Home သတင်း သစ်‌တောကြိုးဝိုင်းရှိ သိမ်းထားသည့် လယ်‌မြေများပြန်‌ပေးရန် ပြည်နယ်ဝန်ကြီးချုပ်ညွှန်ကြား

သစ်‌တောကြိုးဝိုင်းရှိ သိမ်းထားသည့် လယ်‌မြေများပြန်‌ပေးရန် ပြည်နယ်ဝန်ကြီးချုပ်ညွှန်ကြား

1615

‌အောက်တိုဘာ ၁၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကျုံပကိုနှင့် ထီလုံသစ်‌တောကြိုးဝိုင်းအတွင်းရှိ လုပ်ငန်းရှင်များ သိမ်းဆည်းထား‌သော လယ် ‌မြေများကို ‌ဒေသခံလယ်သမားများအား ပြန်လည်‌ပေးရန် ပြည်နယ်ဝန်ကြီးချုပ်ဦး‌ဇော်မင်းက ညွန်ကြားထား‌ကြောင်း လှိုင်းဘွဲမြို့ နယ် သစ်‌တောဦးစီးမှူး ဦး‌ကျော်စိုးလှိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“လွန်ခဲ့တဲ့ စက်တင်ဘာ ၅ရက်‌နေ့မှာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦး‌ဇော်မင်းက ကျုံပကို သစ်‌တောကြိုးဝိုင်းနဲ့ ထီလုံသစ်‌တော ကြိုးဝိုင်းမှာ သစ်ပင်စိုက်ပျိုးပွဲ သွားလုပ်ပြီး ရာဘာခြံလုပ်ငန်းရှင်များက သိမ်းယူထားတဲ့ ‌ဒေသခံလယ်‌မြေ‌တွေကို ပြန်‌ပေးဖို့ ဌာန ဆိုင်ရာ တာဝန်ရှိ‌တွေကို ညွန်ကြားထားတယ်။ တဦးချင်းအလိုက် ပြန်‌ပေးဖို့ပါ ညွှန်ကြားထားတယ်”ဟု ဦး‌ကျော်စိုးလှိုင်က ‌ပြော သည်။

လက်ရှိတွင် ယင်းလယ်‌မြေများကို လုပ်ငန်းရှင်များထံမှ လယ်သမားများထံပြန်‌ပေးနိုင်‌ရေးအတွက် ကွင်းဆင်း ‌မြေတိုင်းတာ‌ရေး လုပ်ငန်းများ လုပ်‌ဆောင်ရန် ‌အောက်တိုဘာလ ၁၆ရက်‌နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ကျုံပကို ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံး၌ လယ်သ မားများနှင့် သစ်‌တောဦးစီးဌာန တာဝန်ရှိသူများ ‌တွေ့ဆုံညှိနှိုင်းပွဲ ကျင်းပခဲ့ရာ ‌ဒေသခံလယ်သမား ၃ဝဦး‌ကျော် တက်‌ရောက်ခဲ့ ကြသည်။
???????????????????????????????
‌တွေ့ဆုံပွဲတက်‌ရောက်သူ လယ်သမား‌ခေါင်း‌ဆောင် ‌စော‌အောင်သိန်းက “ဝန်ကြီးချုပ် ဒီလိုညွန်ကြား‌ပေးတဲ့အတွက် လယ်သမား ‌တွေက ဝန်ကြီးချုပ်ကို ‌ကျေးဇူးတင်ပါတယ်။ ဒါ‌ပေမယ့် လယ်သမား‌တွေ ‌မြေပြန်ရဖို့‌တော့ ‌စောင့်ကြည့်ရဦးမယ်။ အရင်ဆုံး ‌မြေတိုင်းတာဖို့လုပ်မယ်။ တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွား‌ပေးမယ်လို့‌တော့ သစ်‌တောမှူး‌တွေက ကျ‌နော်တို့ကို‌ပြောတယ်”ဟု ‌ပြောသည်။

အလားတူ ‌တွေ့ဆုံပွဲတက်‌ရောက်လာသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမြင့်ဦးက “ဝန်ကြီးချုပ်က ‌ဒေသခံလယ်‌တွေကို ပြန်‌ပေး ဖို့ ကျ‌နော့်ကို ‌ခေါ်‌ပြောပါတယ်။ ကျ‌နော်ရဲ့ တရားဝင် လုပ်ပိုင်ခွင့်က ဧက ၅ဝပဲရှိပါတယ်”ဟု ‌ပြောသည်။

သို့‌သော် သစ်‌တောဌာနဦးစီးမှူးက ရာဘာလုပ်ငန်းရှင် ဦးမြင့်ဦး သိမ်းထားသည့်လယ် ၇၀ဝဧကကို ပြန်‌ပေးရန် ဝန်ကြီးချုပ်ညွှန် ကြား‌ကြောင်း ‌ပြောဆိုခဲ့သလို လယ်သမားများက ယင်းလုပ်ငန်းရှင် သိမ်းယူထားသည့်‌မြေမှာ ၇၀ဝဧကထက်မက‌ကြောင်း စာ ရွက်စာတမ်းနှင့်တကွ သစ်‌တောဦးစီးမှူအား ပြသ‌ပြောဆိုမှုအ‌ပေါ် ကာယကံရှင်က ငြင်းဆိုထားသည်။

ကျုံပကိုနှင့် ထီလုံသစ်‌တောကြိုးဝိုင်းအတွင်းရှိ လယ်‌မြေများကို ‌ဒေသခံများက မျိုးရိုးစဉ်ဆက် လုပ်ကိုင်လာခဲ့ပြီး၂၀၁ဝခုနှစ် ‌နောက်ပိုင်းတွင် လုပ်ငန်းရှင်များက ရာဘာ လာ‌ရောက်စိုက်ပျိုးသည့်အတွက် ‌ဒေသခံများနှင့် ‌မြေပိုင်ဆိုင်မှုအငြင်းပွားကာ နှစ် ဖက်တင်းမာမှုများ ဖြစ်‌ပေါ်ခဲ့‌သေးသည်။