Home ထိပ်တန်းသတင်း ‌သောက်‌ရေခပ်(၂) ‌ရေအားလျှပ်စစ်စီမံကိန်း‌ကြောင့် ဆုံးရှုံး‌မြေများ ပြန်ရရန် ‌ဒေသခံများ ဆန္ဒထုတ်‌ဖော်

‌သောက်‌ရေခပ်(၂) ‌ရေအားလျှပ်စစ်စီမံကိန်း‌ကြောင့် ဆုံးရှုံး‌မြေများ ပြန်ရရန် ‌ဒေသခံများ ဆန္ဒထုတ်‌ဖော်

2344

‌မေ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ‌သောက်‌ရေခပ်(၂) ‌ရေအားလျှပ်စစ်‌ကြောင့် ကုမ္ပဏီမှ သိမ်းဆည်းထားသည့် ‌ဒေသခံကရင်‌မြေယာ များကို ပြန်လည်ရရှိရန် အရပ်ဖက် လူမှုအ‌ခြေပြုအဖွဲ့အစည်းအချို့နှင့် ‌ဒေသခံ‌ကျေးရွာ လူထုများ စု‌ပေါင်း၍ သံ‌တောင်မြို့နယ် ‌ဘောဂလိမြို့နယ်ခွဲ ပလက်ဝ‌ဒေသ ‌ရေ‌လောင်တမံအနီးတွင် ‌မေလ ၁ဝရက်‌နေ့က ဆန္ဒထုတ်‌ဖော် ‌တောင်းဆိုခဲ့ကြသည်။

ထိုသို့ ‌တောင်းဆိုဆန္ဒပြရာတွင် ‌ဒေသခံများမှ တမံအသစ် မ‌ဆောက်လုပ်‌ရေး၊ လက်ရှိ‌ရေ‌လှောင်တမံ‌ကြောင့် မြှုပ်သွားသည့် တံတား‌ဟောင်းများကို အသစ်ပြန်လည်‌ဆောက်လုပ်‌ရေးနှင့် ဆုံးရှုံးသွားသည့် ‌မြေယာများကို ပြန်လည်ရရှိ‌ရေး စသည့်အချက် ၃ချက်ဖြင့် ဆန္ဒထုတ်‌ဖော်ခဲ့ကြခြင်းဖြစ်သည်ဟု ၎င်း‌ဒေသရှိ ‌မြေယာပြန်လည်ထိန်းသိမ်း‌ရေးနှင့် သိမ်းဆည်းခံ‌မြေ ပြန်ရရှိ‌ရေး ‌ကော်မတီ ဥက္ကဋ္ဌ ‌စောဒို့ထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“စီမံကိန်း‌ကြောင့် ‌မြေယာ‌တွေသိမ်းဆည်းတာ‌တွေဖြစ်လာတယ်။ အဲဒါကို ကျ‌နော်တို့က ‌ဒေသခံ‌တွေ ပြန်ရဖို့ ‌မြေယာ‌ကော်မတီဖွဲ့ ပြီး ပြန်‌တောင်းမှာကို အစီအစဉ်ရှိထားတယ်။ ဆည်‌နောက်ထပ်တစ်ခု‌ဆောက်ဖို့လည်း ကျ‌နော်တို့ကြားရတယ်။ အဲဒါကို ကျ‌နော် တို့က ‌ဒေသခံလူထု‌တွေနဲ့ ဆန္ဒပြကြတာပါ။ ‌နောက်ပြီး ဆည်ရဲ့ ဆိုးကျိုး‌ကောင်းကျိုး‌တွေကိုလည်း ‌ဒေသခံ‌တွေကို ရှင်းပြတာ ဖြစ် ပါတယ်”ဟု ‌စောဒို့ထူးက ‌ပြောသည်။

၎င်း‌တောင်းဆိုဆန္ဒပြမှုတွင် အရပ်ဖက် ကရင်လူမှုအ‌ခြေပြုအဖွဲ့အစည်းဖြစ်သည့် ‌မြေယာပြန်လည်ထိန်းသိမ်း‌ရေးနှင့် သိမ်းဆည်း ခံ‌မြေ ပြန်ရရှိ‌ရေး‌ကော်မတီ၊ ကရင်မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ့ အပါအဝင် ‌ဘောဂလိကြီး၊ ‌ဘောဂလိ‌လေး၊ ‌ကျောက်ပုံ၊ စပါး ကျီ၊ ထုံးဘို၊ ခူ‌ပြောင်၊ နဂါး‌မောက် စသည့်‌ကျေးရွာ ၇ရာမှ ‌ဒေသခံ ၁၀ဝခန့် ပါဝင်ခဲ့ကြသည်။

