ့တယ်ဆို‌တော့ အ‌ရှေ့‌တောင်တိုင်းဆို မွန်ပြည်နယ်၊ ကရင်ပြည်နယ် ပါ မယ်။ မွန်ပြည်နယ်မှာဖွဲ့မယ်ဆိုရင် ကျ‌နော်တို့ တပ်မဟာ(၁)နဲ့ (၆) ပါသွားမှာ‌ပေါ့။ ပဲခူးတိုင်းထဲမှာဆိုရင် တပ်မဟာ(၂)၊ တပ်မ ဟာ(၃) ပါမယ်‌ပေါ့။ အဲဒီလိုသ‌ဘောမျိုး ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်‌ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီကို အစိုးရ၊ လွှတ်‌တော်နှင့် တပ်မ ‌တော်တို့မှ ကိုယ်စားလှယ် ၁ဝဦး၊ NCA စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ဖွဲ့မှ ကိုယ်စား လှယ် ၁ဝဦးနှင့် အရပ်သား ကိုယ်စားလှယ် ၆ဦးတို့ဖြင့် ၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၁၈ရက်‌နေ့က ‌နေပြည်‌တော်တွင် ဖွဲ့စည်းခဲ့ပြီး ဖြစ် သည်။