Home ဆောင်းပါး ၂၀၁၅ ‌ရွေး‌ကောက်ပွဲမတိုင်မီ ဘာ‌တွေ အဓိက လိုအပ်သလဲ

၂၀၁၅ ‌ရွေး‌ကောက်ပွဲမတိုင်မီ ဘာ‌တွေ အဓိက လိုအပ်သလဲ

1523

(‌မောင်‌ကျော်စွာ)

(၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ ၁၈ရက်)

ယ‌နေ့ မြန်မာ့နိုင်ငံ‌ရေး အ‌နေအထားသည် အနှစ်သာရရှိ‌သော ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲလည်းမဖြစ်၊ ၂၀၀၈အ‌ခြေခံဥပ‌ဒေ ပြုပြင်‌ရေးက လည်း မ‌ရေရာမ‌သေချာ၊ (NCA) လက်မှတ် ထိုးကြရန်ဆိုသည်မှာကလည်း ဘယ်ဆီဘယ်ဝယ်မှန်းမသိ။

ယင်းသို့ အနှစ်သာရကင်းမဲ့‌သော၊ မ‌ရေရာ မ‌သေချာ‌သော၊ ဘယ်ဆီဘယ်ဝယ်မှန်းမသိ‌သော အ‌နေအထားမှ “၂၀၁၅ ‌ရွေး ‌ကောက်ပွဲ”ကို လှမ်း‌မျှော်‌နေကြပြန်သည်။ ‌မျှော်လင့်ချက်‌တွေ ‌ပေး‌နေသူ‌ပေးပြီး ‌လေပင့်‌ပေးသူများက ‌လေပင့်‌နေကြပြန်ပါသည်။

ထိုသို့ ‌ပြောဆို‌နေသူများထဲတွင် ပထမဆုံး နှပ်‌ကြောင်း‌ပေး‌ပြောဆိုသူမှာ သမ္မတဦးသိန်းစိန်ဖြစ်သည်။ “လွတ်လပ်‌ရေးရပြီး ‌နောက်ပိုင်းမှာ အဓိကကျတဲ့ နိုင်ငံ‌ရေးအင်အားစုအားလုံး အင်တိုက်အားတိုက် ဝင်‌ရောက်ယှဉ်ပြိုင်တဲ့ ‌ရွေး‌ကောက်ပွဲကို ၂၀၁၅ခု နှစ်မှာ ပထမဆုံးအကြိမ် ကျင်းပနိုင်မှာ ဖြစ်ပါတယ်”ဟူ၍ ဖြစ်သည်။ ထို‌ပြောဆိုချက်နဲ့ စည်းကိုက်ဝါးကိုက် လိုက်ပါလာသည်က ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ထုတ်ပြန်‌သော အချက် ၆ချက်ပါသည့် “၂၀၁၅ခုနှစ်၊ အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲ အသိ‌ပေး‌ကြေညာချက်”ဖြစ်သည်။ ထု့ိအပြင် ၁၆ ဇန်နဝါရီရက်စွဲဖြင့် “နိုင်ငံ‌ရေးပါတီများ စည်းရုံး‌ရေးဆိုင်ရာ‌ကြေညာချက်” ဆို သည်ကို ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ထုတ်ပြန်ထားပါသည်။ သို့ဖြင့် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သည် “‌ကြေညာချက်များ” ထုတ် ပြန်၍ နိုင်ငံ‌ရေးငါးမျှား‌နေသည်။

ထို‌ပြောဆိုမှုများနှင့် ထိုထုတ်ပြန်ချက်များသည် လက်ငင်း‌ဆောင်ရွက်ကြရမည့် “၂၀၀၈အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေး၊ ‌တွေ့ဆုံ‌ဆွေး ‌နွေး‌ရေး” ‌တောင်းဆိုချက်များကို တမင်တကာ မျက်‌ခြေပြတ်‌စေပြီး “၂၀၁၅ ‌ရွေး‌ကောက်ပွဲ”ဖြင့် အာရုံလွှဲခြင်း၊ အတင်း‌မောင်း သွင်း‌နေခြင်း ဖြစ်ပါသည်။ ဒီချုပ်ပါတီကို တမင်ရည်ရွယ်လျက် ကျုံးသွင်း‌နေသည်မှာလည်း ထင်ရှား‌နေပါသည်။ “၂၀၁၅ ‌ရွေး ‌ကောက်ပွဲ”ကို ဒီချုပ်ပါတီက “၂၀၁ဝ ‌ရွေး‌ကောက်ပွဲ”မှာ မပါဝင်သကဲ့သို့ ပြုမူမှာ၊ သပိတ်‌မှောက်မှာ သို့တည်းမဟုတ် ၃‌နေရာပဲ “စတိ”သ‌ဘော ဝင်‌ရောက်မှာကို လက်ရှိအစိုးရက စိုးရိမ်ပုံ‌ပေါ်‌နေပါသည်။

