Home တွေ့ဆုံမေးမြန်းခန်း ဆက်သွယ်‌မေးမြန်းချက်

ဆက်သွယ်‌မေးမြန်းချက်

2060

ကရင့်သမိုင်းမှာ ကရင့်အလံက‌တော့ တလွှင့်လွှင့်ရှိ‌နေဆဲပါ။ ဒါ‌ကြောင့် အ‌တွေးအ‌ခေါ်နဲ့ လုပ်ရည်ကိုင်ရည်လည်း
မြင့်မားရင် ‌အောင်ပွဲရလာလည်း မြင့်မြင့်မားမားရှိတယ်ဆိုတာ ကျ‌နော်တို့ ယုံကြည်တယ်။

အမျိုးသား‌ရေးအတွက် ပြည်ပတွင်‌ရောက်ရှိ‌နေရင်း အတတ်နိုင်ဆုံး စွမ်း‌ဆောင်၊ ကူညီပံ့ပိုးလျှက်ရှိသည့် ဩစ‌တြေးလျား ကရင် အဖွဲ့အစည်း(AKO) ဥက္ကဌ ‌စောလွင်ဦးနှင့် ‌ကေအိုင်စီသတင်း‌ထောက် နန်း‌ဝေဖြိုးဇာ ဆက်သွယ်‌မေးမြန်းထားချက်ဖြစ်ပါတယ်။

‌မေး။ ဩစ‌တြေးလျားကရင်အဖွဲ့အစည်း(AKO) ကို စတင်ဖွဲ့စည်းဖြစ်ရတဲ့ အ‌ကြောင်းရင်းရှင်းပြပါလား။
AKO – ဩစ‌တြေးလျားက ကရင်လူမျိုး‌တွေက ၁၉၆၄ ခုနှစ်မှာစတင်‌ရောက်‌ပေမဲ့ အ‌တော်နည်း‌သေးတယ်။ ဒါ‌ပေမဲ့ ၁၉၉၄ ‌လောက်ကစပြီး ဒုက္ခသည်‌နေရာချထား‌ရေး program နဲ့ တနှစ်ကို ကရင်လူမျိုး‌တွေ အ‌ယောက် ၁၀၀‌လောက် ‌ရောက်လာ တယ်။ ဒါ‌ပေမဲ့ ကျ‌နော်တို့ ကရင်လူမျိုး‌တွေက အလုံးအရင်း‌တွေမရှိဘူး‌ပေါ့‌နော်။ အဲဒါနဲ့ ကျ‌နော်တို့ ကရင်အမျိုးသားအဖွဲ့အစည်း ‌တွေလည်းမဖြစ်လာဘူး အဲဒီ‌တော့ ကရင်လူမျိုး‌တွေက အခြားအဖွဲ့အစည်း‌တွေနဲ့မှလုပ်တာမျိုး ‌နောက်ပြီး‌တော့ မြန်မာနိုင်ငံ ဒီမိုက‌ရေစီပြန်လည်ရရှိဖို့အတွက် အခြားဒီမိုက‌ရေစီ အစု‌တွေနဲ့သာပူး‌ပေါင်း‌ဆောင်ရွက်တာမျိုး‌တော့ရှိတာ‌ပေါ့ ဒါ‌ပေမဲ့ ကျ‌နော်တို့ ဖွဲ့စည်းပုံအ‌ကြောင်းရင်းဖြစ်လာရတာ‌တော့ ၁၉၉၅ မှာ မာနယ်ပ‌လောဌာနချုပ်ကျသွားပြီ DKBA ခွဲထွက်လာပြီး‌တော့ မြန်မာစစ်တပ်နဲ့ ပြန်‌ပေါင်းပြီး‌တော့ KNU နယ်‌မြေ‌တွေကို တိုက်လာတယ် မာနယ်ပ‌လောကျပြီး‌တော့ ‌ကောမူးရာ ‌နောက်ပြီး‌တော့ တစ်ခြားKNU ထိန်းချုပ်နယ်‌မြေ‌တွေ ‌နောက်ပြီး‌တော့ ဘိတ်ထားဝယ်‌တွေ ‌ဒေသအထိ‌ပေါ့ အဲဒီမှာ ကျ‌နော်တို့ စဖြစ်စဉ်က‌တော့ ၁၉၉၆ ဇန်နဝါရီလဆန်းက‌နေပြီး‌တော့ လကုန်‌လောက်မှ ကျ‌နော်တို့ ရင်ထိတ်စရာသတင်း‌တွေ‌ရောက်လာတယ် အဲမှာ ခွီကလုတ် ဒုက္ခသည်စခန်းကို မြန်မာစစ်တပ်နဲ့ DKBA တပ်ဖွဲ့‌တွေ ဝင်ပြီး‌တော့ စခန်းကိုမီးရှှို့တာ လက်နက်ကြီး‌တွေနဲ့ ပစ်တာ ‌နေက်ပြီး‌တော့ မိုးကဲ နို့ဖိုးစခန်းစတင်ပြီးကြားလာတယ် အဲဒီ‌တော့ကျ‌နော်တို့ ‌တော်‌တော်‌လေးစိုးရိမ်တုန်လှုပ်စရာဖြစ်လာတယ် ဘာဖြစ်လို့လဲဆို‌တော့ ဒီတိုက်ခိုက်မှု‌တွေက ထိုင်နိုင်ငံကို‌ကျော်လာပြီး ဒုက္ခသည်စခန်း‌တွေမှာဝင်လာပြီး အခြားလူမှု‌ရေးကိစ္စ‌တွေ ဒုက္ခသည်‌တွေ ခိုကိုးရမဲ့ဖြစ်လာတယ်ဆို‌တော့ ကျ‌နော်တို့နိုင်ငံတကာမှာရှိတဲ့ ကရင်‌တွေ ဘယ်လိုလုပ်ရမလဲဆို‌တော့ ဩစ‌တြေးလျားက ကရင်‌တွေနဲ့ ကျ‌နော်တို့ ပြန်စဉ်စား‌တော့ ဩစ‌တြေးလျား နိုင်ငံခြား‌ရေးဌာနမှာသွားပြီး‌တော့ ကရင်လူမျိုး‌တွေ ကိုယ်စား သွား‌ရောက် ‌တွေ့ဆုံဖို့ဆိုပြီး ကျ‌နော်တို့ ဆုံးဖြတ်လိုက်တဲ့ အခါမှာ အဲဒီ ၁၉၉၆ ဇန်နဝါရီလထဲမှာဘဲ ကျ‌နော်တို့ ဩစ‌တြေးလျားမှာရှိတဲ့ ပြည်နယ်‌တွေ ပြည်နယ်က ၆ခုရှိတယ် ‌နောက်ပြီး‌တော့ တိုင်း‌ဒေသကြီးက ၂ ခုရှိတယ် အဲဒါ‌တွေစုတဲ့ အခါမှာ ကျ‌နော်တို့စုပြီး