Home သတင်း အာရှလမ်းသစ်ဖွင့်ပွဲ လုံခြုံ‌ရေးအတွက် အသုံးပြုခွင့် သုံးရက် ပိတ်ပင်ထား

အာရှလမ်းသစ်ဖွင့်ပွဲ လုံခြုံ‌ရေးအတွက် အသုံးပြုခွင့် သုံးရက် ပိတ်ပင်ထား

1321

ဩဂုတ် ၂၇ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

မြဝတီ-‌ကော့ကရိတ် ‌ဒေါန‌တောင်ပတ် အာရှလမ်းသစ် ကားလမ်းကို တရားဝင်ဖွင့်လှစ်ပွဲ လုံခြုံ‌ရေးဆိုင်ရာအတွက် လက်ရှိအသုံး ပြု‌နေသည့် ‌မော်‌တော်ယာဉ်များနှင့် ခရီးသွားများကို ဩဂုတ်လ ၂၈ရက်မှစတင်ကာ ၃ရက်တိုင်တိုင် အသုံးပြုခွင့် ပိတ်ပင်လိုက် သည်ဟု လမ်းကင်းလုံခြုံ‌ရေးယူထားသည့် တပ်မှူးတစ်ဦးက ‌ပြောသည်။

အဆိုပါတပ်မှူးက “အထက်အမိန့်အရ မနက်ဖြန် ဩဂုတ်လ ၂၈ရက်က‌နေ ၃ဝရက်‌နေ့အထိ လမ်းကို သုံးရက်တိတိ လုံးဝ ပိတ် ထားမှာဖြစ်တယ်။ ကားကြီးကားငယ်နဲ့ ခရီးသည်‌တွေပါမကျန် ဘယ်သူ့ကိုမှ သွားခွင့်မပြု‌တော့ဘူး။ ဖွင့်ပွဲရှိလို့ ဖြစ်တယ်”ဟု ဆို သည်။

ယခုလ ဩဂုတ် ၃ဝရက်‌နေ့တွင် မြဝတီမြို့နယ် သကင်္န်းညီ‌နောင်ဘက်ရှိ အာရှလမ်းသစ် လမ်းပိုင်းလမ်းဆုံတွင် ကျင်းပမည့် ဖွင့်ပွဲ အခမ်းအနားသို့ ထိုင်းနှင့် မြန်မာနိုင်ငံမှ နိုင်ငံ‌တော်အကြီးအကဲများ တက်‌ရောက်ဖွင့်လှစ်မည်ဖြစ်‌သော‌ကြောင့် လုံခြုံ‌ရေးကို အဆင့်မြင့် တပ်လှန့်ထားသည်ဟုလည်း ‌ဒေသခံများက ‌ပြောသည်။

မြဝတီမြို့ခံတစ်ဦးဖြစ်သူ ဦးစိန်က “အာရှလမ်းဖွင့်ပွဲမတိုင်ခင်မှာ မြို့တွင်းမြို့ပြင်‌တွေမှာလည်း လုံခြုံ‌ရေး‌တွေကို တိုးမြှင့်ထားပြီး သကင်္ာမကင်း ဖြစ်တဲ့‌နေရာ‌တွေကိုလည်း ပိတ်ဆို့စစ်‌ဆေးမှု‌တွေ လုပ်‌နေတာ ရှိပါတယ်။ လုံခြုံ‌ရေးအတွက်ဆို‌တော့ ဒီထက်မက ကို လုပ်သင့်ပါတယ်”ဟု ‌ပြောဆိုသည်။
11949820_446691838852488_1986283898_n
သို့‌သော် အာရှလမ်းသစ် သုံးရက် အသုံးပြုခွင့် ပိတ်ထားသည့်ကာလတွင် ‌မော်‌တော်ယာဉ်များနှင့် ခရီးသွားများကို ယခင် ‌ဒေါန ‌တောင်‌ကျော်ကားလမ်း(လမ်း‌ဟောင်း) အသုံးပြုခွင့်‌ပေးထားသည်ဟု မြဝတီခရိုင်မှ တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

မကြာမီ ဖွင့်လှစ်မည့် လမ်းသစ်ဖွင့်ပွဲသို့ နှစ်နိုင်ငံ သ‌ဘောတူညီချက်များအရ ထိုင်းဘက် တက်‌ရောက်မည့် ကိုယ်စားလှယ်အ‌ရေ အတွက်မှာ ၁၅ဝဦးဖြစ်ပြီး မြန်မာဘက်မှလည်း အလားတူ အ‌ရေအတွက်အတိုင်း တက်‌ရောက်ကြမည်ဖြစ်ကာ သတင်းယူကြ မည့် နှစ်နိုင်ငံ(မီဒီယာ)သမားများကို တဖက်လျှင် ၁၅ဦးစီ သတ်မှတ်ထား‌ကြောင်း သိရသည်။

အာရှလမ်းသစ်ဖွင့်ပွဲအပြီးတွင် နှစ်နိုင်ငံ ‌ခေါင်း‌ဆောင်များနှင့် ကိုယ်စားလှယ်များသည် နယ်ခြား‌သောင်ရင်းမြစ်‌ပေါ်တွင် တည် ‌ဆောက်မည့် မဲ‌ဆောက်-မြဝတီ ဒုတိယ‌မြောက် ချစ်ကြည်‌ရေးတံတား အုတ်မြစ်ချမဂင်္လာ အခမ်းအနားကိုလည်း တက်‌ရောက် သွားကြမည် ဖြစ်သည်။

ယင်းသို့ မြန်မာဘက်တွင် လုံခြုံ‌ရေးဆိုင်ရာများကို တိုးမြှင့်ထားသကဲ့သို့ ထိုင်းဘက်ခြမ်းနယ်စပ်တွင်လည်း လုံခြုံ‌ရေးကို အလား တူ တပ်လှန့်ထားသည်ဟု ထိုင်းနယ်ခြား‌စောင့်တပ်မှူးတစ်ဦးက ‌ပြောဆိုသည်။