ဒီချုပ်ပါတီ တာဝန်ရှိသူက “ဥပ‌ဒေအရ တရားဝင် ‌ကြေညာရမယ်”၊ အဲဒီအ‌ပေါ်မှာ မူတည်ပြီး “၂၀၁၅ ‌ရွေး‌ကောက်ပွဲ”အ‌ပေါ် ဒီချုပ် ပါတီ၏ သ‌ဘောထားကို ‌ပြောမည်ဟု တုန့်ပြန်ထားသည်။

‌ရွေး‌ကောက်ပွဲကိစ္စကို ‌ပြောကြမည်ဆိုလျှင် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ၊ နိုင်ငံ‌ရေးပါတီများ၊ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် စသည်တို့ကို တစ်ဆက်တည်း ‌ပြောရမည်။ မည်သည့်အရာကိုမျှ ချန်လှပ်ထားခဲ့၍ မရပါ။

ပြည်သူလူထု၏ နို်င်ငံ‌ရေးအ‌မြော်အမြင်

‌ရွေး‌ကောက်ပွဲကိစ္စကို‌ပြောလျှင် ပထမဆုံး ‌ပြောချင်သည့်အချက်မှာ မဲဆန္ဒရှင်ပြည်သူများသည် (မဆလ‌ခေတ်မှ အပ) မည်သည့် ပါတီကို မဲ‌ပေးရမည်ဆိုသည့်အချက်ကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပြီး ပြတ်ပြတ်သားသား မဲ‌ပေးနိုင်သည့် အချက်ပင်ဖြစ်သည်။

ဤအချက်မှာ ပြည်သူလူထု၏ ကြီးမြတ်‌သောနိုင်ငံ‌ရေးအ‌မြော်အမြင်နှင့်ပိုင်းဖြတ်ချက်ဖြစ်ပါသည်။ မြန်မာ့နိုင်ငံ‌ရေး အနီးအ‌ဝေး သမိုင်းကို ‌ခေတ္တခဏမျှ ‌စောင်းငဲ့ကြည့်လိုက်ပါ။

၁၉၄၇ အ‌ခြေခံဥပ‌ဒေအရ ကျင်းပသည့် ‌ရွေး‌ကောက်ပွဲများတွင် ပြည်သူများသည် စစ်တပ်က ပင်းသည့် “တည်မြဲ(‌ဆွေ-ငြိမ်း)”ကို ဆန့်ကျင်ပြီး “လူတည်မြဲ- မဲသန့်ရှင်း” ဟုဆိုကာ “သန့်ရှင်း(နု-တင်)”ကို အသဲကြားက မဲတပြား ‌ပေးခဲ့ကြသည် မဟုတ်သ‌လော။
“၁၉၉ဝ ‌ရွေး‌ကောက်ပွဲ” တွင်လည်း အ‌မြော်အမြင်ရှိ‌သော၊ ဆုံးဖြတ်ချက်ပီပြင်‌သော ပြည်သူများသည် (တစည)ကို စီးချင်းထိုးပြီး (ဒီချုပ်ပါတီ)ကို မဲ‌တွေ စုပုံ‌ပေးခဲ့ကြသည်။

“၂၀၁၂ ကြားဖြတ် ‌ရွေး‌ကောက်ပွဲ”တွင်လည်း ပြည်သူများသည် သူတို့၏ အ‌မြော်အမြင်နှင့် သ‌ဘောထားကို ပြတ်ပြတ်သားသား ထပ်မံထုတ်‌ဖော်ပြသခဲ့ကြပြီး “၂၀၀၈ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေး” နှင့် ပတ်သက်၍လည်း လက်မှတ် ၅သန်းနီးပါး (၄၉၄၁၉၉၈) ‌ရေးထိုး၍ ဆန္ဒပြသခဲ့ကြပြီးလည်း ဖြစ်ပါသည်။

