Home ကဗျာ လမ်း‌ပျောက်တဲ့ကြယ်

လမ်း‌ပျောက်တဲ့ကြယ်

2544

(လကင်္ာဒီပ)

ဘာသာ စကား စာ‌ပေ
‌ရေ‌မြေ ဓ‌လေ့ ယဉ်‌ကျေးမှု
သုခုမလက္ခဏာ သ‌ကေင်္တ
လူမျိုးတမျိုးရဲ့ ပြည့်စုံတဲ့အဂင်္ါ
အာဏာရှင်‌တော်လှန်လာတာလည်း နှစ်(၆၀)‌ကျော်
‌ကြွေး‌ကြော်သံ (၄)ရပ်လည်းရှိ
‌တော်လှန်‌ရေးမှာ မူရှိ လမ်းစဉ်ရှိတယ်
ဘယ်အရာမှ မျက်‌ခြေမပြတ်‌စေ
ဒါ‌တွေဟာ တို့ရဲ့ အလင်းတန်း‌ပေါ့။

ညီညွှတ်ချင်တာလည်း နှစ်‌ယောက်မရှိ
အသိတရားနဲ့ မကြည့်
သတိတရားနဲ့ မညှိကြ
အရှိတရားနဲ့ မထိသမျှ
တို့တ‌တွေဟာ ကိုယ့်ကိုယ်ကိုလိမ်ညာ
အရာအားလုံးကို ‌ပေါင်းစပ်နိုင်စွမ်းမဲ့
ဒီလိုနဲ့ ‌တောင်ပံကျိုးတဲ့ ချို့တဲ့ငှက်လို
ဟို…လွတ်လပ်တဲ့ ‌ကောင်းကင်မြင့်ကြီးထံ
ပျံချင်‌သော်လည်း မပျံနိုင်ကြရှာ‌လေတယ်။

မထားသင့်တဲ့ အရာ‌တွေထား
မပွားသင့်တဲ့ အရာ‌တွေပွား
မလွှားသင့်တဲ့ အရာ‌တွေလွှား
ထားသင့် မထားလွှားသင့်
ချင့်ချိန်နှိုင်းဆခြင်းမရှိခဲ့လို့
တို့ ကရင်‌တွေ ကရင်‌တွေဟာ
မာနနဲ့ သံသယ‌အောက်မှာ
ယိုင်နဲ့စွာ ပြားပြား‌မှောက်‌နေကြတယ်။

ကြည့်စမ်း ကြည့်စမ်း
အစွမ်း‌တွေပြ‌နေလိုက်ကြတာ
“စပါတာကပ်စ်”‌တောင် လက်မှိုင်ချ‌လောက်
‌ဪ… ဘန်‌ကောက်‌ရောက် ကရင်လူငယ်‌တွေ
အ‌ခြေမြစ်မဲ့ လုပ်ရပ်မှုခင်း
အချင်းချင်း တိုက်ခိုက်မှုများ
လူသားအရင်းအမြစ် ဖြုန်းတီး
ရင်ဘတ်ကြီး‌တွေ ရဲရင့်ပြ‌နေလိုက်ကြတာ
လွန်တရာမှ စိတ်ကုန်‌လောက်ပါ‌ပေတယ်။

‌တောက်‌လျှောက် ‌ပြေး‌နေခဲ့ရတာကိုး
ဆိုးရွားနိမ့်ကျလှတဲ့ ဘဝထဲ
မွဲ‌တေခြင်း ပညာမဲ့ခြင်း
ထိတ်လန့်ခြင်း ဆာ‌လောင်ငို‌ကြွေးခြင်း‌တွေနဲ့
အဆိုးရဲ့ အစွန်းတစ်ဖက်မှသည်
မမှီနိုင်တဲ့ ‌ကောင်းမြတ်ခြင်း အခွင့်အ‌ရေး
‌ထွေး‌ပွေ့မိခြင်း ရုတ်တရက်မှာ
များစွာ‌သော ကြယ်စင်‌တွေ အစင်းစင်း
‌နေ့ခင်း‌ကြောင်‌တောင် လမ်း‌ပျောက်‌ကြွေကျခဲ့ကြ‌လေတယ်။

ဧပြီလ ၂၀၊ ၂၀၁၅။

မှတ်ချက် – စပါတာကပ်စ်(Spartacus)သည် ကျွန်‌တော်လှန်‌ရေးကို ဦး‌ဆောင်‌တော်လှန်ခဲ့သူဖြစ်သည်။