ရသမျှ‌တော့ ဗွီတိုးရီးယား ပြည်နယ်ရယ် ‌နောက်ပြီး အ‌နောက်ဩစ‌တေးလျ ဝက်စတန့် ပြည်နယ်ရယ် နယူး‌ဟော်‌ဝေးပြည်နယ်ရယ် အားလုံး အဖွဲ့ဝင် ၂ဝ စုပြီးကျ‌နော်တို့ စပြီး‌တော့ ပြန်ကြား‌ရေးဌာန ‌နောက်ပြီး‌တော့ ဩစ‌တေးလျ ပါလီမန်မှာစကား‌ပြောဆို‌ဆွေး‌နွေးခွင့်ရတယ်‌လေး အဲချိန်မှာ ကျ‌နော်တို့ အစုကို ဘယ်လိုနာမည်တပ်ရမလဲဆို‌တော့ အဲဒီတုန်းကလည်း Austrial Karen Organization ကိုတပ်တယ် အဲဒီတုန်းက ကျ‌နော်တို့ working group ကဘဲနာမည်တပ်လိုက်တယ် အဲဒီတုန်းကစပြီး အခုထိ AKO ဆိုတဲ့နာမည်ဘဲဆက်လက်ယူတယ် အဲဒါပြီးစနစ်တစ်ကျဖြစ်‌အောင်ပြန်တိုင်ပင်တယ် ဖွဲ့စည်းအုပ်ချုပ်ပုံ‌တွေဆွဲရမယ် ပြီး‌တော့ နိုင်ငံတကာမှာလည်း ဒီလိုကရင်အဖွဲ့အစည်း ‌တွေ‌ပေါ်လာ‌အောင် စံပြလဲဖြစ်‌အောင် ‌နောက်ပြီး‌တော့ KNU နဲ့ ကရင့် အမျိုးသား‌တော့်လှန်‌ရေး အ‌ထောက်အကူပြုတဲ့ အဖွဲ့အစည်းနဲ့ ဖြစ်‌အောင် အချက်အလက်‌တွေ စုံစမ်းပြီး‌တော့ဆွဲလိုက်တာ ကျ‌နော်တို့ပြန်ချုပ်ဖို့ ၂ နှစ်‌လောက်ကြာသွားတယ် အဲဒါနဲ့ တစ်ခါ ၁၉၉၇ ဇူလိုင်လ ၁၆ ရက်‌နေ့ကျမှ တရားဝင်မှတ်ပုံတင် တစ်ခုလုပ်လို့ရလာတယ် အဲဒီ‌တော့ ဩစ‌တေးလျမှာရှိတဲ့ ကရင်အားလုံးဟာ ဒီအဖွဲ့အစည်းတစ်ခုထဲမှာဘဲ ထားပြီး‌တော့ အခြားပြည်နယ်တစ်ခုဆီမှာ အဖွဲ့အစည်းရဲ့ဌာနခွဲ ထားလိုက်တယ် အဖွဲ့အစည်းရဲ့မှတ်ပုံတင်ကို‌တော့ ဩစ‌တေးလျ တစ်တိုက်လုံးဆိုင်ရာတစ်ခုထဲထား‌ပေးတယ် အဲလိုအမျိုးသားညီညွတ်‌ရေးတည်း‌ဆောက်ပြီး ‌နောက်ဆက်တွဲ ကရင်‌တွေစုစည်းလာနိုင်ပြီး‌တော့ KNU မိခင်အစည်းအရုံးနဲ့ ဆက်သွယ်လာနိုင်တာမျိုး နိုင်ငံတကာ KNU နဲ့ ဆက်သွယ်တာမျိုး ‌နောက်ပြီး‌တော့ ဩစ‌တြေးလျားမြန်မာသံရုံးမှာ ဆန္ဒပြပြီး‌တော့ ကရင့်အ‌ရေးကို တင်ပြတာမျိုး ‌နောက်ပြီး ဩစ‌တေးလျ ပါလီမန်နဲ့ တစ်ခြား နိုင်ငံ‌ရေးဆိုင်ရာ အဖွဲ့ အစည်း‌တွေမှာ ကရင်‌တွေကိုယ်စားပြုပြီး‌တော့ ဒီဒုက္ခသည်ဆိုင်ရာ မြန်မာပြည်အ‌ရေးဆိုင်ရာ သံတမန်‌ရေးရာနဲ့ ဖိအား‌ပေးမှုဆိုင်ရာ စသည်အားဖြင့် ကြိုးစားလုပ်‌ဆောင်တဲ့ အတွက် အဲချိန်မှာ စပြီး‌တော့ ဩစ‌တေးလျမှာရှိတဲ့ ကရင်‌တွေ အကျိုးပြုနိုင်တဲ့ အဖွဲ့ စတင်ဖွဲ့ဖြစ်လာတဲ့အ‌ကြောင်းရင်ပါဘဲ ရည်ရွယ်ချက်က နိုင်ငံတကာကရင်အဖွဲ့အစည်း‌တွေနဲ့ လုပ်‌ဆောင်ဖို့ DKBA ထွက်သွားပြီး‌နောက် တစ်ချို့‌နေရာ‌တွေမှာ အတွးအ‌ခေါ်အသစ်အဆန်း‌တွေ‌ပေါ်လာတယ် ဥပမာ KSO တို့လို WKG KNU တို့လို အဲလိုကိစ္စ‌တွေ‌ပေါ်လာတဲ့အခါမှာ ကျ‌နော်တို့မိခင်အစည်းရုံးကြည့်လိုက်တဲ့အခါမှာ မိခင်အစည်းရုံးက ဆက်လက်ပြီးမားမားမတ်မတ် ကရင်အမျိုးသားလူထုတစ်ရပ်လုံးအတွက် ဦး‌ဆောင်‌နေတဲ့ အခန်းကဏ္ဍကိုဖြစ်‌စေချင်တယ် ကျ‌နော်တို့လိုဘဲ ကရင်လူမျိုုးများကဆန္ဒရှိတယ် အဲဒီကျိုးစားမှု‌တွေကတစ်ဆင့် Karen unity semenar ကို ၁၉၉၉မှာ KNU အပါအဝင် ကရင်အဖွဲ့အစည်း‌တွေ စပြီးကျင်းပနိုင်တယ် အဲဒီ‌တော့ KNUနဲ့ ကရင်အမျိုးသား‌ရေးမှာအ‌ခြေခံပြီး‌တော့ ကျ‌နော်တို့ ကရင်တစ်မျိုးသားစည်းလုံးညီညွတ်‌ရေးအတွက် သံဒိဌါန်ချမှတ်လိုက်ပြီး အဖွဲ့အစည်းကိုစတင်ဖွဲ့စည်းလိုက်တယ်။ AKO အဖွဲ့ ဖွဲ့စည်းပုံထဲမှာ‌တော့ women depentment ရှိတယ် အမျိုးသမီး‌ရေးရာဌာနက ‌ကော်သူး‌လေမှာရှိတဲ့ အမျိုးသမီးအစည်းအရုံးနဲ့ တွဲပြီး အမျိုးသမီး‌ရေးရာ‌တွေလုပ်‌ဆောင်ဖို့ ဩစ‌တြေးလျားမှာရှိတဲ့ ကရင်အမျိုးသမီး‌တွေလိုအပ်ချက်‌တွေကို အ‌ကောင်အထည်‌ဖော်ဖို့ ဌာနအ‌နေနဲ့ထားတယ် ‌နောက်ပြီး‌တော့ လူငယ်‌ရေးရာဌာနဆိုပြီး‌တော့ Karen youth department ဆိုပြီး‌တော့ လူငယ်ဌာနရှိတယ် ဒါလည်းအဲလိုဘဲ ‌ကော်သူး‌လေမှာရှိတဲ့ ကရင်လူငယ်အစည်းရုံးနဲ့ တွဲ့ပြီးအလုပ်လုပ်ဖို့ ‌နောက်ပြီး‌တော့ပြည်တွင်းမှာရှိတဲ့ ကရင်လူငယ်‌တွေအတွက်ကိုယ်စားပြုပြီး လုပ်ငန်း‌တွေ အ‌ကောင်ထည်‌ဖော်ဖို့ အဲလို department ၂ခုထားတယ် ။

‌မေး – AKO ဟာဩစ‌တေးလျနိုင်ငံမှာ ဘယ်လိုပုံစံမျိုးဖွဲ့စည်းထားပြီးလဲ အဖွဲ့ခွဲ‌တွေကိုဘယ်လိုထားရှိပါသလဲ။ မူဝါဒလမ်းစဉ်က ဘာ‌တွေလဲ။
AKO – ပြည်နယ်တစ်ခုမှာ အလုပ်မှု‌ဆောင် ၂၁ ‌ယောက်နဲ့ရှိတယ် ပြည်နယ်အုပ်ချုပ်‌ရေး‌တွေဖွဲ့တယ် ပြီး‌တော့ ပြည်နယ်အုပ်ချုပ်‌ရေးရဲ့ လုပ်ပိုင်ခွင့် သက်တမ်းက ၁ နှစ်ထားတယ် တစ်နှစ်တစ်ခါ‌ရွေး‌ကောက်ပွဲပြန်လုပ်တယ် တစ်နှစ်တစ်ခါအစီရင်ခံမှုရှိတယ် အဲဒီထဲမှာ လိုအပ်ရင်လိုအပ်သလို ကျ‌နော်တို့ ယဉ်‌ကျေးမှု ဆိုင်ရာ sub committee တစ်ခု ‌နောက်ပြီး ပညာ‌ရေးဆိုင်ရာ sub committee တစ်ခု ထားတယ် ။ ပညာ‌ရေးဆိုင်ရာက‌တော့ အထူးသဖြင့် ကရင်စကား၊စာ‌ပေသင်တဲ့‌ကျောင်း‌တွေ ၊ ယဉ်‌ကျေးမှုဆိုင်ရာက‌တော့ ရိုးရာအက‌တွေ ‌နောက်ပြီး ရာသီ‌နေရာအလိုက်ကိုယ့်ရိုးရာ‌တွေသွားပြီး‌ဖော်ပြတာ‌တွေ‌ပေါ့ ကျ‌နော်တို့ AKO ကပြည်နယ် အုပ်ချုပ်‌ရေးအ‌ပေါ်မှာ ဩစ‌တြေးလျားတစ်နိုင်ငံလုံးဆိုင်ရာ national council ထားတယ် အဲဒါက ပြည်နယ်တစ်ခုဆီက ကိုယ်စားလှယ် ၇‌ယောက်နဲ့ထားတယ် အခုဆိုရင်national council က အဖွဲ့ဝင်၃၅ ‌ယောက်ရှိတယ် ပြီး‌တော့မှ national ဥက္ကဌ ၊ ဒုဥက္ကဌ ၂‌ယောက် ၊ ‌နောက်ပြီး အ‌ထွေ‌ထွေအတွင်း‌ရေးမှုး ပြီး‌တော့ တွဲဖက်အတွင်း‌ရေးမှုး ၂‌ယောက် ပြီး‌တော့မှ အဲဒီ‌အောက်မှာ national အမျိုးသမီး‌ရေးရာဌာနမှုး ၊ လူငယ်‌ရေးရာဌာနမှုး ၊ယဉ်‌ကျေးမှုဆိုင်ရာတာဝန်ခံ၊ ပညာ‌ရေးဆိုင်ရာတာဝန်ခံ အဲလို ထားတယ် national council သက်တမ်းက ၂နှစ်တစ်ခါသတ်မှတ်တယ် အဲဒီ‌တော့မှ AKO က ၂နှစ်တစ်ခါ အစည်း‌ဝေးပြုလုပ်တယ် ပြန်လည်သုံးသပ်ချက်‌တွေ ၂နှစ်တစ်ခါအစီရင်ခံမှု‌တွေ အဲဒါက လူငယ်အပါအဝင်ဖွဲ့စည်းပုံအ‌ကြောင်းကို ရှင်းပြတာဖြစ်တယ်။ AKO ရဲ့ မူဝါဒလမ်းစဉ်က‌တော့ ရည်မှန်းချက်လို့ ‌ပြောရမယ် အဲဒါ‌တွေက‌တော့ ဒီမှာရှိတဲ့ ကရင်လူမျိုးများကို နိုင်ငံ‌ရေးအရ လူမှု ‌ရေးအရ ကိစ္စအဝဝကို ကရင်လူမျိုးများကိုယ်စား ဆန္ဒသ‌ဘောထား‌တွေ အမြင်‌တွေကို‌ပြောဆိုတင်ပြနိုင်တယ် ကရင်တစ်မျိုးသားလုံးတစ်ရပ်လုံးရဲ့ပူး‌ပေါင်း‌ဆောင်ရွက်တဲ့လုပ်ငန်လုပ်ဖို့ ရည်ရွယ်ပြီးဖွဲ့တယ် ဒုတိယက ကရင်ယဉ်‌ကျေးမှုနဲ့ဘာသာစကားတည်တံ့ခိုင်မြဲ‌ရေး ဖွံ့ဖြိုး‌ရေးတိုးတက်‌ရေးအတွက် အား‌ပေး ‌ဆောင်ရွက်ဖို့‌တော့ရည်ရွယ်ချက်တစ်ခုပါတယ် တတိယက‌တော့ ဩစ‌တေးလျနိုင်ငံမှာ ရှိတဲ့ပြည်နယ်အသီးသီးမှာ ကရင်လူမျိုး‌တွေကိုယ်စားပြုပြီး ပြည်နယ်အဆင့်ဆင့်မှာရှိတဲ့ အစိုးရ‌တွေ ကျ‌နော်တိုု့ဆီမှာက ဖယ်ဒရယ် အစိုးရရှိတယ် ပြည်နယ်အစိုးရရှိတယ် ‌ဒေသအစိုးရလည်းရှိတယ် အဲလိုဆို‌တော့ အဲဒီ အာဏာပိုင်းအစိုးရ‌တွေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်ဖို့ ကိုယ်စားပြုတယ် ပြီး‌တော့ ကရင်လူမျိုးများအ‌နေနဲ့ ဩစ‌တြေးလျားမှာ လူမျိုးဆက်သွယ်‌ရေး ‌ကော်မရှင် ‌နောက်ပြီး‌တော့ ဒီမှာရှိတဲ့နိုင်ငံ‌ရေးပါတီ‌တွေ ဒုက္ခသည်ကူညီတဲ့ ‌ကော်မတီ‌တွေ အဲဒီကိစ္စအဝဝကို ကျ‌နော်တို့က ကရင်အမျိုးသားအားလုံးကိုယ်စား တင်ပြ‌ပြောဆိုမှုအတွက်ရည်ရွယ်ပါတယ်‌နောက်ပြီး ‌နောက်ငံတကာ‌ရောက်‌နေတဲ့ ကရင်‌တွေနဲ့ မြန်မာပြည်မှာရှိတဲ့ ကရင်လူမျိုး‌တွေအတွက် ကိုယ်စားပြုပြီး အမျိုးသားတန်းတူ‌ရေး ငြိမ်းချမ်း‌ရေးနဲ့ လွတ်လပ်တရားမျှတတဲ့ အခွင့်အ‌ရေး‌တွေ ပြည်တွင်ပြည်ပမှာလုပ်တဲ့နှီး‌နှောမလှယ်ပွဲ‌တွေ အဲလိုစုရအသီးသီးမှာ ကရင်ကိုယ်စားလှယ်‌တွေအတွက် တက်‌ရောက်ဖို့လည်းရည်ရွယ်ပါတယ် ‌နောက်ပြီးဒုက္ခသည်ပြန်လည်ထူ‌ထောင်‌ရေးအချက်‌တွေကိုလည်း ကူညီ‌ထောက်ပံ့ဖို့ရည်ရွယ်တယ် ‌နောက်ဆုံးတစ်ခုက ဩစ‌တေးလျမှာရှိတဲ့ကရင်လူမျိုး‌တွေ သန်း‌ခေါင်စာရင်း‌ကောက်ဖို့လည်းရည်ရွယ်တယ် ။

‌မေး။ မိမိအဖွဲ့အ‌နေနဲ့ ဩစ‌တေးလျားနိုင်ငံမှာ အ‌ခြေပြုထားတယ်ဆို‌တော့ သက်ဆိုင်ရာ ဩစ‌တြေစလျား အစိုးရ၊ ပြည်နယ် ‌ဒေသခွဲအစိုးရ‌တွေနဲ့ ဘယ်လိုအချိတ်အဆက်‌ဆောင်ရွက် အသိ‌ပေးပူး‌ပေါင်းလုပ်‌ဆောင်မှု‌တွေ ရှိပါသလဲ။
AKO – AKO က ဩစ‌တြေးလျားအစိုးရ‌တွေနဲ့ ဆက်စပ်ပြီး‌တော့ မြန်မာပြည်အ‌ရေးနဲ့ နိုင်ငံ‌ရေးနဲ့ လက်ရှိအ‌ခြေ‌နေ‌တွေတင်ပြတဲ့အခါမှာ ဩစ‌တြေးလျားအဖွဲ့အစည်းတစ်ခုရှိတယ် သူတို့ကအဖွဲ့ နှစ်‌ပေါင်းနှစ်ဆယ်‌ကျော်ရှိပြီး သူတို့က AKOအဖွဲ့အစည်းနဲ့ အတူတူတွဲလုပ်လာတာရှိတယ် သူတို့က ဗမာပြည်ဒီမိုက‌ရေစီရရှိ‌ရေးအတွက် ဩစ‌တြေးလျားအမတ်များကပူး‌ပေါင်း‌ဆောင်ရွက်တဲ့ အဖွဲ့အစည်းဖြစ်တယ် သူတို့အဖွဲ့ရဲ့အတို‌ကောက်က‌တော့ APDB‌ပေါ့‌နော် သူတို့အဖွဲ့နဲ့ကျ‌နော်တို့က အစည်းအ‌ဝေး‌တွေ‌တွေ့ဆုံတယ် ‌နောက်ပြီး‌တော့ ပါလီမန်‌တွေ့ဆုံ‌မေးမြန်းတဲ့ အခန်းကဏ္ဍမှာ ကျ‌နော်တို့ဗမာပြည်အ‌ရေးနဲ့ပတ်သက်လို့ လိုအပ်တဲ့အချက်အလက်‌တွေ ‌မေးခွန်း‌တွေ ဩစ‌တြေးလျားမှာ ပါလီမန်‌တွေဆုံးဖြတ်ချက်‌တွေကျ‌အောင် သူတို့လဲကူညီ‌ဆောင်ရွက်‌ပေးတယ် ‌နောက်ပြီး‌တော့ ဗမာပြည် ကလာတဲ့ကရင်ကိုယ်စားလှယ်‌တွေ နယ်စပ်ကလာတဲ့ ကိုုယ်စားလှယ်‌တွေနဲ့လည်းအမြဲတမ်း‌တွေ့ဆုံပြီး‌တော့ လက်ရှိအ‌ခြေအ‌နေ‌တွေကို သူတို့သတင်းရယူတယ် ကျ‌နော်တို့ရဲ့အား‌ပေးမှု‌ကြောင့် သူတို့လည်းဗမာပြည်ကို သွားတဲ့ခရီးစဉ်‌တွေ ထိုင်းမြန်မာနယ်စပ်မှာသွားတဲ့ခရီးစဉ်‌တွေ အဲဒီမဲ‌ဆောက်‌ဒေသတို့ KNU , KWO ,‌နောက်ပြီး‌ဒေါက်တာစင်သီယာ‌မောင်နဲ့သွား‌တွေ့တာတို့ ‌နောက်ပြီးတစ်ခြား ဒီမိုက‌ရေစီလှုပ်ရှားတဲ့အဖွဲ့‌တွေနဲ့ အမြဲတပ်‌တွေ့တယ် စက်စပ်မှုအမြဲရှိတာ‌ပေါ ့ဒါ‌ကြောင့်မို့ ကျ‌နော်‌ပြောချင်တာက‌တော့ ဖယ်ဒရယ်အစိုးရ ၊ ပြည်နယ်အစိုးရ မှာရှိတဲ့ အမတ်‌တွေ နိုင်ငံ‌ရေးသမား‌တွေအပြင် အဲလိုAPDB အဖွဲ့ကလည်းကျ‌နော်တို့ကိုအမြဲတမ်းကူညီတယ် ဒါ‌ကြောင့်မို့ Global Action တို့ ကျ‌နော်တို့ စု‌ပေါင်းစာ‌ရေးတာတို့ တစ်ခြားလုပ်ရှားမှုလုပ်တဲ့အခါမှာ အင်မတန်ကူညီတယ်။