ပြည်သူများသည် အဘယ်‌သောအခါက တာဝန်မ‌ကျေခဲ့ပါသလဲ။ ဘယ်အချိန်ကာလ အဆုံးအဖြတ် မှားခဲ့ဖူးပါသလဲ။ ပြည်သူလူ ထုတစ်ရပ်လုံးနဲ့ချီ၍ မှား‌သော အမှားမရှိနိုင်ပါ။ ကြားလည်းမကြားဖူးပါ။ နိုင်ငံ‌ရေးပါတီတစ်ရပ်၊ နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်တစ်ဦးတစ် ‌ယောက်အ‌နေဖြင့်‌တော့ အမှားအယွင်းရှိနိုင်ပါသည်။ မှားတတ်ပါသည်။ ၁၉၉ဝ ‌ရွေး‌ကောက်ပွဲရလဒ် (ဝါ) ပြည်သူများ၏ဆန္ဒ ပြည့်ဝပီပြင်‌အောင် အ‌ကောင်အထည်မ‌ဖော်နိုင်ခဲ့ကြတာ ဘယ်သူ‌တွေလဲ။ “ထန်းလျက်လုံး ‌ခွေးလျက်သကဲ့သို့” အ‌ဟောသိကံ ဖြစ်‌အောင် ပြုလုပ်ခဲ့ကြတာ ဘယ်သူ‌တွေလဲ။ ဘယ်သူ‌တွေမှာ တာဝန်ရှိသလဲ။

“၁၉၉ဝ ‌ရွေး‌ကောက်ပွဲရလဒ်” ဖျက်ဆီးသူ တရားခံနံပတ်တစ်မှာ (နဝတ-နအဖ) စစ်အစိုးရဖြစ်သည်ဟု လက်ညှိုးထိုးလျှင် ထိုသို့ ဖျက်ဆီးခဲ့တာကို လည်စင်းငုံ့ခံခဲ့သည့် နိုင်ငံ‌ရေးပါတီသည် ဒုတိယတာဝန်ရှိသူ ဖြစ်‌ပေလိမ့်မည်။ “ပြည်သူလူထုမှာ တာဝန်ရှိ တယ်”၊ “ဆုံးဖြတ်ချက်မှားမှာ စိုးရိမ်တယ်” ဆိုသည့်စကားများကို ခဏခဏ‌ပြောဆို‌နေခြင်းသည် ပြည်သူလူထုအ‌ပေါ် အထင်အ မြင်‌သေးသည့် သ‌ဘောသက်‌ရောက်‌နေပါသည်။

ပြည်သူလူထု၌ နိုင်ငံ‌ရေးသ‌ဘောတရား‌တွေရှိ‌နေ၍၊ နိုင်ငံ‌ရေးအ‌ကြောင်းချင်းရာ‌တွေ သိမြင်နားလည်‌နေ၍ ယင်းသို့ အ‌မြော်အ မြင်၊ အဆုံးအဖြတ်၊ မှန်ကန်‌နေခြင်း၊ ပြတ်သား‌နေရခြင်းမဟုတ်ပါ။ ရင်စည်းခါးစည်းခံစားခဲ့ရ‌သော အဖိနှိပ်ခံဘဝ၏ ခံပြင်းနာ ကျည်းဖွယ်ရာများက သင်ကြား‌ပေးပြသ‌ပေး၍ ဖြစ်ပါသည်။ ပြည်သူများသည် အ‌ကောင်းနှင့်အဆိုး၊ အမှန်နှင့်အမှားကို ရှင်းလင်း ပြတ်သားစွာ ခွဲခြားနိုင်သူများဖြစ်ပါသည်။

ပြည်သူလူထု၌ ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ မရှိပါ။ သူတို့အ‌ပေါ် ဖိစီးနှိပ်စက်သူမှန်သမျှကို လွန်စွာမုန်းတီးရွံရှာပြီး သူတို့အ‌ပေါ် ‌ကောင်း ကျိုးပြုမည့်သူကို အစဉ်‌လေးစား ချစ်ခင်၊ ‌မျှော်လင့်ကြိုဆိုကြပါသည်။ တန်ဖိုးထားကြပါသည်။ သူတို့အ‌ပေါ် ‌ကောင်းကျိုးပြုနိုင် မည့်သူကိုသာ ‌ရွေးချယ်လိမ့်မည်ဖြစ်သည်။ ပြည်သူလူထုသည် သူတို့ကာယဉာဏလုပ်အားဖြင့် အားထုတ်ကြိုးပမ်းလုပ်ကိုင်ခဲ့ သမျှအ‌ပေါ် လုပ်ကိုင်သည့် အတိုင်းအတာနှင့်‌လျော်ညီ‌သော အကျိုးအမြတ် ပိုင်ဆိုင်ခံစားရရှိနိုင်မည့် ‌ခေတ်နှင့်ဘဝကိုသာ ‌မျှော် လင့်‌တောင့်တကြပါသည်။

