Home တွေ့ဆုံမေးမြန်းခန်း တနသင်္ာရီတိုင်း‌ဒေသကြီး၊ ထားဝယ်မြို့အ‌ခြေစိုက် တာက‌ပေါကရင်လူငယ်အဖွဲ့ အကြံ‌ပေး ‌နော်ပိသ‌လောနှင့် ‌တွေ့ဆုံခြင်း

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ထားဝယ်မြို့အ‌ခြေစိုက် တာက‌ပေါကရင်လူငယ်အဖွဲ့ အကြံ‌ပေး ‌နော်ပိသ‌လောနှင့် ‌တွေ့ဆုံခြင်း

1987
‌နော်ပိသ‌လော
“NCA ထိုးပြီးတဲ့‌နောက် သတ္တုတူး‌ဖော်‌ရေးလုပ်ငန်း‌တွေ ပိုများလာမှာကို ကျမတို ့စိုးရိမ်တယ်”

နိုဝင်ဘာ ၁၇ ရက်၊ ၂၀၁၅ ခုနှစ်။ ‌ကေအိုင်စီ

‌မေး-ဘန်း‌ချောင်းမှာ ‌ကျောက်မီး‌သွေးတွင်းကို ဘယ်သူ‌တွေတူး‌ဖော်‌နေလဲ။ ဘယ်လိုအ‌ခြေအ‌နေရှိပါသလဲ။
‌ဖြေ-ဒီ‌ကျောက်မီး‌သွေးတာက ‌မေဖလားဝါး မိုင်းနင်းကုမ္ပဏီက အစိုးရဆီက‌နေ ပါမစ်ရတာ ၂၀၁ဝခုနှစ်အတွင်းမှာ လုပ် ကွက် သုံးကွက်ကို တစ်ကွက်ကို ငါးရာစီနဲ ့ဧက ၁,၅၀ဝ ရတယ်။ ပါမစ်ရတာ ‌မေဖလားဝါး။ ဒါ‌ပေမဲ့ ‌အောက်‌ခြေမှာ မသိဘူး။ East Star ကုမ္ပဏီအ‌နေနဲ့ပဲ သိတယ်။ ၂၀၁ဝမှာ နယ်စပ် ‘အများ’‌ကျေးရွာက‌နေစပြီး လမ်း‌ဖောက်တယ်။ ကုန်း‌ချောင်းကြီးအထိ ‌ရောက်တယ်။ ၂၀၁၁‌နှောင်းပိုင်း ၂၀၁၂ခုနှစ် အစ‌လောက် ကုန်း‌ချောင်းကြီး‌ကျေးရွာမှာ ‌ကျောက်မီး‌သွေး စတူးတယ်။ အခုလည်း အဲ့‌နေရာမှာပဲ ဆက်တူး‌နေတယ်။ အခု လက်ရှိ ဧက ၆ဝကို ‌ကျောက်မီး‌သွေး‌တွေ မကုန်‌သေးတဲ့အတွက် ဆက်တူး‌နေပါတယ်။

