Home သတင်း ကရင်လူထုနှင့် ‌ကေအဲန်ယူတို့ စု‌ပေါင်းကျွန်းပင်စိုက်

ကရင်လူထုနှင့် ‌ကေအဲန်ယူတို့ စု‌ပေါင်းကျွန်းပင်စိုက်

1613

‌ကေအဲန်ယူနှင့် စု‌ပေါင်းကျွန်းပင်စိုက်ပျိုးသည့် ‌နောင်ကမြိုင် ‌ဒေသခံများ

ဇွန် ၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်‌နေ့ အထိမ်အမှတ်အ‌နေဖြင့် ‌ဒေသခံကရင်လူထုများနှင့် ကရင် အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဗဟိုမှ သစ်‌တောဌာန၊ စိုက်ပျိုး‌ရေးနှင့် လယ်ယာ‌မြေဌာနတို့ စု‌ပေါင်း၍ လှိုင်ဘွဲမြို့နယ်၊ ‌နောင်ကမြိုင်‌ကျေးရွာအုပ်စုရှိ ထီလုံသစ်‌တောကြိုးဝိုင်းတွင် ဇွန် ၅ရက်‌နေ့က ကျွန်းပင်စိုက်ပျိုးပွဲတစ်ရပ် ကျင်းပခဲ့ကြသည်။

ကျွန်းပင်‌ပေါင်း ၁၀ဝ ပင် စိုက်ပျိုးခဲ့ကြသည့် ထိုစု‌ပေါင်း ကျွန်းပင်စိုက်ပွဲ၌ ‌နောင်ကမြိုင် ‌ဒေသခံ ၃ဝ ‌ကျော်နှင့် ‌ကေအဲန်ယူ ဗဟိုမှ သစ်‌တောဌာနတာဝန်ခံ ပဒို မန်းဘထွန်း၊ စိုက်ပျိုး‌ရေးနှင့် လယ်ယာ‌မြေဌာန အတွင်း‌ရေး မှူး ပဒို‌စော‌လေ့‌စေးတို့က အဓိက ပါဝင်ခဲ့ပြီး ကရင်ငြိမ်းချမ်း‌ကောင်စီ(KNU/KNLA PC)အဖွဲ့ဝင်အချို့လည်း ပူး‌ပေါင်းပါဝင်ခဲ့သည်ဟု ‌ဒေသခံတစ်ဦးဖြစ်သူ ‌စောသိန်း‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“အစိုးရရဲ့ ဖွံ့ဖြိုး‌ရေးစီမံကိန်း‌ကြောင့် သစ်‌တောပျက်စီးပြီး သစ်‌တောကို မှီခို‌နေကြတဲ့ ‌ဒေသခံ‌တွေလည်း အခက်အခဲ‌တွေ ကြုံ‌နေရတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့က ‌ကေအဲန်ယူကို အကူအညီ‌တောင်းပြီး အခုလို အပြည်ပြည်ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်း‌ရေး‌နေ့ အထိမ်းအမှတ်အ‌နေနဲ့ လုပ်‌ဆောင်ခြင်း ဖြစ်တယ်”ဟု ‌စောသိန်း‌အောင်က ‌ပြောဆိုသည်။

ထို့အပြင် ဖွံ့ဖြိုး‌ရေးစီမံကိန်းများ‌ကြောင့် စီးပွား‌ရေးလုပ်ငန်းရှင်များက သစ်‌တောများထဲတွင် ရာဘာပင်များ လာ‌ရောက် စိုက်ပျိုးပြီး ‌ဒေသခံများမှီခိုအားထားသည့် သစ်‌တောပျက်စီး‌ပျောက်ဆုံး‌နေသဖြင့် ‌ဒေသခံလူထု များအတွက် ‌ကေအဲန်ယူမှ ယခင်သတ်မှတ်ထားပြီးသားဖြစ်သည့် သစ်‌တောများကို မူလအတိုင်း တည်ရှိ‌စေလိုသည်ဟု စု‌ပေါင်းကျွန်းပင်စိုက်ပွဲတွင် ပါဝင်သည့် ‌ဒေသခံများက ဆိုသည်။

ကျွန်းပင်စိုက်ပွဲတွင် ပါဝင်ခဲ့သည့် ‌ကေအဲန်ယူ ဗဟိုမှ သစ်‌တောဌာနတာဝန်ခံ ပဒိုမန်းဘထွန်းက “အပြည် ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်‌နေ့ကို ဂုဏ်ပြုတဲ့အ‌နေနဲ့ ‌ဒေသခံ‌တွေနဲ့အတူ ကျွန်းပင် စု‌ပေါင်းစိုက်ပျိုး တာဟာ အင်တာတန် ‌ကောင်းပါတယ်။ ပြီး‌တော့ ဒီသစ်‌တောက ကျ‌နော်တို့ သတ်မှတ်ထားခဲ့တဲ့ သစ်‌တော လည်း ဖြစ်တယ်”ဟု ပဒိုမန်းဘထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေသခံကရင်လူထုများနှင့် ‌ကေအဲန်ယူတို့သည် ယခုလို ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်‌နေ့၌ စု‌ပေါင်းကျွန်းပင်စိုက်ပွဲ ပြုလုပ်နိုင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ‌ဒေသခံလူထုများ အ‌နေဖြင့် စိုက်ပျိုးထားသည့် ကျွန်းပင်များကို အစဉ်တစိုက် ကြည့်ရှု‌ပေးကြပါရန် ပဒိုမန်းဘထွန်းက ‌ပြောဆိုသွားခဲ့သည်။