ထို‌ခေတ်၊ ထိုဘဝ၊ ထို‌မျှော်လင့်ချက်၊ ထိုဆန္ဒတို့သည်လွတ်လပ်‌ရေးသက်တမ်းနှင့်အမျှ ‌မျှော်လင့်‌နေခဲ့ကြ‌သော၊ ‌တောင့်တ‌နေခဲ့ ကြ‌သော ဆန္ဒများလည်းဖြစ်ပါသည်။ ပြည်သူလူထု၏ ထိုဆန္ဒသည်ယ‌နေ့ထိ မပြည့်ဝ‌သေးပါ။ ဖြည့်စွမ်း‌ပေးနိုင်သူလည်း မရှိ‌သေး ပါ။

ပြည်သူများသည် “တည်မြဲ”များ၏ ဖိနှိပ်ညစ်ပတ်တာ၊ အ‌ကောက်ကြံတာကိုသိပါသည်။ ထိုနည်းတူပင် “သန့်ရှင်း”‌တွေ မူမမှန် တာ၊ လူပါးလုပ်တာလည်းသိကြပါသည်။ သို့‌သော် “တည်မြဲ” – “သန့်ရှင်း” နှိုင်းယှဉ်‌ရွေးချယ်ရမည်ဟု ကြုံကြိုက်လာ‌သောအခါ နည်းနည်း ပို၍သက်သာ‌သော “သန့်ရှင်း”ကို ‌ရွေးချယ်ကြခြင်း၊ မဲ‌ပေးကြခြင်းဖြစ်သည်။ “အ‌ကောက်”ထဲမှာ နည်းနည်း “‌ကွေး”သူ ကို ပြည်သူများက ‌ရွေးချယ်ကြရသည့်သ‌ဘော ဖြစ်ပါသည်။

(မဆလ)‌ခေတ်တွင် ပြည်သူများသည် ဘာမျှ‌ရွေးချယ်ခွင့်မရခဲ့ကြပါ။ (မဆလ)တစ်ပါတီအာဏာရှင်စနစ်၏ ဖိနှိပ်မှုကို ရင်စည်းခါး စည်းခံခဲ့ကြရသည်။ မခံနိုင်‌တော့သည့်အဆုံးတွင် “၁၉၈၈ ဒီမိုက‌ရေစီအ‌ရေး‌တော်ပုံကြီး”ဖြင့် အံတုရင်ဆိုင်ကာ တပါတီအာဏာ ရှင်စနစ်အား တွန်းလှန်ခဲ့ကြသည် မဟုတ်ပါလား။ ယင်း‌နောက် “၁၉၉၀‌ရွေး‌ကောက်ပွဲ”တွင် ပြည်သူများသည် ဒီချုပ်ပါတီကို ပြတ် သားစွာ ‌ရွေးချယ် မဲ‌ပေးခဲ့ကြခြင်းဖြစ်ပါသည်။

ယခုလည်း ပြည်သူများသည် ‌ရှောင်လွှဲ၍မရ‌သော “၂၀၁၅ ‌ရွေး‌ကောက်ပွဲ” ဆိုသည်ကို ကြုံကြိုက်ရဦးမည်။ ပြည်သူများသည် မည်သူ့ကို မဲ‌ပေးရမည်နည်း။ ပြည်သူများသိပြီးဖြစ်သည်။ ၂၀၁၂ ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် သူတို့သ‌ဘောထားကို ကနဦး ပြသထားခဲ့ ပြီးလည်းဖြစ်သည်။ ပြည်သူများထံ ရိုးရှင်းသည့် သတင်းစကားသာ‌ပြောကြား‌ပေးပါ။ ပြည်သူများသည် ရဲရင့်စွာ၊ ပြတ် သားစွာ ဆုံးဖြတ်ပါလိမ့်မည်။ ပြည်သူများသည် အဆုံးအဖြတ်မှားလိမ့်မည် မဟုတ်‌ချေ။ အဆုံးအဖြတ်မှားလိမ့်မည်ဟူ၍လည်း ပူပင်‌ကြောင့်ကျ စိုးရိမ်‌နေစရာ မလိုပါ။ မဂ္ဂဇင်းတစ်‌စောင်၏ ‌ကြွေး‌ကြော်သံကဲ့သို့ပင် “ပြည်သူချစ်လျှင် – ကဗျည်းတင်မည်”။