‌မေး-အခုအစိုးရက လုပ်ခွင့်‌ပေးထားတယ်ဆိုတာ ဘယ်လိုသိထားလဲ။ ရှင်းပြ‌ပေးပါ။
‌ဖြေ-အစတုန်းက East Star က တူး‌နေတာပဲ ကျမတို့ သိတယ်။ ပြဿနာ‌တွေဖြစ်လာ‌တော့ အစည်းအ‌ဝေးထိုင်မယ်ဆိုပြီး ‌ဒေသတွင်းအ‌ခြေစိုက် ‌ကေအဲန်ယူကို ကျမတို့ အ‌ကြောင်းကြားတယ်။ ‌ကေအဲန်ယူက လာပြီး‌တော့ ဦး‌ဆောင်ပြီး အစည်းအ‌ဝေး ထိုင်‌ပေးတယ်။ အဲ့ရွာမှာလုပ်တဲ့ အစည်းအ‌ဝေးအားလုံးသည် လုံးဝ ‌မေဖလားဝါး ကုမ္ပဏီက မလာဘူး။ ‌ကျောက်မီး‌သွေးတူး‌နေ တဲ့ ထိုင်းကုမ္ပဏီ East Star ကပဲ လာတယ်။ ဒါ‌ပေမဲ့ ပြဿနာ‌တွေ တစ်‌နေ့တစ်ခြား မ‌ပြေလည်သွားဘဲနဲ ့ကြီးထွားလာတဲ့အချိန် မှာ ထပ်ပြီး‌တော့ အစည်းအ‌ဝေးထိုင်ချင်တယ်‌ပြောတဲ့အချိန် ထားဝယ်မှာ အရပ်ဘက်အဖွဲ့အစည်း‌တွေ၊ နိုင်ငံ‌ရေးပါတီ‌တွေနဲ့ ရွာ သူရွာသား‌တွေ အစည်းအ‌ဝေးထိုင်တဲ့အချိန်မှ ကျမတို့က ‌မေဖလားဝါးကို စပြီးမြင်ဖူးတာ ၂၀၁၃ ‌အောက်တိုဘာလတုန်းကပါ။ အဲ့တုန်းက East Star သူ‌ဌေး‌တွေလည်း လာတယ်။ သူတို့နဲ့ ဆက်နွယ်‌နေတဲ့ Thai Asset ကုမ္ပဏီက သူ‌ဌေး‌တွေလည်း လာ တယ်။ အဲ့မှာမှ သူတို့သုံးခု ပါဝင်ပတ်သက်‌နေတယ်ဆိုတာ သိရတာပါ။

‌မေး-အခုလို ‌ကျောက်မီး‌သွေးတူး‌ဖော်‌နေတာက ‌ဒေသခံ‌တွေအ‌ပေါ်ဘယ်လို ထိခိုက်မှုရှိသလဲဆိုတာ ရှင်းပြ‌ပေးပါ။
‌ဖြေ-‌ဒေသခံ‌တွေ ထိခိုက်နစ်နာတာက‌တော့ အဓိကက ‌ကျောက်မီး‌သွေးမီး‌လောင်‌နေတာ။ မီး‌လောင်လို့ထွက်တဲ့အနံ့က ‌တော်‌တော့်ကို ဆိုးဆိုးရွားရွားဖြစ်တယ်။ အဲဒီမိုင်းရဲ့နံ‌ဘေးမှာ‌နေမယ်ဆိုရင် ငါးမိနစ်ထက် ပို မ‌နေနိုင်ဘူး။ အခုကုန်း‌ချောင်းကြီးရွာ ‌အောက်ဘက်မှာရှိတဲ့အတွက် ‌လေတိုက်ရင် အနံ့က ‌ရောက်လာတယ်။ အခု ‌ကျောက်မီး‌သွေး‌တွေသွားပုံထားတဲ့ အများ‌ကျေးရွာ ဆိုရင်လည်း အဲ့လိုပဲ။ ယိုးဒယားကို မသယ်ခင် ‌ကျောက်မီး‌သွေးကိုအမှုန့်ကြိတ်ပြီး ‌သေ‌သေချာချာ ဖုံးရတာဆို‌တော့ အဲမှာဆို ‌ကျောက်မီး‌သွေးအမှုန့်‌တွေက လွှင့်တယ်။ ဒုက္ခသည်စခန်းက‌နေ ပြန်လာတဲ့သူ‌တွေက အိမ်‌သေး‌သေး‌လေးပဲ သူတို့‌ဆောက်နိုင် ‌တော့ အဲဒါ‌တွေ ရှူ‌နေရတယ်။

‌ကျောက်မီး‌သွေးတွင်းက နှစ်တွင်းစလုံး မီး‌လောင်တယ်။ ‌ကျောက်မီး‌သွေး သွားပုံတဲ့ ကုန်း‌ချောင်းကြီး‌ကျေးရွာမှာ‌ရော၊ အများ‌ကျေးရွာမှာ‌ရော ‌လောင်တဲ့အတွက် နံတဲ့အနံ့ကို ‌တော်‌တော် ခံစား‌နေရတယ်။ ပြီး‌တော့ ‌ရေ‌ပေါ့‌နော်။ ကျမတို့ကြည့်လိုက် ရင် အ‌ရောင်‌ပြောင်းတာ‌တော့ မရှိဘူး။ ‌ပြောင်းလာပြီး ဓါတ်ခွဲခန်းမှာ စစ်လိုက်ရင် PH level ‌တွေကျလာတယ်ဆို‌တော့ ဒီဟာ‌တွေ အမြန်ဆုံး မ‌ဖြေရှင်းဘူးဆိုလို့ရှိရင် ပြဿနာ‌တွေ အကြီးကြီးဖြစ်လာမှာ ဖြစ်တယ်။

