Home သတင်း မယ်လဒုက္ခသည်စခန်းတွင် ၂၀၁၅ခုနှစ်အတွင်း သာမန်မဟုတ်ဘဲ ‌သေဆုံးရသူ ၂၃ဦးရှိ

မယ်လဒုက္ခသည်စခန်းတွင် ၂၀၁၅ခုနှစ်အတွင်း သာမန်မဟုတ်ဘဲ ‌သေဆုံးရသူ ၂၃ဦးရှိ

1935
ဇန်နဝါရီ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် မယ်လစခန်းတွင် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်အတွင်း သာမန် ‌သွေးရိုး သားရိုး အ‌ခြေအ‌နေ‌ကြောင့် မဟုတ်ဘဲ ‌သေဆုံးခဲ့သူ ၂၃ဦးရှိ‌ကြောင်း မယ်လစခန်းမှပြုစုထားသည့် စာရင်းများအရ သိရှိရသည်။

မယ်လဒုက္ခသည်စခန်း လူမှု‌ရေးတာဝန်ခံ ‌စောဖ‌ထောက “၂၀၁၄က‌တော့ ‌သေဆုံးမှု‌တွေကို စာရင်းအတိအကျနဲ့ မ‌ပြောနိုင်‌ပေ မယ့် ‌သေချာတာက‌တော့ ၂၀၁၅ခုနှစ်အတွင်း ‌သွေးရိုးသားရိုး မဟုတ်ဘဲ ‌သေဆုံးမှုနှုန်းဟာ မြင့်တက်လာတယ်လို့‌တော့ ‌ပြောလို့ ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

၂၀၁၅ခုနှစ်အတွက် မယ်လစခန်းမှပြုစုထားသည့် စာရင်းများအရ ‌သေဆုံးမှုများမှာ မိမိကိုယ်ကို ‌သေ‌ကြောင်းကြံစည်မှု‌ကြောင့် ‌သေဆုံးရသူ ၁၄ဦးအထိရှိပြီး မ‌တော်တဆ ဖြစ်ပွားမှုနှင့် ခိုက်ရန်ဖြစ်ပွားမှု‌ကြောင့် ‌သေဆုံးသူ ၉ဦးရှိ‌ကြောင်း သိရသည်။

အလားတူ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုဖြစ်‌သော အုန်းဖျန်စခန်းတွင် စခန်းတာဝန်ရှိသူများ ‌ကောက်ခံရ ယူထားသည့် စာရင်းများအရ မိမိကိုယ်ကို ‌သေ‌ကြောင်းကြံစည်မှု‌ကြောင့် ၂၀၁၅ခုနှစ်အတွင်း ‌သေဆုံးသူတစ်ဦးသာရှိ‌ကြောင်း အုန်းဖျန်စခန်း၏ လူမှု‌ရေးတာဝန်ခံ ‌စောပလာ‌ဖော်က ‌ပြောသည်။

ကျန်ရှိသည့်ဒုက္ခသည်စခန်းများ၏ စာရင်းကို လတ်တ‌လော မသိရှိရ‌သေးသလို တနှစ်အတွင်း ဒုက္ခသည်စခန်းရှိ လူ‌သေဆုံးမှု စာရင်းအချုပ်ကို ‌ကောက်ယူ‌နေဆဲဖြစ်သည့်အတွက် ဇန်နဝါရီလကုန်ခန့်မှသာ အတိအကျ သိရှိနိုင်မည်ဖြစ်‌ကြောင်း ကရင်ဒုက္ခ သည်‌ကော်မတီ-KRC တွဲဖက်အတွင်း‌ရေးမှူး ‌နော်ဘလူးမင်းနိုက်ဇန်က ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း ၇ခုအနက် အကြီးဆုံးစခန်းဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် ယခုနှစ်အတွင်း မိမိကိုယ့်ကို ‌သေ‌ကြောင်းကြံစည်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ယာဉ်တိုက်မှု စသည့်ဖြစ်စဉ်များ‌ကြောင့် လူ‌သေဆုံးမှုများ မကြာခဏ ဖြစ် ပွား‌လေ့ရှိပြီး ထိုသို့ဖြစ်‌ပေါ်ခြင်းရခြင်း အ‌ကြောင်းရင်းအ‌ပေါ် စခန်းတာဝန်ရှိသူများနှင့် စခန်းတွင်း‌နေထိုင်ကြသူများက အမျိုးမျိုး သုံးသပ်‌ပြောဆို‌နေကြသည်။