သို့‌သော်လည်း ယခုပြုလုပ်မည့် ‌ရွေး‌ကောက်ပွဲသည် ၂၀၀၈အ‌ခြေခံဥပ‌ဒေကို မပြင်ဆင်ဘဲ ပြုလုပ်မည်၊ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ကို အသစ် ပြန်လည်ဖွဲ့စည်းခြင်းမရှိဘဲ ပြုလုပ်မည်ဆိုလျှင် မည်သို့မျှလွတ်လပ်ပြီး တရားမျှတသည့် ‌ရွေး‌ကောက်ဖြစ်လာလိမ့်မည် မဟုတ်‌ချေ။

‌ရွေး‌ကောက်ပွဲတစ်ခု လွတ်လပ်ပြီး၊ တရားမျှတဖို့ဆိုလျှင် –
– အကြင် အ‌ခြေခံဥပ‌ဒေတစ်ရပ်သည် ဒီမိုက‌ရေစီစံနှုန်းနှင့် ပြည့်ဝ‌စေရမည်။
– ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သည်လည်း တိုင်းပြည်နှင့် လူထုက ‌လေးစားကြည်ညိုသူများ၊ သမာသမတ်ရှိသူများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ရမည်။

အ‌ခြေခံဥပ‌ဒေတစ်ရပ်သည် ဒီမိုက‌ရေစီစံနှုန်းနှင့် ပြည့်ဝ‌စေရမည်

“၂၀၀၈ အ‌ခြေခံဥပ‌ဒေ”သည် ဒီမိုက‌ရေစီစံနှုန်း ပြည့်ဝခြင်းလည်း မရှိသလို ကိုက်ညီခြင်းလည်း အလျည်းမရှိပါ။ ဒီမိုက‌ရေစီစံနှုန်း ဆိုသည်မှာ အလွယ်တကူ‌ပြောရလျှင် အမြင့်ဆုံးဖြစ်သည့် ဥပ‌ဒေပြုလွှတ်‌တော်နှင့် အစိုးရအဖွဲ့အား ‌ရွေး‌ကောက်ပွဲတွင် မဲဆန္ဒ နယ်အလိုက် ပြည်သူများကဆန္ဒမဲ‌ပေး ‌ရွေးချယ်ခံရသူများဖြင့်သာ ဖွဲ့စည်းရမည်ဖြစ်သည်။ ရှင်းရှင်းပြတ်ပြတ်‌ပြောရလျှင် ‌ရွေးချယ် ခံသူ မဟုတ်လျှင် လွှတ်‌တော်နှင့် အစိုးရအဖွဲ့တွင် ဖွဲ့စည်းပါဝင်‌စေခြင်း မပြုရ။

ပြင်ဆင်‌ရေး‌ကြွေး‌ကြော်‌နေသူများသည် ထိုအနှစ်သာရကို “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”အတွင်း တိတိကျကျ၊ ပြတ်ပြတ်သားသား ထည့်သွင်း‌ပေးနိုင်မည့် ပြင်ဆင်မှုများကို ပြုလုပ်‌ပေးရမည်။ ယင်းအနှစ်သာရ ထည့်သွင်းနိုင်ခြင်းမရှိ‌သော ပြင်ဆင်‌ရေးသည် လည်း အမည်ခံ ပြင်ဆင်‌ရေးသာဖြစ်လိမ့်မည်။

တိုင်းပြည်နှင့်လူထုက ‌လေးစားသူများ၊ သမာသမတ်ရှိ‌သောပုဂ္ဂိုလ်များပါဝင်သည့် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သစ်

ဦးတင်‌အေး ဥက္ကဋ္ဌတာဝန်ယူထား‌သော လက်ရှိ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သည် သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရစိတ်ကြိုက် ဖွဲ့စည်း ထားသည့်‌ကော်မရှင် ဖြစ်ပါသည်။
ဦးတင်‌အေးသည် (နဝတ-နအဖ)စစ်အစိုးရ၏ ထိပ်တန်းဗိုလ်ချုပ်ကြီး‌ဟောင်းတစ်ဦးဖြစ်ပြီး မန္တ‌လေးတိုင်း‌ဒေသကြီး၊ တံတားဦးမြို့ နယ်မှ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့သည် ကြံ့ဖွံ့ပါတီမှ လွှတ်‌တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါသည်။

