Home ဆောင်းပါး အကြမ်းဖက်မှု ဖန်တီးသူ ပါဝင်သူများကို သမ္မတဦးသိန်းစိန် ‌ဖော်ထုတ် အ‌ရေးယူနိုင်မည်‌လော

အကြမ်းဖက်မှု ဖန်တီးသူ ပါဝင်သူများကို သမ္မတဦးသိန်းစိန် ‌ဖော်ထုတ် အ‌ရေးယူနိုင်မည်‌လော

2065

(‌မောင်‌ကျော်စွာ)

၂၀၁၄ခုနှစ်၊ ဇူလိုင်လ ၉ရက်

“ပုဒ်မ ၄၃၆ ပြင်ဆင်‌ရေးလှုပ်ရှားမှု” အရှိန်မြှင့်လာတာနဲ့အတူ အကြမ်းဖက်မှု‌တွေ၊ ဗရုတ်ဗရက်ဖြစ်မှု‌တွေဟာ အစီအစဉ်တကျ ကြိုးကိုင်ဖန်တီး‌နေသကဲ့သို့ ‌ပေါ်‌ပေါက်ဖြစ်ပွားလာ‌နေပါတယ်။

သန္တိသုခ ဘုန်း‌တော်ကြီး‌ကျောင်းကို ဝင်‌ရောက်စီးနင်းမှုဖြစ်ပွားပြီးတဲ့‌နောက် မန္တ‌လေးမြို့မှာ အကြမ်းဖက်၊ လူသတ်၊ မီးရှို့မှု‌တွေ ‌ပေါ်‌ပေါက်လာပါတယ်။ ယခု ‌ဆောင်းပါး‌ရေး‌နေချိန်အထိ “ပုဒ်မ ၁၄၄” ထုတ်ပြန်ထားရဆဲဖြစ်ပါတယ်။

၂၀၀၈ အ‌ခြေခံဥပ‌ဒေ၊ သမ္မတဦးသိန်းစိန ်ကြံ့ဖွံ့အစိုးရတို့နဲ့အတူ ဘာသာ‌ရေး၊ လူမျိုး‌ရေးအ‌ခြေခံတဲ့ အကြမ်းဖက်မှု‌တွေ တစ်ခုပြီး တစ်ခု၊ တစ်‌နေရာပြီးတစ်‌နေရာ ‌ပေါ်‌ပေါက်လာတယ်ဆိုတဲ့ အချက်ကို ပြည်သူအများစုက သတိထားမိကြပါတယ်။ တစ်ချိန်ကဆို ရင် ‌ပေါက်ကွဲမှု‌တွေ‌ပေါ်‌ပေါက်လာရင် မ‌ရှေးမ‌နှောင်းမှာ သတင်းစာရှင်းလင်းပွဲဆိုတာ‌တွေကို အစိုးရကပြုလုပ်ပြီး “‌သောင်းကျန်း သူ‌တွေ၊ ‌မြေ‌အောက် အဖွဲ့အစည်း(UG)‌တွေ” ရဲ့ လက်ချက်ဆိုပြီး လက်ညှိုးထိုး တရားခံရှာပြတတ်ပါတယ်။

အခု‌တော့ သတင်းစာရှင်းလင်းပွဲ‌တွေလည်းမလုပ်၊ “‌သောင်းကျန်းသူ‌တွေ/ယူဂျီ‌တွေ”ကို လက်သည်အဖြစ် စွပ်စွဲတာ‌တွေလည်း မကြားရ‌တော့ အခုဖြစ်‌နေတာ‌တွေဟာ “‌သောင်းကျန်းသူ‌တွေ/ယူဂျီ‌တွေ”နဲ့ သက်ဆိုင်ခြင်းမရှိလို့သာဖြစ်မယ်လို့ ‌ကောက်ချက်ချ ရပါလိမ့်မယ်။

အထူးခြားဆုံး၊ အမြင်သာဆုံးအချက်တစ်ခုက‌တော့ ရခိုင်ပြည်နယ်မှာ စတင်‌ပေါ်‌ပေါက်လာခဲ့ပြီး မန္တ‌လေးမြို့ထိ ‌ရောက်ရှိဖြစ် ပွားလာခဲ့တဲ့ ဘာသာ‌ရေး၊ လူမျိုး‌ရေးခုတုံးလုပ်တဲ့ အကြမ်းဖက်၊ လူသတ်၊ မီးရှို့မှု‌တွေရဲ့ အဓိကကျူးလွန်သူ‌တွေနဲ့ ကျူးလွန်တဲ့အဖွဲ့ အစည်းဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက တိတိကျကျ ‌ဖော်ထုတ်နိုင်၊ အ‌ရေးယူနိုင်ခြင်း မရှိ‌သေးတဲ့အချက်ပဲ ဖြစ်ပါတယ်။