‌မေး-အခု NCA လည်း ထိုးပြီးသွားပြီးဆို‌တော့ ဒီကိစ္စ‌တွေအ‌ပေါ် ဘယ်လိုသက်‌ရောက်မှုရှိနိုင်သလဲ။ ဘာ‌တွေ‌ရော စိုးရိမ်မှု‌တွေရှိလဲ။
‌ဖြေ-အခု တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်-NCA ထိုးပြီး‌တော့မှ ကျမတို ့ပိုပြီး‌တော့ စိုးရိမ်တာက စီးပွား‌ရေးလုပ်ငန်း‌တွေ ပိုပြီး ‌တော့ ဝင်‌ရောက်လုပ်ကိုင်လာမှာကို‌တော့ စိုးရိမ်တယ်။ ဘာလို့လဲဆို‌တော့ အရင်တုန်းက ဘန်း‌ချောင်း‌ဒေသက အရမ်း‌ဝေးလံ ‌ခေါင်သီတယ်။ ‌ကေအဲန်ယူ စိုးမိုးတဲ့နယ်‌မြေဖြစ်တဲ့အတွက် ဒီဘက်က စီးပွား‌ရေးသမား‌တွေက သိပ်မ‌ရောက်ဘူး‌ပေါ့‌နော်။ အခု NCA ထိုးပြီးတဲ့အချိန်မှာ အကယ်၍များ ‌ကေအဲန်ယူရဲ့ အာဏာသက်‌ရောက်မှုက ကျလာမယ်ဆိုရင် ပိုပြီး‌တော့ လုပ်ကွက်‌တွေ၊ ပါမစ်‌တွေ၊ တခြားသတ္တုတူး‌ဖော်‌ရေးလုပ်ငန်း‌တွေ ပိုပြီး‌တော့ များလာမှာကို ကျမတို့ စိုးရိမ်ပါတယ်။

‌မေး-ဒီလုပ်ကွက်‌တွေ‌ပေးတဲ့အခါ ‌ကေအဲန်ယူကလည်း ‌တွေပါတယ်လို ့‌ပြောတယ်။ ဒီအ‌ပေါ်မှာ အဖွဲ့အစည်း‌တွေကို ဘာများ‌ပြောချင် ‌သေးလဲ။
‌ဖြေ-တကယ်တမ်းကျရင် ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူရဲ့ ‌ပေါ်လစီအရ အကြီးစားသတ္တုတွင်း‌တွေဆိုရင် ‌ကေအဲန်ယူ(ဗဟို)ရဲ့ ခွင့်ပြုချက်ကို ယူရတယ်။ ဒါ‌ပေမဲ့ လက်ရှိ East Star က ‌ကေအဲန်ယူ(ဗဟို)ရဲ့ ခွင့်ပြုချက်ကိုမယူဘဲနဲ ့ ဘိတ်-ထားဝယ်ခရိုင်အဆင့်‌လောက်ပဲ ခွင့်ပြုချက်ကို ယူထားတယ်။ ကျမတို့ ‌ကေအဲန်ယူ(ဗဟို)ကိုလည်း စာအကြိမ်ကြိမ် တင်တယ်။ ဗဟိုကလည်း ကျမတို့ကို လာစစ်ဖူးတယ်ဆို‌တော့ ကျမတို့‌ပြောချင်တာ ‌ကေအဲန်ယူအ‌နေနဲ့လည်း သတ္တုတွင်းလုပ်ငန်း‌တွေကို ပါမစ်မ‌ပေးခင်မှာ‌ပေါ့၊ ‌ဒေသခံရွာသူရွာသားရဲ့ သ‌ဘောတူလက်ခံတာကို ယူပြီးလုပ်တာကို ဖြစ်‌စေချင်တယ်။