ဒုတိယအကြိမ် ကြားဖြတ်‌ရွေး‌ကောက်ပွဲကျင်းပ‌ပေးမည်ဟု လွှတ်‌တော်သို့တင်ပြခဲ့ပြီး မကျင်းပဘဲ ဖျက်သိမ်းပစ်ခဲ့ခြင်း။ ထို့အပြင် လက်ရှိ‌ကော်မရှင်ဥက္ကဋ္ဌသည် အာဏာသိမ်းမည့်စကားကို ‌ဗြောင်အတိအလင်း‌ပြော‌နေသူ၊ လွှတ်‌တော်အဆင့်ဆင့်တွင် ဝင် ‌ရောက်‌နေရာယူထားသည့် စစ်သား ၂၅%ကိစ္စနှင့်ပတ်သက်၍လည်း အတိအလင်း ကာကွယ်‌ထောက်ခံ‌ပြောဆို‌နေသူလည်း ဖြစ် ပါသည်။

ထိုအချက်အလက်များကို မည်သည့်ရှု‌ဒေါင့်က ကြည့်သည်ဖြစ်‌စေ တရားမျှတမှုနှင့် သမာသမတ်ရှိမှုကို အကြီးအကျယ် ထိခိုက် ပျက်ပြား‌စေသည့် အချက်များဖြစ်ပါသည်။ ‌ဖော်ပြပါအချက်များအရ ‌ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် လက်ရှိ “‌ရွေး‌ကောက်ပွဲ ‌ကော်မ ရှင်” တစ်ဖွဲ့လုံးအား မည်သို့မျှ ယုံကြည်လက်ခံနိုင်ဖွယ်ရာအ‌ကြောင်း မရှိပါ။

သို့ပါ၍ တိုင်းပြည်နှင့်လူထုက ‌လေးစားသူများ၊ သမာသမတ်ရှိ‌သောပုဂ္ဂိုလ်များပါဝင်သည့် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အသစ် ပြန် လည် ဖွဲ့စည်းရန် မုချလိုအပ်ပါသည်။

“၂၀၁၅‌ရွေး‌ကောက်ပွဲ”ကို “နိုင်ငံ‌ရေးအရအနှစ်သာရရှိပြီးအဓိပ္ပါယ်ပြည့်ဝသည့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများ” မပြုလုပ်ဘဲ “၂၀၀၈အ‌ခြေ ခံဥပ‌ဒေ”အား အနှစ်သာရရှိရှိ ပြင်ဆင်ခြင်းမပြုဘဲ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အား အသစ်ပြန်လည်ဖွဲ့စည်းခြင်းမရှိဘဲ မပြုလုပ်သင့် ‌ချေ။

ဤ‌နေရာတွင် “၂၀၀၈ အ‌ခြေခံဥပ‌ဒေမပြင်ဘဲ ‌ရွေး‌ကောက်ပွဲကျင်းပမည်ဆိုလျှင် တစုံတရာ လွတ်လပ်ချင် လွတ်လပ်မည်ဖြစ် ‌သော်လည်း တရားမျှတလိမ့်မည် မဟုတ်”ဟူ၍ ‌ပြောခဲ့ဖူး‌သော ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင်၏ စကားကို အမှတ်ရမိပါသည်။

ညွန်း
– ၂၀၁၄ ခုနှစ်၊ နိုင်ငံ‌တော်အ‌ခြေအ‌နေနှင့် ပတ်သက်‌သောပြည်သူသို့ အစီရင်ခံတင်ပြချက်၊ မြန်မာ့အလင်းသတင်းစာ (၁-၁- ၂၀၁၅)
– (၁-၁- ၂၀၁၅) မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၅ ခုနှစ်၊အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ အသိ‌ပေး‌ကြေညာချက်၊ စာမျက်နှာ – ၅
– (၁၇-၁-၂၀၁၅) မြန်မာ့အလင်းသတင်းစာ၊ နိုင်ငံ‌ရေးပါတီများ စည်းရုံး‌ရေးဆိုင်ရာ‌ကြေညာချက် ၊ စာမျက်နှာ – ၃
– (၁၃- ၁- ၂၀၁၅) အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၊ ‌ကြေညာချက်အမှတ် ၃/၀၁/ ၂၀၁၅