သမ္မတဦသိန်းစိန်ကြံ့ဖွံ့အစိုးရဟာ အဓမ္မ အသိမ်းပိုက်ခံထားရတဲ့ မိမိပိုင်လယ်ယာ‌မြေ ပြန်လည်ရရှိ‌ရေး‌တောင်းဆိုတဲ့ လယ်သမား ‌တွေ၊ လက်ပံ‌တောင်း‌ဒေသခံပြည်သူ‌တွေကို မီး‌လောင်ဗုံးနဲ့ပစ်တယ်၊ ဘူဒိုဇာနဲ့ထိုး‌ကော်ပစ်တယ်၊ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီး တယ်။ ဆန္ဒပြ‌ကျောင်းသား‌တွေနဲ့ မီဒီယာသမား‌တွေကို “ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ (ခ) စတဲ့ မတရားတဲ့ ပုဒ်မဆိုး‌တွေနဲ့ ရက်ရက် ‌ရော‌ရော ဖမ်းဆီး ‌ထောင်ချ‌နေ‌ပေမယ့်၊ အတင့်ရဲ ‌ဗြောင်ကျလွန်းတဲ့ ဘာသာ‌ရေး၊ လူမျိုး‌ရေး ခုတုံးလုပ်တဲ့ အကြမ်းဖက်သမား ‌တွေကို‌တော့ ဘာ‌ကြောင့် လက်ပိုက်ကြည့်‌နေတာလဲ။

ကြည့်ရတာ သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရအ‌နေနဲ့ အကြမ်းဖက် လူသတ် မီးရှို့သူ‌တွေကို ‌ဖော်ထုတ်အ‌ရေးယူဖို့အတွက် အခက် အခဲ ကြီးကြီးမားမား ရှိ‌နေပုံပါပဲ။ “သားဆိုး သမီးဆိုး ပစ်ရိုးမရှိ” ဆိုတဲ့စကားပုံလိုလည်း ဖြစ်‌နေဟန်တူပါတယ်။

မန္တ‌လေးမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်၊ မီးရှို့အကြမ်းဖက်မှုမှာ အခြား ရခိုင်၊ မိတ္ထီလာ၊ လားရှိုး၊ ထန်းကုန်း စတဲ့‌နေရာ‌တွေနဲ့မတူတဲ့ ထူးခြားတဲ့ဖြစ်ရပ် ၂ခုရှိပါတယ်။ အဲဒီအချက်များက‌တော့ အကြမ်းဖက်သူ‌တွေဟာ ဒီချုပ်ပါတီရဲ့‌ကြေညာချက်ကို အတုပြုလုပ် ဖြန့် ‌ဝေမှု၊ အကြမ်းဖက်မှုမှာ ‌သေဆုံးသွားရသူတစ်ဦးရဲ့နာ‌ရေးကို ဗီနိုင်းနဲ့ ‌ကြော်ငြာစာရွက် ‌ရေးသားဖြန့်‌ဝေမှုဖြစ်ပါတယ်။ ဒီအချက် ‌တွေက အကြမ်းဖက်မှု လုပ်ကြံဖန်တီးသူ‌တွေရဲ့ ပိုမိုအတင့်ရဲလာမှုကို ‌ဖော်ပြ‌နေတဲ့အချက်ပဲဖြစ်ပါတယ်။ နာ‌ရေးဗီနိုင်းနဲ့ နာ‌ရေး ‌ကြော်ငြာ ‌ရေးသား ဖြန့်‌ဝေမှုကို‌တော့ လုပ်‌ဆောင်သူ ကိုယ်တိုင်က မီဒီယာမှာ ‌ဖော်ထုတ်ဝန်ခံထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် မန္တ‌လေးတိုင်း‌ဒေသကြီးအစိုးရရဲ့ ထုတ်ပြန်ချက်ကလည်း ဘယ်လိုပင် အ‌ကြောင်းပြချက်‌တွေ‌ပေး‌နေ‌သော်လည်း အထက်ပါ နာ‌ရေးဗီနိုင်းနဲ့ နာ‌ရေး‌ကြော်ငြာ ‌ရေးသားချက်ကဲ့သို့ပင် မီး‌လောင်ရာ ‌လေပင့်တဲ့လုပ်ရပ်၊ ရန်တိုက်‌ပေးတဲ့လုပ်ရပ်၊ လူမိုက်အား‌ပေးတဲ့အ‌ရေးအသား ‌ဖော်ပြချက်မျိုးဖြစ်‌နေပါတယ်။ ၂၀၁၂ခုနှစ်က ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုဖြစ်ပွားပြီး‌နောက် (၅ ဇွန် ၂၀၁၂) ရက်‌နေ့ထုတ် (မြန်မာ့အလင်း/‌ကြေးမုံ) အစိုးရပိုင်သတင်းစာ‌တွေမှာ ‌ဖော်ပြခဲ့တဲ့ အ‌ရေးအသားနဲ့ တစ်ထပ် တည်းလည်း ဖြစ်‌နေပါတယ်။ ဒါဟာ တိုက်ဆိုင်မှုသက်သက် မဟုတ်နိုင်ပါ။ ဒီလိုညစ်ပတ်ယုတ်မာတဲ့ လုပ်ရပ်‌တွေကို ပြတ် ပြတ်သားသား အ‌ရေးယူရမှာပါ။