‌မေး ။AKO ‌ရွေး‌ကောက်ပွဲ ကိုဘယ်နှနှစ်တကြိမ် လုပ်ပြီး အခုဆိုဘယ်နှစ်ကြိမ်‌ရွေး‌ကောက်ပြီးပြီလဲ။ ဥက္ကဌ ဘယ်နှစ်ဦးနဲ့ လက်ရှိမှာအဖွဲ့ ဝင်အင်အားဘယ်‌လောက်ရှိ‌နေပြီလဲ။
AKO – ကျ‌နော်တို့က ၁၉၉၆ က‌နေစပြီးဖွဲ့စည်း‌တော့ အခုဆိုရင် ၁၈ နှစ်ရှိပြီး ကျ‌နော်တို့ပြည်နယ်အဆင့်မှာ တနှစ်တစ်ကြိမ်‌ရွေး တယ်။ အလုပ်မှု‌ဆောင်‌တွေ‌ပေါ့ တစ်နိုင်ငံလုံးမှာရှိတဲ့ national council က‌တော့ ၂နှစ်တစ်ခါ‌ရွေး‌ကောက်ပွဲလုပ်တယ်အခုဆိုရင် ၉ ကြိမ်‌မြောက်ရှိပြီး အဲဒီ‌တော့national ဥက္ကဌက ‌တော်‌တော်အ‌ပြောင်းအလဲရှိ‌နေပြီး‌ပေါ့ ။ ကျ‌နော်တို့ဖွဲ့ဝင်‌တွေက‌တော့ဩစ‌တြေးလျားတစ်တိုက်လုံးမှာ အဖွဲ့ဝင် ၁‌ထောင်‌ကျော်‌လောက်ရှိ‌နေပြီ‌ပေါ့ ကျ‌နော်ဆိုလိုတာက ရံပုံ‌ငွေထည့်ပြီးဝင်တဲ့လူကိုဆိုလိုတာ‌ပေါ့ ဒါ‌ပေမဲ့ AKOကဦးစီးကျင်ပြုလုပ်တဲ့ပွဲ‌တွေဆိုရင် ကရင်လူဦး‌ရေ‌တွေက၄‌ထောင်‌လောက်အဲလိုတက်လာတာ‌တွေလည်းရှိတယ် ။

‌မေး။ အဖွဲ့အစည်းရံပုံ‌ငွေကို ဘယ်လိုပုံစံရှာ‌ဖွေပြီး အဓိကအားဖြင့် ဘာ‌တွေကို ဦးတည် လုပ်‌ဆောင်‌နေပါသလဲ။
AKO – ‌လော‌လောဆယ်က‌တော့ ရန်ပုံ‌ငွေက‌တော့ဒီအဖွဲ့ဝင်‌ကြေးတစ်ခုရယ်၊ ‌နောက်တစ်ခုက‌တော့ တစ်နှစ်တစ်ခါ ရန်ပုံ‌ငွေရှာပွဲလုပ်တယ်။ ရရှိလာတဲ့ရန်ပုံ‌ငွေကို အချိုးအစားလိုက်ကျ‌နော်တို့ပြန်ခွဲတယ်။ ဥပမာ အမျိုးသမီးဌာနက ၂ဝ ရာခိုင်နှုန်း၊ အမျိုးသားဌာနက ၅ဝ ရာခိုင်နှုန်း၊ လူငယ်ဌာနက ၂ဝ ရာခိုင်နှုန်း၊ AKO ဌာနအတွက်က‌တော့ဘယ်‌လောက်စသည်ဖြင့်ခွဲတာ‌ပေါ့။ ပြီးခဲ့တဲ့ နှစ်အထိ‌အောင် ကျ‌နော်တို့ဌာ‌နေမဲ့ ဒုက္ခသည်ရန်ပုံ‌ငွေအတွက်ဆိုပြီးရှာတယ်။ ရှာပြီး‌တော့ပို့‌ပေးရတာ ရှိတယ်။ ‌နောက်ပြီးပုံမှန်အားဖြင့်က‌တော့ ကျ‌နော်တို့ အစီအစဉ်‌တွေ‌ပေါ့။ ဥပမာ ‌နေ့ထူး‌နေ့မြတ်‌တွေဖြစ်တဲ့ ‌တော်လှန်‌ရေး‌နေ့တို့၊ လက်ချည်ပွဲတို့၊ ‌ကေအန်ယူ‌နေ့တို့စတဲ့ သမိုင်းနဲ့ဆိုင်တဲ့ ‌နေ့ထုူး‌နေ့မြတ်‌တွေ အတွက်အပြင်ကို ဒုက္ခသည်များ‌နေ့၊ အမျိုးသမီများ‌နေ့တို့လိုမျိုး‌ပေါ့၊ တစ်နှစ်ကို အနည်းဆုံး ၁ဝ ပွဲ‌လောက်လုပ်‌ပေးတာမျိုးရှိတယ်။ ရန်ပုံ‌ငွေကို ပုဂ္ဂိုလ်‌ရေးအရ တစ်ချို့အလှူ‌ငွေ‌ပေးတာမျိုးက‌နေလည်းရတယ်။ တစ်ချို့ကလည်း ပြည်နယ်အစိုးရ‌တွေဆီက တစ်ချို့ Project ‌တွေ Plan ‌တွေက‌နေတစ်ဆင့် ရတာ‌တွေရှိတယ်။
‌နောက်ပြီး ကျ‌နော်တို့ဆီက‌နေ ပုံမှန်အသုံးစရိတ်အ‌နေနဲ့ခွဲ‌ဝေ‌ပေး‌နေတဲ့နိုင်ငံတကာအတွက် ခွဲ‌ဝေသုံးစွဲရတဲ့အထဲမှာဆိုရင် ဥပမာ ကရင်ညီညွတ်‌ရေးညီလာခံအတွက် ဩစ‌တေးလျကိုယ်စား တစ်နှစ်ကို ၅၁၀ဝ ‌ပေးရတယ်။ ‌နောက်ပြီး ကရင်အမျိုးသမီးအစည်းအရုံး KWO အတွက် သူတို့နယ်စပ်ဖြတ်‌ကျော်ပြီး လုပ်‌နေတဲ့ မိဘမဲ့က‌လေးအတွက်သုံးတဲ့ကိစ္စ‌တွေမှာ ကျ‌နော်တို့အ‌နေနဲ့ခွဲ‌ဝေပြီးနှစ်စဉ်ပို့‌ပေးတာမျိုး‌တွေရှိပါတယ်။ အထူးသဖြင့်က‌တော့အခု လက်ရှိ သထုံခရိုင်အတွင်းမှာရှိတဲ့ မိဘမဲ့က‌လေး‌တွေအတွက်သူတို့‌ဘော်ဒါ‌ဆောင်‌တွေအတွက် ပို့‌ပေးတာ‌တွေရှိတယ်။ ဘာဖြစ်လို့လဲဆို‌တော့ သူတို့ NGO ‌တွေအခြား နိုင်ငံတကာကလည်းသူတို့ကိုမ‌ပေးဘူး။ ဘာဖြစ်လို့လဲဆို‌တော့ နယ်စပ်ဖြတ်‌ကျော် ကူညီ‌ပေးတာမျိုးကို‌ပေါ့။ အဲလိုမျိုး‌တွေကို ကျ‌နော်တို့ဝိုင်းကူ‌ပေးတာရှိတယ်။
