Home သတင်း ‌ကျေးရွာ/ရပ်ကွက်အလိုက် မဲပညာ‌ပေးလုပ်ငန်းများ စတင်လုပ်‌ဆောင်

‌ကျေးရွာ/ရပ်ကွက်အလိုက် မဲပညာ‌ပေးလုပ်ငန်းများ စတင်လုပ်‌ဆောင်

1637

‌အောက်တိုဘာ ၁၅ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်‌ကျေးရွာအုပ်စုရှိ ရွာ ၅ရွာတွင် ရပ်ကွက်အလိုက် မဲ‌ပေးပိုင်ခွင့်ရှိသူများအား ခလယ်‌ကျေးရွာ အုပ်စု မဲဆန္ဒ‌ပေးခြင်းဆိုင်ရာ အသိပညာ‌ပေးခြင်းအဖွဲ့မှ မဲ‌ပေးခြင်းဆိုင်ရာ အသိပညာ‌ပေးလုပ်ငန်းများကို ယမန်‌နေ့က စတင် လုပ်‌ဆောင်‌နေသည်ဟု အသိပညာ‌ပေးအဖွဲ့၏ တာဝန်ခံ ‌စောလပြည့်‌ကျော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောလပြည့်‌ကျော်က “မဲဆန္ဒရှင်‌တွေကို အဓိကအားဖြင့်‌တော့ ကြိုတင်မဲ ဘယ်လိုထည့်ရမလဲကိစ္စက တစ်ချက်၊ ဥပ‌ဒေပုဒ်မနဲ့ ငြိ စွန်းနိုင်တာ‌တွေ ‌နောက်ပြီး ပယ်မဲနဲ့ ခိုင်လုံမဲအ‌ကြောင်း‌တွေ ရှင်းပြတယ်။ ဒီ‌ဒေသက မဲဆန္ဒရှင်‌တွေက မဲတခါမှထည့်ဖူးတဲ့ အ‌တွေ့အကြုံမရှိ‌တော့ မဲထည့်ပုံထည့်နည်း‌တွေ သူတို့ကို ရှင်းပြတဲ့အချိန်မှာ‌တော့ သူတို့ ဇ‌ဝေဇဝါ ဖြစ်တယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလ ၇ရက်နှင့် ၈ရက်‌နေ့များက ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက်-KSCN က ဦး‌ဆောင်၍ မဲဆန္ဒရှင် ပညာ‌ပေး ဆရာဖြစ်သင်တန်းကို ပြုလုပ်ခဲ့ရာ ခလယ်‌ကျေးရွာအုပ်စု၊ ‌တောင်ဒီး‌ကျေးရွာအုပ်စုနှင့် တံခွန်တိုင်‌ကျေးရွာအုပ်စုမှ သင် တန်းသား ၄၀‌ကျော် တက်‌ရောက်ခဲ့ကြသူများထဲတွင် ၎င်းတို့အဖွဲ့ပါဝင်ခဲ့ပြီး ယင်းသင်တန်းမှ နားလည်ခဲ့မှုများကို ပြန်လည် ပို့ချ ‌ပေးခြင်းဖြစ်သည်ဟု ၎င်းက ဆက်‌ပြောသည်။

ခလယ်‌ကျေးရွာအုပ်စုမှ ခလယ်၊ ခလယ်ရွာ‌လေး၊ မြို့‌ဟောင်း၊ ဘုရားငါးဆူနှင့် ‌နောင်‌ဒေ့ စသည့်‌ကျေးရွာများတွင် ‌ဒေသခံ ၅၀၀ဝ ‌ကျော်ရှိရာ မဲ‌ပေးပိုင်ခွင့်ရှိသူ ၃‌ထောင်‌ကျော်ကို ရပ်ကွက်အလိုက် ကွင်းဆင်းကာ မဲပညာ‌ပေး‌နေခြင်းဖြစ်သည်။

“ဆရာ‌တွေက စိတ်ရှည်ရှည်နဲ့ သင်ပြ‌ပေးသွားတာ တကယ့်ကို အားရဝမ်းသာတယ်။ မဲရုံမှူးလက်မှတ်မပါတဲ့ဟာ‌တွေ၊ စာရွက်စာ တမ်း ညစ်ပတ်တဲ့ဟာ‌တွေက ပယ်မဲလို့ သိရတယ်။ မဲ‌ပေးတဲ့ ပညာ‌ပေးအဖွဲ့‌တွေ လာပြီးသင်ကြား‌ပေးသွားတာ တစ်ရွာလုံး ဝမ်း သာတယ်။ ကျ‌နော်ဆိုရင် အသက် ၆၀‌ကျော်သွားပြီး ဒီက‌နေ့အထိ တစ်ခါမှ မဲမ‌ပေးဖူး‌သေးဘူး״ဟု ခလယ်ရွာသား မန်းတင်သိန်း က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလ ၁၂ရက်နှင့် ၁၃ရက်‌နေ့များကလည်း KSCN အ‌နေဖြင့် ကရင်ပြည်နယ်၏ မြို့နယ် ၇ခုမှ မြို့နယ်ကိုယ်စားပြု သင်တန်းသူ၊ သင်တန်းများကို ဖိတ်‌ခေါ်ပြီး ကရင်ပြည်နယ်၊ ဖားအံမြို့၌ မဲဆန္ဒရှင်ပညာ‌ပေး‌ရေး ဆရာဖြစ် ရက်တိုသင်တန်းပို့ချ‌ပေးခဲ့‌သေသည်။