Home သတင်း ၆၆နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့တွင် ကရင်လက်နက်ကိုင် (၄)ဖွဲ့ ပူး‌ပေါင်းစစ်‌ရေးပြ

၆၆နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့တွင် ကရင်လက်နက်ကိုင် (၄)ဖွဲ့ ပူး‌ပေါင်းစစ်‌ရေးပြ

1885

‌ဖေ‌ဖော်ဝါရီ ၁ရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်ရှိ ကရင်အမျိုးသား ကာကွယ်‌ရေးအဖွဲ့(KNDO) ဋ္ဌာနချုပ် အူးက‌ရေ့ခီး စခန်း၌ ဇန်နဝါရီ ၃၁ရက်‌နေ့က ကျင်းပ‌သော ၆၆နှစ်‌မြောက် ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့တွင် KNDO၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)၊ KNU/KNLA-PC တို့က ပူး‌ပေါင်းစစ်‌ရေးပြခဲ့ကြသည်။

KNDO ဦးစီးချုပ် ဗိုလ်မှူးချုပ် ‌စောနယ်ဒါးမြက “တကွဲတပြားဖြစ်‌နေတဲ့ ကရင်အဖွဲ့အစည်း‌တွေကို ပြန်လည် စုစည်းပြီး ကျ‌နော်တို့ ကရင်လူမျိုးတို့ရဲ့ စည်းလုံးမှု၊ တပ်မ‌တော်ရဲ့ ဂုဏ်သိက္ခာ‌တွေကို နိုင်ငံတကာအထိ ပြချင် တာဖြစ်တယ်။ ဒါ‌ကြောင့် ဒီ‌နေ့ ၆၆နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့မှာ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးအ တွက် တိုက်ပွဲဝင်ခဲ့ကြသူ‌တွေအားလုံးကို ဂုဏ်ပြုကျင်းပတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နံနက် ၈နာရီခွဲမှ ‌နေ့လည် ၁၂နာရီအထိ ကျင်းပသည့် ယင်းအခမ်းအနားကို စစ်‌ရေးပြအစီအစဉ်ဖြင့် အခမ်းအ နား ဖွင့်လှစ်ခဲ့ပြီး‌နောက် ကရင်အမျိုးသားအလံ‌တော်ကို အ‌လေးပြုခြင်း၊ KNDO စစ်ဦးစီးချုပ်မှ ဂုဏ်ပြုစစ်‌ရေးပြ စစ်‌ကြောင်း စစ်‌ဆေးခြင်း၊ ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ မိန့်ခွန်းကို ဖတ်ကြားခြင်း၊ ကရင့်‌တော် လှန်‌ရေး ဖြစ်‌ပေါ်လာပုံ ‌ဟော‌ပြောခြင်း၊ KNU ‌ခေါင်း‌ဆောင်နှင့် မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်များ မိန့်ခွန်း‌ပြော ကြားခြင်း အစီအစဉ် ၂ပိုင်းခွဲ၍ ပြုလုပ်ခဲ့ကြသည်။
???????????????????????????????
အခမ်းအနားသို့ KNDO ဦးစီးချုပ်၊ KNU ‌ခေါင်း‌ဆောင်များဖြစ်ကြသည့် ပဒို‌စော‌ဒေးဗစ်သက‌ဘော၊ ပဒို‌စောအား တိုး၊ စည်းလုံးညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်းစီ(UNFC)မှ ခူးဦးရယ်၊ ‌ဒေါက်တာလဂျာ နှင့် အဖွဲ့ဝင်များ၊ နိုင်ငံတကာကရင်အဖွဲ့အစည်းမှ ‌စောကနဲမီ၊ ဩစ‌တြေးလျားနိုင်ငံမှ လွှတ်‌တော်အမတ် Luke Symkim၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-လွတ်‌မြောက်နယ်‌မြေ၊ KNLA၊ DKBA၊ KNU/KNLA-PC များ၊ ကရင် လက်နက်ကိုင်အဖွဲ့များမှ ရဲ‌ဘော်များ အပါအဝင် ပရိဿတ် ၁,၀၀၀‌ကျော် တက်‌ရောက်ခဲ့သည်။

၎င်းကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနား တက်‌ရောက်ခဲ့သူ DKBA ထိပ်ပိုင်း ‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ ‌စော ‌မောသိုက “‌ကော်သူး‌လေအစိုးရဆိုတာ တစ်ဖွဲ့တည်းရှိရမယ်။ စည်းလုံးမှု မရှိတဲ့အတွက် ‌နောက်ပိုင်း DKBA၊ PC တို့ ဖြစ်လာတာဖြစ်တယ်။ အခုချိန်ကစပြီး စည်းရုံး‌ရေးတိုက်ပွဲ ပုံစံနဲ့ သွားရမယ်။ အခုအချိန်မျိုးမှာ တကွဲတပြား ဖြစ်လို့ မရဘူး။ စည်းလုံးညီညွတ်မှုဆိုတဲ့ စကားနဲ့အညီ ကျ‌နော်တို့ လုပ်ကို လုပ်‌ဆောင်ရမယ်”ဟု ‌ပြောကြားခဲ့သည်။

KNDO ဋ္ဌာနချုပ်တွင် ကျင်းပသည့် ၆၆နှစ်‌မြောက် ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့ကို ဇန်နဝါရီ ၃ဝရက်‌နေ့က ကရင့်ရိုးရာလက်‌ဝှေ့ပွဲ ကျင်းပခြင်း၊ ကရင့်ဒုံးအဖွဲ့ ၁ဝဖွဲ့ ကပြ‌ဖျော်‌ဖြေခြင်းနှင့် ကရင်‌ခေတ်‌ပေါ်‌တေးဂီတ အစီအ စဉ်တို့ဖြင့် ဂုဏ်ပြု‌ဖျော်‌ဖြေခဲ့ကြသည်။

၁၉၉၄ခုနှစ်နှင့် ၂၀၀၇ခုနှစ်တို့တွင် KNU မှ အသီးသီးခွဲထွက်သွား‌သော DKBA အဖွဲ့နှင့် KNU/KNLA–PC တို့ သည် ခွဲထွက်သွားခဲ့ချိန်မှစ၍ ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့ကို ကျင်းပနိုင်ခြင်းမရှိဘဲ ယခု KNU နှင့်အတူ ပထမဦးဆုံးအကြိမ် တရားဝင် ပူး‌ပေါင်းကျင်းပလာခြင်းဖြစ်သည်။

ဖဆပလအစိုးရမှ ကရင်အမျိုးသားကာကွယ်‌ရေးအဖွဲ့(KNDO)ကို ၁၉၄၉ခုနှစ်၊ ဇန်နဝါရီ ၃၁ရက်‌နေ့တွင် တရားမ ဝင်အဖွဲ့အဖြစ် ‌ကြေညာပြီး‌နောက် တိုက်ပွဲများဖြစ်ပွားသည့်‌နေ့ကို ကရင်အမျိုးသား ခုခံ‌တော်လှန်‌ရေး‌နေ့အဖြစ် သတ်မှတ်ခဲ့သည်။