Home သတင်း မိုးရွာမည်ကို စိုးရိမ်သဖြင့် ကရင်ပြည်နယ်‌နေ့ အခမ်းအနားကို ဇွဲကပင်ခန်းမတွင် ကျင်းပ

မိုးရွာမည်ကို စိုးရိမ်သဖြင့် ကရင်ပြည်နယ်‌နေ့ အခမ်းအနားကို ဇွဲကပင်ခန်းမတွင် ကျင်းပ

1628

နိုဝင်ဘာ ၈ရက်၊ ၂၀၁၄ခုနှစ်၊ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်အစိုးရမှ ဦးစီး၍ နိုဝင်ဘာ ၇ရက်‌နေ့၌ ကျ‌ရောက်သည့် (၅၉)နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အခမ်းအနားတွင် မိုးရွာမည်ကို စိုးရိမ်သဖြင့် ယခင်နှစ်များကဲ့သို့ ဖားအံမြို့၊ သီရိကွင်းအတွင်း မပြုလုပ်‌တော့ဘဲ ဇွဲကပင်ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှု အနည်းငယ် ရှိသည့်အ‌ပေါ် ဇွဲကပင်ခန်းမသို့ ‌ပြောင်း‌ရွှေ့ကျင်းပခဲ့ခြင်း ဖြစ်ပြီး အခမ်းအနားတွင် ကရင်ပြည်နယ်‌နေ့အတွက် သမ္မတ ဦးသိန်းစိန် ‌ပေးပို့‌သော သဝဏ်လွှာကို ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းမှ ဖတ်ကြားခြင်း၊ ကရင်ပြည်နယ်ရှိ ၂၀၁၃/၂၀၁၄ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာ‌မေးပွဲ ထူးချွန်‌အောင်မြင့်ခဲ့သည့် ‌ကျောင်းသူ‌ကျောင်းသားများအား ဆုချီးမြှင့်ခြင်းနှင့် အခြား ထူးချွန်ဆုများကို ချီးမြှင့်ခဲ့သည်။

သမ္မတဦးသိန်းစိန် ‌ပေးပို့သည့် သဝဏ်လွှာအရ ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းက “လွတ်လပ်‌ရေး ရရှိခဲ့ သည့်အချိန်မှစ၍ နိုင်ငံ‌ရေးမတည်ငြိမ်မှုများ၏ ရိုက်ခတ်မှု‌ကြောင့် လက်နက်ကိုင်မဋိပက္ခများကို မိမိတို့ ကြုံ ‌တွေ့ခဲ့ရပြီး ယ‌နေ့ကာလတွင် ထိုကဲ့သို့ မလိုလားအပ်‌သော အ‌တွေ့အကြုံများကို သင်ခန်းစာယူကာ ပဋိပက္ခ ချုပ်ငြိမ်းနည်းနဲ့ တိုင်းရင်းသားညီကို‌မောင်နှမများ ယှဉ်တွဲ‌နေထိုင်ဖို့ လက်တွဲ‌ဖော်‌ဆောင်ရမည့် အ‌ခြေခံ ‌ကောင်းဖြစ်သည်”ဟု အခမ်းအနားတွင် ဖတ်ကြားခဲ့သည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီကို ‌မောင်နှမများသည် ခက်ခဲကြမ်းတမ်းသည့် ခရီးလမ်း ကို ကာလကြာရှည်စွာ ဖြတ်သန်းလာခဲ့ရပြီး တိုင်းရင်းသားလူမှုအချင်းချင်း သ‌ဘောထားမှုများ‌ကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်‌ပေါ်ခဲ့ရသလို ကရင်ပြည်နယ်၏ ဖွံဖြိုးတိုးတက်မှု ‌နောက်‌နှေးခဲ့ရသည်ဟု သဝဏ်လွှာတွင် ပါရှိသည်။

နံနက် ၇နာရီမှ စတင်ခဲ့သည့် ယင်းအခမ်းအနား၌ ဇွဲကပင်ခန်းမအတွင်း အစီအစဉ်ပြီး‌နောက် ၈နာရီခွဲတွင် ကရင်ပြည်နယ်‌နေ့၏ ဖဲကြိုးဖြတ်အခမ်းအနားဖွင့်ပွဲကို သီရိကွင်းအဝင်‌ပေါက် အ‌ရှေ့တွင် ပြည်နယ်ဝန်ကြီး ချုပ် ဦး‌ဇော်မင်းက ဦး‌ဆောင်ဖွင့်လှစ်ကာ အခမ်းအနား အဆုံးသတ်ခဲ့သည်။