ဆန္ဒပြမှုတွင် ပါဝင်သည့် ထုံးဘိုရွာသူ ‌နော်အဲလ်စ္စဘက် “ကုမ္ပဏီ‌တွေက စီးပွား‌ရေးလာလုပ်တာကို မူးဂါး (အ‌ဒေါ်)တို့က ရွာအ လိုက် ‌ပြောင်း‌ရွှေ့‌ပေးရတယ်။ အခု လုပ်ကိုင်စား‌သောက်ဖို့ ‌မြေ‌တွေ မရှိဘူး။ အိမ်‌တွေ‌ဆောက်ဖို့လည်း ‌ငွေမရှိဘူး။ သူတို့လုပ်မ ကုန်တဲ့‌မြေကို မူးဂါးတို့ ပြန်ဝင်လုပ်‌တော့လည်း ပြန်တရားစွဲခံရတယ်။ သူတို့ဆီက ‌လျော်‌ကြေးမလိုချင်ဘူး။ ‌မြေ‌တွေကိုပဲ ပြန်လို ချင်တယ်။ မူးဂါးတို့က ရင်းနှီးလုပ်လို့ မတတ်ဘူး။ ကိုယ့်‌မြေ‌တွေ ပြန်ယူပြီး ‌တောင်ယာပဲ ပြန်လုပ်ချင်တယ်။ အဲဒါကို လိုချင်လို့ လာ‌ရောက်‌တောင်းဆိုဆန္ဒပြတာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
IMG_0095
ယင်းစီမံကိန်းသည် Asia World ‌ခေါ် ‌ရွှေစွမ်းအင်ကုမ္ပဏီ၊ ‌ကောင်းမြန်မာ‌အောင်ကုမ္ပဏီ၊ မင်းအ‌နောင်ရထာကုမ္ပဏီ၊ ကိုစည် ကုမ္ပဏီများက ပူး‌ပေါင်းကာ ဝင်‌ရောက်လုပ်ကိုင်‌နေခြင်းဖြစ်သည်ဟု ကရင်မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ့ထံမှ သိရသည်။

ကရင်မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ့မှ ‌စောသာဘိုးက “ကုမ္ပဏီဘက်က ကျ‌နော်သိရသ‌လောက်‌တော့ ပူး‌ပေါင်းလုပ်တယ်လို့ သိရတယ်။ ဒီ‌ရေအားလျှပ်စစ်ကို ကုမ္ပဏီက အစိုးရကို ပြန်‌ရောင်းတယ်။ အစိုးရက ဘယ်မှာ ပြန်‌ရောင်းလဲ‌တော့ မသိဘူး။ ကျ‌နော်တို့က‌တော့ ‌ဒေသခံလူထု‌တွေ ဆန္ဒထုတ်‌ဖော်ပွဲ ရနိုင်‌အောင် ဝိုင်းစီစဉ်‌ပေးတာပဲ။ ပြီး‌တော့ ကျ‌နော်တို့က သူတို့ သ‌ဘော ထားထုတ်ပြန်ချက်‌တွေကို လူထုသိ‌အောင် မီဒီယာက‌နေတဆင့် ပြန်‌ပြော‌ပေးတာပဲ”ဟု ‌စောသာဘိုးက ‌ပြောသည်။

လက်ရှိ ‌သောက်‌ရေခပ်(၂) ‌ရေအားလျှပ်စစ်စီမံကိန်းကို ထုံးဘို‌ကျေးရွာ ‌သောက်‌ရေခတ်‌ချောင်းတွင် ၂၀၀၆ခုနှစ်က စတင် အ‌ကောင်အထည်‌ဖော်ခဲ့ပြီး ထိုသို့ အ‌ကောင်အထည်‌ဖော်ရာ၌ ရွာ‌ပေါင်း ၁ဝရွာနီးပါးရှိ ‌ဒေသခံဥယျာဉ်ခြံများ ထိခိုက်ခဲ့သလို ထုံး ဘိုရွာ၊ ‌ကျောက်ပါးစပ်ရွာနှင့် နဂါး‌မှောက်ရွာများမှ ရွာလုံးကျွတ်ဖြင့် စုစု‌ပေါင်းအိမ်‌ခြေ ၁၀၀‌ကျော် ‌ပြောင်း‌ရွှေ့ခံခဲ့ရသည်ဟု သိရ သည်။

‌သောက်‌ရေခပ်(၂) ‌ရေအားလျှပ်စစ်စီမံကိန်း‌ကြောင့် ‌ဒေသခံလယ်‌မြေများပြန်ရရန် တံတားတည်‌ဆောက်‌ပေးရန်အတွက် ပြီးခဲ့ သည့် ၂၀၁၄ခုနှစ်၊ ဧပြီလတွင် ပလက်ဝတစ်ဖက်ကမ်းတွင် ပထမဦးဆုံးအကြိမ် ‌ဒေသခံ စု‌တောင်းပွဲ ပြုလုပ်ခဲ့ပြီး ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ် ဆန္ဒထုတ်‌ဖော်ခြင်းဖြစ်သည်။