‌နောက်တစ်ခုက New Generation School ကို လူငယ်ဌာနက‌နေပြီး‌တော့ တစ်နှစ်တစ်ခါပုံမှန်‌ထောက်ပံ့တာရှိတယ်။အဲလိုမျိုး‌တွေ‌ပေါ့။ ဒါမယ့် AKO က‌တော့ စီးပွား‌ရေးလုပ်ငန်း‌ထောင်ပြီး လုပ်နိုင်တဲ့ အ‌ခြေအ‌နေ‌တော့မ‌ရောက်‌သေးဘူး။ ဒါမယ့်တစ်နှစ်တစ်ခါ လူငယ်သင်တန်း‌တွေ၊ အမျိုးသမီးသင်တန်း‌ပေးတယ်စတဲ့ ရင်းနှးိမြုပ်နှံမှု‌တွေ‌တော့ ရှိတာ‌ပေါ့‌နော်။ အသီးအပွင့်‌တွေက‌တော့ လူငယ်‌တွေအ‌တွေးအ‌ခေါ်‌တွေမြင့်မားလာတယ်။ အမျိုးသား‌ရေးကိစ္စ‌တွေကို သူတို့နက်နက်ရှိုင်းရှိုင်းနားလည်လာတယ်။ ကိုယ့်လူမျိုးကိုကိုယ်ချစ်တဲ့စိတ်‌နေသ‌ဘောထား‌တွေ အချင်းချင်းကူညီရိုင်းပင်းတတ်လာတဲ့ ဆိုတဲ့ အကျိုးတရား‌တွေရလာတယ်။

‌မေး။ အခြားနိုင်ငံ၊ ပြည်တွင်းနဲ့ နယ်စပ်က ကရင်လူမှုအဖွဲ့ အစည်း‌တွေနဲ့ ဘယ်လိုမျိုး‌ကော ဆက်သွယ်လုပ်‌ဆောင်‌နေတာ‌တွေ ရှိပါသလဲ။
AKO – နိုင်ငံတကာမှာ‌တော့ ကျ‌နော်တို့ (၁၆) နိုင်ငံမှာ ကရင်(၃၁) ဖွဲ့ရှိတယ်ဆို‌တော့ ပြည်တွင်း‌ရော နယ်စပ်မှာ‌ရော ကျ‌နော်တို့နဲ့ ပုံမှန်ဆက်သွယ်‌နေတဲ့ အဖွဲ့အစည်း‌တွေက‌တော့ KWO၊ KYO၊ Karen Unity seminor committee၊ ‌နောက်ပြီး KNU ရှိတယ်‌ပေါ့ ‌နော်။ ‌နောက်ပြီးမြန်မာပြည်တွင်းအဖွဲ့အစည်းမှာဆိုရင်‌တော့ KWEG လိုအဖွဲ့မျိုး Karen Peace Committee ၊ ပါတီအ‌နေနဲ့ ဖလုံစ‌ဝေါ်လိုမျိုးစတဲ့ လုပ်ငန်းအချိတ်အဆက်‌လေး‌တွေ‌တော့ရှိပါတယ်။ အခုက‌တော့ နိုင်ငံတကာကရင်လိုင်း‌တွေမှာ လုပ်ငန်းပိုများတယ်။ ဥပမာ နိုင်ငံတကာမှာရှိတဲ့ ကရင်‌တွေနဲ့ဘယ်လိုဆုံကြလဲဆိုရင် Karen Unity seminor လိုမျိုး‌တွေမှာ ပြည်တွင်းကရင်‌ရော နိုင်ငံတကာကရင်‌ရော၊ လက်နက်ကိုင်‌ရော၊ ပါတီ‌တွေ‌ရော အဲလိုစုပြီးဆုံရပ်တစ်ခုအ‌နေနဲ့ ‌တွေ့ဖြစ်ကြတယ်။ ‌နောက်ပြီးတစ်ကဘာလုံးဆိုင်ရာ ကရင်ညီလာခံ‌ပေါ့၊ ဥပမာ ၂၀၁၂ တုန်းက ငြိမ်းချမ်း‌ရေးစတင်‌ဆွေး‌နွေးတဲ့အချိန်တုန်းက‌ခေါ်ရတာမျိုး‌တွေ၊ ‌နောက်တစ်ချက်က ကုလသမ္မဂ္ဂစုံစမ်းစစ်‌ဆေး‌ရေး‌ကော်မရှင် ကမြန်မာပြည်တွင်းဝင်‌ရောက်ပြီးအ‌ရေးယူ‌ဆောင်ရွက်တာမျိုး‌တွေကို တစ်ကဘာလုံးမှာရှိတဲ့ ကရင်‌တွေ အချိန်ကိုက်လုပ်‌ဆောင်ခဲ့ရတာမျိုး‌တွေရှိပါတယ်။ နိုင်ငံတကာက‌နေ စစ်‌ရေးအရ ဖိအား‌ပေးလုပ်‌ဆောင်မှု‌တွေ ပြုလုပ်တဲ့အခါမှာKaren World Wide အ‌နေနဲ့အတူတူပူး‌ပေါင်း‌ဆောင်ရွက်တာမျိုး‌တွေရှိပါတယ်။ ဩစ‌တေးလျ နယူးဇီလန်က‌တော့ပုံမှန်ဆက်သွယ်မှုရှိတယ်။ မ‌လေးရှားနဲ့ စကင်္ာက ကရင်အဖွဲ့အစည်း‌တွေနဲ့လည်း အမြဲတမ်းဆက်သွယ် မှု‌တွေရှိ‌နေပါတယ်။

‌မေး။ AKO အ‌နေနဲ့ အစိုးရနဲ့ ‌ကေအဲန်ယူအကြား လုပ်‌နေတဲ့ အပစ်ခတ်စဲ‌ရေးအပါအဝင် ငြိမ်းချမ်း‌ရေးလုပ်ငန်း စဉ်အ‌ပေါ် ဘယ်လိုနားလည်ထားပါသလဲ။ ဒီအ‌ပေါ်မှာဘယ်လိုသုံးသပ် အကြံ‌ပေးချင်ပါသလဲ။