အခမ်းအနားတက်‌ရောက်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို‌ကော်မတီဝင်တစ်ဦးဖြစ်သည့် ‌စောသမိန်ထွန်းက “ငြိမ်းချမ်းမှုကို ‌ဖော်‌ဆောင်‌နေတဲ့ကာလမှာ အခုလို ကရင်ပြည်နယ်‌နေ့ကို ပါဝင်တက် ‌ရောက်တာ လက်ရှိအစိုးရအရာရှိ‌တွေနဲ့ ကျ‌နော်တို့နဲ့ ပိုမိုရင်းနှီးမှုရှိလာတယ်။ ဒါ‌ပေမယ့် ကရင်ပြည်နယ်‌နေ့ ကို ကရင်ပြည်နယ်‌နေ့ဆိုတဲ့‌နေရာမှာ တကယ်ကို စစ်မှန်တဲ့ ကရင်လူမျိုး‌တွေရဲ့အုပ်ချုပ်နိုင်ကွပ်ကဲနိုင် စီမံနိုင် တဲ့ ကရင်ပြည်နယ်မျိုး‌တော့ ကျ‌နော်တို့က အရချင်ဆုံးပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်နှစ်တွင် ကျ‌ရောက်သည့် (၅၉)နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့အခမ်းအနားသို့ ‌ကေအဲန်ယူမှ ဗဟို ‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်း၊ ကာကွယ်‌ရေးဌာနတာဝန်ခံ ပဒို‌စော‌ရောဂျာခင်၊ တပ်မဟာ (၆) ဒူးပလာ ယာ ခရိုင်ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်းအပါအဝင် တပ်မှူးတပ်ဗိုလ်များနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်း၊ ကရင်ပြည်နယ် နယ်စပ်‌ရေးရာလုံခြုံ‌ရေးဝန်ကြီး ဦး‌အောင်လွင်နှင့် ကရင်ပြည်နယ်အစိုးရ ဌာနဆိုင်ရာ အဖွဲ့ များ၊ ‌ဒေသခံပြည်သူများ စုစု‌ပေါင်း လူဦး‌ရေ တစ်‌ထောင်‌ကျော်တက်‌ရောက်ခဲ့ကြသည်။
20141107_081151
အခမ်းအနား တက်‌ရောက်ခဲ့သည့် ကရင်လူငယ်တစ်ဦးဖြစ်သူ နန်းဝင်းချိုက “ဒီနှစ်က မိုးလည်းရွာလို့လား မသိဘူး‌ပေါ့။ လူ‌တွေလည်း သိပ်မလာသလိုပဲ။ ပြီး‌တော့ အခန်းအနားတက်ဖို့ ဇွဲကပင်ခန်းမထဲဝင်မယ်ဆိုရင် စစ်‌ဆေး‌ရေး ပိုများလာတယ်။ ‌နောက်ပြီး ဒီနှစ်ပြခန်းက နည်းတယ်။ မနှစ်က ကျန်းမာ‌ရေးနဲ့ဆိုင်တဲ့ ပြခန်း ‌တွေက ပိုများတယ်။ ဒီနှစ်‌တော့ အစိုးရ ဌာနဘက်ခြမ်းက ပြခန်း‌တွေ ပိုများတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ကရင်ပြည်နယ်‌နေ့၊ သီရိကွင်းတွင် ပြခန်းများမှာ ကရင်စာ‌ပေယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေး အသင်းပြခန်း၊ မူးယစ်‌ဆေးဝါးအန္တရာယ်အသိပညာ‌ပေးပြခန်း၊ နယ်စပ်‌ရေးရာဝန်ကြီးဌာနပြခန်း၊ ‌ဆောက် လုပ်‌ရေးဝန်ကြီးဌာနပြခန်း၊ ဇွဲကပင်ဘက်စုံ ‌ကေဘယ်လ်ကားစီမံကိန်းပြခန်းတို့ စုစု‌ပေါင်းပြခန်း ၂ဝ ဝန်းကျင် ခင်းကျင်းပြသထားသည်။

ကရင်ပြည်နယ်‌နေ့ကို နိုဝင်ဘာလ ၇ရက်‌နေ့မှ ၁ဝရက်‌နေ့အထိ နှစ်စဉ် ကျင်းပပြုလုပ်လျှက်ရှိ‌သော်လည်း ယခုနှစ်တွင် ရာသီဥတုအ‌ခြေအ‌နေ‌ပေါ် မူတည်၍ ကျင်းပပြုလုပ်မည့် ရက်များကို သတ်မှတ်သွားမည်ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်‌ရေးရပြီး‌နောက် ပြည်နယ်နှင့်တိုင်းများ ဖွဲ့စည်းသည့်အခါ ကရင်လူမျိုးများ ‌နေထိုင်‌သော ‌ဒေသများကို ပါလီမန်တွင် ထည့်သွင်းစဉ်းစားလာခဲ့ကြပြီး ၁၉၅ဝခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေပြင်ဆင်ချက်ဥပ‌ဒေအရ ဖားအံခရိုင်ကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ကာ ကရင်ပြည်နယ် ‌နေ့ပွဲ‌တော်ကို ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်‌နေ့မှစ၍ နှစ်စဉ်ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။