‌မေး-အခု ဘန်း‌ချောင်းကိစ္စကို အစိုးရက ‌မေဖလားဝါး ကုမ္ပဏီကို လုပ်ခွင့်‌ပေးတာရှိတယ်။ ဒါနဲ ့ပတ်သက်ပြီး‌တော့‌ရော အစိုးရအ‌ပေါ် ဘာများ ‌ပြောချင်ပါ‌သေးလဲ။
‌ဖြေ-အစိုးရကို အဓိက ‌ပြောချင်တာက ပါမစ်‌ပေးထားသူသည် အစိုးရဖြစ်တယ်။ သူ ပါမစ်‌ပေးထားတဲ့သူက အလုပ်မလုပ်ဘူး။ ‌အောက်‌ခြေမှာ တခြားသူ‌တွေလုပ်‌နေတယ်။ သူ့မှာဖမ်းပြီး အ‌ရေးယူဖို့ တာဝန်ရှိတယ်။ ပြီး‌တော့ ဒီစီမံချက်က သဘာဝပတ် ဝန်းကျင်နဲ့ လူ‌နေမှုအ‌ပေါ် ထိခိုက်တာ‌တွေ၊ ဆန်းစစ်မှု‌တွေ မပြီး‌သေးတဲ့အတွက် ဒီစီမံကိန်းကို ရပ်ထား‌စေချင်တယ်။ ဒါ‌တွေလုပ် ပြီးမှပဲ ပြန်စဉ်းစားဖို့ ‌ပြောချင်တယ်။

‌မေး-အခု ဘန်း‌ချောင်း‌ကျောက်မီး‌သွေးတူး‌နေတာက နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီး‌တွေ ပါဝင်ပတ်သက်‌နေတယ်လို့ ‌ပြောတယ်ဆို ‌တော့ ဒါ‌တွေကို ဘယ်လိုသိထားတာလဲ။
‌ဖြေ-အဲ့ဒါကို‌တော့ ကျမတို့က အွန်လိုင်းက‌နေတဆင့် ထိုင်းစ‌တော့အိပ်ချိန်း(Thai Stoke exchange) ဆိုဒ်မှာ တက်ကြည့် တယ်။ အဲမှာ စွမ်းအင်ကမ္ဘာဆိုတာ ‌ကျောက်မီး‌သွေး‌ရောင်းဝယ်တဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် သူက သူရဲ့ ကုမ္ပဏီရှယ်ယာ‌တွေကို ‌ရောင်းရတယ်။ ‌ရောင်းဖို့အတွက် သူ့ရဲ့အစီရင်ခံစာ‌တွေ တရားဝင်ထုတ်ပြန်ရတယ်။ ဘယ်သူ‌တွေပါတယ်ဆိုတာ ထုတ်ပြန်ရ တယ်။ အဲ့ဒီမှာ ကျမတို့ သွား‌တွေ့တာ။ အချက်အလက်‌တွေက ကုမ္ပဏီက ‌ပြောပြတာမဟုတ်တဲ့အတွက် ကိုယ့်ဖာသာကိုယ် ရှာထားတာ ဖြစ်ပါတယ်။

‌မေး-အ‌နော်ရဲ့ ကိုယ်စားပြုအဖွဲ့နဲ့ အဖွဲ့ရဲ့လုပ်‌ဆောင်‌နေတာ‌တွေကို ‌ပြောပြ‌ပေးပါ။
‌ဖြေ-ကျမက‌တော့ အခု‌လော‌လောဆယ် တာက‌ပေါကရင်လူငယ်အဖွဲ့မှာ အကြံ‌ပေးအ‌နေနဲ့ လုပ်တယ်။ အဓိက က‌တော့ ကရင်လူငယ်‌တွေအတွက် ပညာသင်‌ထောက်ပံ့‌ကြေး အစီစဉ်‌တွေရှိတယ်။ ပြီး‌တော့ ‌ကျောက်မီး‌သွေးတူး‌ဖော်မှု‌ကြောင့် ထိခိုက် နစ်နာတဲ့အ‌ပေါ် လိုအပ်တဲ့ အသိပညာ‌ပေးခြင်း စတာ‌တွေ လုပ်‌ပေးတာရှိတယ်။ ‌နောက် ကျမတို့အဖွဲ့က လယ်သိမ်း‌မြေသိမ်းတာ ခံစားရတဲ့သူ‌တွေကို အကူအညီ‌ပေး‌နေပါတယ်။