AKO – ကျ‌နော်တို့က KNU ကိုအမြဲ ‌ထောက်တိုင်အဖြစ်ရပ်တည်‌ပေးတဲ့အဖွဲ့အစည်းလို့ ကျ‌နော်တို့ကိုယ်ကျ‌နော်တို့ခံယူတယ်။ KNU ကိုလည်းအမျိုးသား‌ရေးရာမှာ ဦး‌ဆောင်အဖွဲ့အစည်းအ‌နေနဲ့ မှတ်ယူပါတယ်။ ပထမဦးဆုံးကျ‌နော်တို့‌ပြောချင်တာက KNU ဟာငြိမ်းချမ်း‌ရေးလမ်းပြ‌မြေပုံ အဆင့်‌လေးဆင့်အရင်ကတည်းကချမှတ်ခဲ့တဲ့ အတိုင်းပဲ ၂၀၁၂ ကတည်းက ယာယီအပစ်အခတ်ရပ်စဲ‌ရေးလက်မှတ်ထိုးခဲ့တာကိုအဲဒီဟာကို တစ်သမတ်တည်းဆွဲကိုင်ပြီးလုပ်‌စေချင်တယ်။ ဘာဖြစ်လို့လဲဆို‌တော့ ဦးသိန်းစိန်အစ်ိုးရက ကမ်းလှမ်းလာတဲ့ တစ်ပြည်လုံးဆိုင်ရာအပစ်အခတ်ရပ်စဲ‌ရေးကို အရင်လက်မှတ်ထိုးမှ နိုင်ငံ‌ရေး စကား‌ပြောမယ်‌ပေါ့။ အဲဒါ‌တွေနဲ့ပတ်သက်လို့KNUမှာ လည်း အ‌တွေးအ‌ခေါ်မညီညွတ်မှု‌လေး‌တွေကို ‌တွေ့ရတဲ့အခါ ကျ‌နော်တို့အားမလိုအားမရ ဖြစ်မိတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကိုယ့်ရဲ့စံချိန်စံနှုန်းကိုမ‌လျှော့သင့်ပါဘူး။ ဘာလို့မ‌လျှော့သင့်လဲဆို‌တော့ တိုင်းရင်းသား‌တွေစု‌ပေါင်းအင်အားနဲ့ မြန်မာအစိုးရကို စကား‌ပြောတဲ့အခါ မြန်မာအစိုးရက‌လေးစားမယ်လို့ထင်တာပဲ။ UNFC ‌အောက်မှာပဲ စု‌ပေါင်းပြီးနိုင်ငံ‌ရေးစကား‌ပြောမယ်လို့ KNU ရဲ့လမ်းပြ‌မြေပုံအဆင့်(၄) ထဲမှာဒီလိုပဲ‌ပြောထားတာပဲ။ ဒါ‌ကြောင့်မို့လို့ UNFC ‌အောက်မှာပဲဆက်လက်ရှိ‌စေချင်တယ်။ UNFC က‌နေယာယီရပ်ဆိုင်းလိုက်တဲ့အ‌ပေါ် သိပ်မကြာခင်ကပဲ ကျ‌နော်တို့ အကြံပြုစာ‌ရေးတယ်။ တစ်တိုင်းပြည်လုံးအပစ်အခတ်ရပ်စဲ‌ရေးလက်မှတ်ထိုးမယ်ဆိုရင် ‌သေချာအာမခံချက်ရှိတဲ့ နိုင်ငံ‌ရေးအာမခံချက်‌တွေရဖို့ တစ်‌ယောက်တည်းမလုပ်ပဲ တိုင်းရင်သား‌တွေရဲ့စု‌ပေါင်းအင်အားနဲ့လုပ်ဖို့ ၊ အစိုးရက အချိန်ဆွဲမယ် ‌နောက်‌ကြောင်းပြန်လှည့်မယ် စစ်အင်အားတိုးမယ် အဲဒါ‌တွေဖြစ်လာလို့ရှိရင် တစ်ဖွဲ့တည်းအထီးမကျန်ပါဘူးဆိုတာ ကျ‌နော်တို့အား‌ပေးချင်တယ်။ ဒါ‌ကြောင့် KNU ကိုအား‌ပေးလိုတာက ငြိမ်းချမ်း‌ရေး ‌ဆောင်ရွက်မှုမှာပဲဖြစ်ဖြစ် တိုင်းရင်းသားအဖွဲ့‌တွေနဲ့ပူး‌ပေါင်း‌ဆောင်ရွက်တဲ့အခါမှာ KNU ဟာအားအပြည့်နဲ့ပူး‌ပေါင်း‌ဆောင်ရွက်ဖို့လိုပါတယ်။ KNU ‌နောက်မှာညီညွတ်တဲ့ ကရင်‌တွေရဲ့အားအပြည့်ရှိတဲ့အ‌ကြောင်း ၊ ညီညွတ်တဲ့တိုင်းရင်သားအင်အား နိုင်ငံတကာဖိအား‌တွေက‌နေတစ်ဆင့် နိုင်ငံ‌ရေးအရှိန်အဝါ‌တွေရမှာဖြစ်တဲ့အ‌ကြောင်း၊ ဒါ‌ကြောင့် ဆန်ဒမ‌စောပဲနဲ့ ရဲရဲရင့်ရင့်နဲ့ အ‌သေးအဖွဲကိစ္စ‌တွေမလုပ်ပဲနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ နိုင်ငံ‌ရေးကိစ္စ‌တွေကိုလုပ်ဖို့၊ တစ်ချို့လည်းငြိမ်းချမ်း‌ရေးပွဲစား‌တွေ ရှိလာလို့ရှိရင်လည်း ‌သေချာစဉ်းစားချင့်ချိန်ပြီးဆက်ဆံဖို့‌ပေါ့‌နော်။နိုင်ငံ‌ရေးသတိရှိဖို့ကို‌ပြောချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျ‌နော်တို့က‌တော့ အဲ‌လောက်ပဲအကြံ‌ပေးပါရ‌စေဗျာ။

‌မေး။ ဗမာပြည်ထဲက ‌ဒေသအသီးသီးမှာရှိ‌နေကြတဲ့ ကရင်ပြည်သူလူထုကို ‌ကေအိုင်စီက‌နေတဆင့် ဘာများ ‌ပြောကြားချင်ပါသလဲ။
