Home ထိပ်တန်းသတင်း ကရင်ပါတီများ အမှတ်တံဆိပ် ဆင်တူရိုးမှားဖြစ်၍ ‌ဒေသခံများ ခွဲခြားရန် ခက်ခဲ‌နေ

ကရင်ပါတီများ အမှတ်တံဆိပ် ဆင်တူရိုးမှားဖြစ်၍ ‌ဒေသခံများ ခွဲခြားရန် ခက်ခဲ‌နေ

4937

‌အောက်တိုဘာ ၂၇ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်ရှိ မြို့နယ် ၇မြို့နယ်တွင် ‌ရွေး‌ကောက်ပွဲဝင်မည့် ကရင်နိုင်ငံ‌ရေးပါတီ ၆ပါတီ၏ အမှတ်တံဆိပ်များသည် ကရင်အ မျိုးသားများ အမှတ်သ‌ကေင်္တဖြစ်သည့် ကျွဲချိုနှင့် ဖားစည် အမှတ်တံဆိပ်များ အားလုံး ပါရှိ‌နေ‌သော‌ကြောင့် ‌ဒေသခံများအ‌နေ ဖြင့် ယင်းပါတီများ၏ အမှတ်တံဆိပ်များကို ခွဲခြားရန် ခက်ခဲ‌နေသည်ဟု ဖားအံမြို့နယ်၊ ‌နောင်လုံ ရွာသား ‌စောခင်ဝင်းက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

၎င်းက “ကရင်ပါတီ‌တွေက များတယ်၊ အမှတ်အသား‌တွေလည်း သိပ်မကွာကြဘူး။ ‌ဒေသခံအများစုက ဖားစည်၊ ကျွဲချိုတို့‌တွေ့ ရင် မဲ‌ပေးကြမှာပဲ။ ‌နောက်ပြီး ဖလုံ-စ‌ဝေါ်ပါတီနဲ့ အတူတူပဲလို့ ရွာမှာလာမဲဆွယ်တဲ့ ကရင်ပါတီ‌တွေကလည်း ‌ပြောတယ်၊ ‌နောက် ဖလုံ-စ‌ဝေါ်ပါတီက လာပြန်‌တော့ သူတို့နဲ့ မတူကြဘူးလို့လည်း ‌ပြောပြန်တယ်။ ကျ‌နော်တို့က‌တော့ တကယ် ကိုယ့်‌ဒေသအတွက် အမှန်လုပ်‌ပေးနိုင်တဲ့ပါတီကိုပဲ မဲ‌ပေးချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်မည့် ကရင်ပါတီများသည် ‌ကျေးရွာများသို့ လာ‌ရောက် ‌ဟော‌ပြောမဲဆွယ် ရာတွင် ကရင်လူမျိုးအတွက် အမှန်တကယ် လုပ်‌ဆောင်‌ပေးမည့်ဟု ‌ပြောဆိုထားကာ ကရင်ပါတီ ၆ခုစလုံးတွင် ကရင်အမှတ်အ သားများပါသည့်အတွက် ‌ဒေသခံများက မည်သည့်ပါတီ မဲ‌ပေးရမည်ကို မဆုံးဖြတ်နိုင်ဖြစ်‌နေကြသည်ဟု ‌စောဝင်းခင်က ဆက် ‌ပြောသည်။
KDP flag
ထိုသို့ ကရင်ပါတီတိုင်းက ကျွဲချိုနှင့် ဖားစည်အမှတ်အသားများ ပါသည့်အတွက် ယင်းထဲတွင် မည်သည့်ပါတီက ဖလုံ-စ‌ဝေါ် ဒီမို ကရက်တစ်ပါတီဖြစ်သည်ကို ‌ဒေသခံ ကရင်ပြည်သူများ ဇ‌ဝေဇဝါဖြစ်‌နေကြသည်ဟု ယင်းပါတီ၏ ဖားအံအမှတ်(၁) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ‌စော‌အောင်‌ကျော်နိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ သွား‌ရောက်တဲ့ ရွာတိုင်းလိုလိုပါပဲ။ ‌ဒေသခံ‌တွေက ‌ပြောကြတယ်၊ အရင် လာ‌ရောက်တဲ့ပါတီ‌တွေကလည်း ဖလုံ-စ‌ဝေါ်ပါတီနဲ့ အတူတူပါပဲတဲ့။ ဖြစ်ချင်‌တော့ အဲဒီပါတီ‌တွေရဲ့ အမှတ်အသား‌တွေကလည်း ဖားစည်တို့ ကျွဲချိုတို့ပါ‌တော့ အဲဒီကိစ္စ ‌တွေပဲ ခက်ခက်ခဲခဲ ကျ‌နော်လိုက်ပြီး ပြန်ရှင်းပြ‌ပေးရတယ်”ဟု ‌စော‌အောင်‌ကျော်နိုင်က ဆိုသည်။
PSDP Flag
ကရင်ပြည်နယ်တွင် ၂၀၁၅ နိုဝင်ဘာ ‌ရွေး‌ကောက်ပွဲ၌ တသီးပုဂ္ဂလနှင့် နိုင်ငံ‌ရေးပါတီ ၁၈ပါတီမှ ကိုယ်စားလှယ်‌လောင်းများက ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယင်းထဲတွင် ပြည်နယ်အ‌ခြေစိုက် ကရင်ပါတီများဖြစ်သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ၊ စည်းလုံးညီညွတ်‌သော် ကရင်အမျိုးသားဒီမို ကရက်တစ်ပါတီတို့ ဝင်ပြိုင်ကြမည်ဖြစ်သည်။

ထို့အပြင် ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီနှင့် ကရင်အမျိုးသားပါတီတို့ကလည်း ကရင်ပြည်နယ် မဲဆန္ဒနယ်အချို့တွင် ဝင်ပြိုင်သွားဖြစ်‌ကြောင်း ပြည်နယ်‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ခွဲနှင့် အဆိုပါ ပါတီများထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး ‌ကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီနှင့် ကရင်ပြည်သူ့ပါတီတို့ အနိုင်ရရှိခဲ့သည်။