နိုင်ငံသားတိုင်းဟာ မိမိယုံကြည်ရာ ဘာသာနဲ့သာသနာကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အပြည့်အဝရှိပြီး အစိုးရက ဥပ ‌ဒေအရ အသိအမှတ်ပြုထားတဲ့ ကိုးကွယ်ရာ ဘာသာနဲ့သာသနာများကို တန်းတူရည်တူ အသိအမှတ်ပြုပြီး အညီအမျှ ကူညီကာ ကွယ်‌စောင့်‌ရှောက်‌ပေးရမှာ ဖြစ်ပါတယ်။

သို့‌သော်လည်း “၂၀၀၈အ‌ခြေခံဥပ‌ဒေ” ‌ဖော်ပြချက်များကိုယ်၌က တန်းတူမှုမရှိဘဲ တစ်ဖက်သတ်ကျ‌နေပါတယ်။ ပုဒ်မ ၃၆၁ ၌ ဗုဒ္ဓဘာသာကို “ဂုဏ်ထူး ဝိ‌သေနှင့်ပြည့်စုံသည့်” ဘာသာ၊ သာသနာဆိုပြီး တသီးတခြား ခွဲခြား‌ဖော်ပြထားပါတယ်။

ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်‌သောဘာသာတို့ကို ပုဒ်မ ၃၆၂မှာ သီးသန့် ‌ဖော်ပြထားပါတယ်။ ဒါဟာ ခွဲခြားမှုဖြစ်ပါတယ်။ တန်းတူမထားမှု ဖြစ်ပါတယ်။ နှိမ့်ချထားမှုဖြစ်ပါတယ်။

လူဦး‌ရေနည်းသည်ဖြစ်‌စေ၊ များသည်ဖြစ်‌စေ နိုင်ငံသားပြည်သူ‌တွေ ယုံကြည် ကိုးကွယ်‌သော မည်သည့် ဘာသာ၊ သာသနာ အ‌ပေါ်တွင်မဆို တန်းတူရည်တူ ‌လေးစားအသိအမှတ်ပြုရမှာပါ။ သို့‌သော်လည်း “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ‌ဖော်ပြချက်က ခွဲခြားတဲ့၊ နှိမ့်ချတဲ့၊ တန်းမတူတဲ့ ‌ဖော်ပြချက်ဖြစ်‌နေပါတယ်။ “၁၉၄၇ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ”မှာလည်း ဤကဲ့သို့ပင် ခွဲခြား‌ဖော်ပြထားခဲ့ပါ တယ်။

သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနဲ့အတူ တိုင်းပြည်မှာ ‌ပေါ်‌ပေါက်ဖြစ်ပွားလာခဲ့တဲ့/လာ‌နေတဲ့ ဘာသာ‌ရေး၊ လူမျိုး‌ရေး ခုတုံးလုပ်တဲ့ အကြမ်းဖက်မှု‌တွေနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်ကသာ မသိသလို၊ သိသလိုလုပ်‌နေ‌ပေမယ့် ဘယ်သူ‌တွေက ဘယ်လိုပုံစံနဲ့ လုပ်ကြံ ဖန်တီး၊ ကျူးလွန်ခဲ့ကြသလဲဆိုတာကို နဖူး‌တွေ့ဒူး‌တွေ့၊ ကြုံ‌တွေ့၊ ခံစားခဲ့ကြရတဲ့ ပြည်သူ‌တွေက “အစီစဉ်ကျကျနဲ့ လုပ် ‌နေတဲ့ပုဂ္ဂိုလ်‌တွေက လုပ်‌နေကျအတိုင်း လုပ်‌နေတယ်”လို့ သုံးသပ်‌ပြောဆို‌နေကြပါတယ်။

ဇူလိုင်လ ၇ရက်‌နေ့က သမ္မတဦးသိန်းစိန် ‌ပြောကြားခဲ့တဲ့အထဲမှာပါတဲ့ “မိမိတို့ရဲ့ ကိုယ်ကျိုးစီးပွားကို‌ရှေ့ရှုပြီး အတ္တကို ‌ရှေ့တန်း တင် လုပ်‌ဆောင်ကြသူများ” ဆိုတဲ့အချက်နဲ့ “လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ တမင်ဖန်တီးလုပ်‌ဆောင်ခြင်း” ဆိုတဲ့အချက်‌တွေကို ဘယ်‌တော့ ဘယ်လို ပြတ်ပြတ်သားသား ကိုင်တွယ်‌ဖော်ထုတ်ပြီး၊ ဘယ်လိုပြင်းထန်စွာ အပြစ်‌ပေး အ‌ရေး ယူပြမလဲ ဆိုတာကို ပြည်သူအများက စိတ်ဝင်စား‌နေကြပါတယ်။