AKO – လူထု‌တွေကို ‌နောက်ဆုံး UNFC နဲ့ပတ်သက်လို့ဖြစ်တဲ့ ကိစ္စ‌တွေမှာ ယာယီထွက်တဲ့ကိစ္စ ပြန်လည်ဆုံးဖြတ်မယ်ဆိုတဲ့ ကိစ္စ‌တွေမှာ ကျ‌နော်တို့က ပြည်တွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်း‌တွေ နိုင်ငံ‌ရေးပါတီ‌တွေက တစ်သားတည်းခံစားရမယ်လို့ ကျ‌နော်တို့ယုံကြည်တယ်။ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်တို့ ကရင်လူမျိုး‌တွေက ‌စောဘဦးကြီးရဲ့မူ‌လေးချက်ကို အင်မတန်မှချစ်မြတ်နိုးပြီး‌တော့ အဲဒီမူ‌တွေကိုကိုင်စွဲပြီး‌တော့ ‌တော်လှန်‌ရေးလုပ်တဲ့အခါ ‌တော်လှန်‌ရေးသတိတစ်ခုကို‌ပြောပြလိုတာက‌တော့ ‌စောဘဦးကြီးမူဝါဒကို တစ်ချက်တည်းကိုင်ထားပြီး‌တော့ ကိုယ့်လက်နက်ကိုကိုယ်လက်ဝယ်ထားရှိမယ်။ လက်နက်မချဘူးဆိုပြီး ကျန်တဲ့မူသုံးချက်ကို လွတ်သွားတာမျိုးစတဲ့ ‌တော်လှန်‌ရေးသတိ‌လေး‌တော့ ရှိ‌စေချင်တယ်‌လေ။ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်တို့ကရင့်အမျိုးသားရည်မှန်းချက်လို့ ‌ပြောတဲ့‌နေရာမှာ ဟိုး ၁၉၄၇ ခုနှစ်တုန်းက‌ပြောခဲ့တဲ့ ရည်မှန်းချက်က ငြိမ်းချမ်းစွာ‌တောင်းဆိုခဲ့တဲ့အချက်ကြီး‌လေးချက်ရှိပါတယ်။ အဲဒါကလည်းကရင်ပြည်ချက်ချင်း‌ပေးတို့ ကရင်-ဗမာတန်းတူ‌ရေး( ကရင်တစ်ကျပ်ဗမာတစ်ကျပ်) တို့ လူမျိုး‌ရေးအလိုမရှိ၊ ပြည်တွင်းစစ်အလိုမရှိစတဲ့ ကျ‌နော်တို့ရဲ့ငြိမ်းချမ်း‌ရေးမြတ်နိုးမှု တန်းတူအခွင့်အ‌ရေး‌တောင်းဆိုမှု မှန်ကန်မျှတတဲ့တရားဥပ‌ဒေလိုလားမှု‌တွေဟာ ကျ‌နော်တို့‌ဖော်ပြထားပြီးပြီ။ ‌တော်လှန်‌ရေးလုပ်တဲ့အခါမှာလည်း ‌စောဘဦးကြီး‌ပြောတဲ့အချက်အပြင် တစ်ခါမူဝါဒ‌လေးချက်ကလည်း လက်နက်ချစကားမ‌ပြောရဘူး၊ ကရင့်လက်နက်ကရင့်လက်ဝယ်ထားရမယ်၊ ကရင်ပြည်အသိအမှတ်ပြု‌ရေးပြည့်စုံရမယ်ဆိုတာ‌တွေ ကရင့်ကြမ္မာကရင်ဖန်တီးမယ်ဆိုတာ‌တွေ ဒီအချက်‌တွေလည်းအကုန်လုံးစု‌ပေါင်းပြီး‌တော့ အနှစ်သာရပြည့်စုံတယ်လို့ ကျ‌နော်က သတိ‌ပေး‌ပြောကြားလို့တယ်။ ကျ‌နော့်လိုပဲကရင်အမျိုးသား‌တွေ ပြည်တွင်းမှာရှိတဲ့ ကရင်အဖွဲ့အစည်း‌တွေ ကရင်လူပုဂ္ဂိုလ်‌တွေအသီးသီးကလည်း အဲလိုအသိတရား‌တွေရှိ‌နေကြမှာပဲ။ ဒါ‌ကြောင့်မို့လို့ တစ်‌ယောက်နဲ့တစ်‌ယောက်အား‌ပေးကူညီကြပါ။ ကိစ္စအရပ်ရပ်ကို‌သေချာ‌ခေါင်း‌အေး‌အေးနဲ့ စဉ်းစားပြီးလုပ်ကြဖို့ အမျိူသားထုတစ်ရပ်လုံးရဲ့ဆုံးဖြတ်ချက်နဲ့ညီညွတ်စွာပူး‌ပေါင်း‌ဆောင်ရွက်မယ်ဆိုတဲ့ ညီညွတ်မှုမျိုးဟာ ကရင်အမျိုးသားရည်မှန်းချက်‌တွေ ပြည့်စုံ‌အောင်မြင်ဖို့အတွက်လိုအပ်တဲ့ အ‌ရေးကြီးအချက်ပဲဖြစ်ပါတယ်။

‌မေး။ ‌နောက်ထပ် ဘာများဖြည့်စွက်‌ပြောဆိုချင်ပါ‌သေးလဲ။
AKO – ကျ‌နော်တို့က နိုင်ငံခြားမှာဆို‌တော့လည်း တချို့တစ်‌လေ‌တော့လက်‌တွေ့ဆန်တာမျိုး ‌ဒေသနဲ့ဘဝအ‌ခြေအ‌နေနဲ့မို့ ကိုယ်‌ပြောတာ‌တွေ အကုန်လုံးအယူအဆ‌တွေက ‌ကောင်းချင်မှ‌ကောင်းမယ်‌လေး ဒါ‌ပေမဲ့ တကယ်လက်‌တွေ့ကျတဲ့အ‌နေအထားနဲ့ လုပ်သင့်လုပ်ထိုက်တာနဲ့ ပူး‌ပေါင်းပြီးလုပ်တာ‌ပေါ့ ကရင့်သမိုင်းက‌တော့ ကရင့်အလံ‌တွေ တစ်လွင့်လွင့်ရှိ‌နေဆဲ‌လေး ဒါ‌ကြောင့်မို့ အ‌တွေး‌ခေါ်လည်းမြင့်တယ် လုပ်ရည်ကိုင်ရည်လည်းမြင့်တယ် ‌အောင်ပွဲရလာလည်းမြင့်မြင့်မားမားရှိတယ်ဆိုတာ ကျ‌နော်တို့ ယုံကြည်တယ်လို့ ‌နောက်ဆုံးအ‌နေနဲ့‌ပြောပါရ‌စေ။