Home သတင်း အပစ်အခတ်ရပ်စဲ‌ရေးကို အချိန်သတ်မှတ်ထားရန်လို‌ကြောင်း မန်း‌ရောဘတ်ဘဇန် ‌ပြောဆို

အပစ်အခတ်ရပ်စဲ‌ရေးကို အချိန်သတ်မှတ်ထားရန်လို‌ကြောင်း မန်း‌ရောဘတ်ဘဇန် ‌ပြောဆို

1718

‌မေလ ၃၁ရက်။ ၂၀၁၄ခုနှစ်။ ‌စောသိန်းမြင့်

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)အ‌နေဖြင့် အပစ်အခတ်ရပ်စဲ‌ရေး လုပ်‌ဆောင်ရာတွင် အချိန်ကာလ သတ်မှတ်ထားရန် လိုအပ်‌ကြောင်း ‌ကေအဲန်ယူ ဥက္ကဌ‌ဟောင်း မန်းဘဇန်၏ သားလည်းဖြစ်၊ အ‌မေရိကန်နိုင်ငံ ‌ရောက် မီနီဆိုးတား ကရင်ကွန်မြူနီတီ နာယကလည်းဖြစ်သူ မန်း‌ရောဘတ် ဘဇန်က ‌ပြောဆိုလိုက်သည်။

ကရင်ပြည်နယ် ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေ၊ ‌လောခီးလာဌာနချုပ်တွင် ‌မေလ ၂၈ရက်‌နေ့မှ ၃၁ရက်‌နေ့ အထိ ကျင်းပသည့် ၁ဝကြိမ်‌မြောက် ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေး နှီး‌နှောဖလှယ်ပွဲ၌ ‌ကေအိုင်စီနှင့် သီးခြား‌တွေ့ဆုံမှုတွင် မန်း‌ရောဘတ် ဘဇန်က ထိုသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အပစ်ရပ်‌ရေးလုပ်တာ ၂နှစ်‌ကျော်ပြီ။ ဘာမှ မရဘူး။ Time frame သတ်မှတ်‌ပေးပါ။ ၂နှစ်အတွင်းမှာ မြန်မာ အစိုးရက အများကြီး အမြတ်ထွက်သွားတယ်။ သိန်းစိန်(သမ္မတ)ဆို အာဆီယံဥက္ကဌ ဖြစ်သွားပြီ။ နိုင်ငံတကာ ကလည်း ကန့်သတ်ထားတာ‌တွေ ဖယ်လိုက် တယ်။ ကမ္ဘာ့ဘဏ်က အ‌ကြွေး‌တွေ ‌ချေလိုက်တယ်။ အရင်းအနှီး ‌တွေ ဝင်လာပြီး သန်းနဲ့ချီ အကျိုးရှိတယ်။ ကျ‌နော်တို့ကိုကျ‌တော့ ၂၀၀၈ ကြီးနဲ့ ကာထား‌တော့ ကရင့်အခွင့် အ‌ရေး ဘာမှမရဘူး”ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် ‌ကေအဲန်ယူဘက်က လက်မှတ်ထိုးလိုက်ခြင်းနှင့် ‌ဒေါ်‌အောင်ဆန်းစုကြည်က လွှတ်‌တော်ထဲသို့ ဝင်မည် ဆိုသည်နှင့် ယခင်က နိုင်ငံတကာမှ ပစ်ပယ်ခြင်းခံခဲ့ရ‌သော မြန်မာအစိုးရသည် လူရာသွင်းခံခဲ့ရပြီး ဘုံတင်သွား လိုက်သလို ဖြစ်သွားသည်ဟု ၎င်းက ဆိုသည်။

မန်း‌ရောဘတ် ဘဇန်၏ ‌ပြောဆိုချက်အ‌ပေါ် ‌ကေအဲန်ယူ မဟာမိတ်ဆက်ဆံ‌ရေးဌာန တာဝန်ခံ ပဒို‌စော‌ဒေးဗစ် သက‌ဘောက “Time Frame ဆိုတာက အ‌ခြေအ‌နေ‌ပေါ် မူတည်တယ်။ အစိုးရဘက်က တစ်ပြည်လုံးအတိုင်း အတာကို အမြန်ဆုံးထိုးချင်တယ်။ တိုင်းရင်းသားဘက်က တင်ပြတာရှိတယ်။ တပြည်လုံးအတိုင်းအတာက အမှန်က အစိုးရလုပ်ရမှာ။ ပြီး‌တော့ နိုင်ငံ‌ရေး စကား‌ပြောပါ။ အခုဟာက တဖွဲ့ချင်းနဲ့ လိုက်လုပ်တဲ့အခါကျ‌တော့။ ဒါ‌ပေမယ့် ကျ‌နော်တို့ ယူအဲန်အက်ဖ်စီအ‌နေနဲ့က ကြိုးစားမယ်။ ဒီနှစ်မရရင် ‌နောင်နှစ်‌ပေါ့။ ၂၀၁၅မတိုင်ခင် ငြိမ်းချမ်း‌ရေးအတွက် ကြိုးစားမှာပါ”ဟု ‌ပြောသည်။

ယမန်‌နေ့ ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေး နှီး‌နှော ဖလှယ်ပွဲ၏ တတိယ‌နေ့‌မြောက်အဖြစ် ‌မေလ ၃ဝရက်‌နေ့တွင် တက်‌ရောက်လာသူ ကိုယ်စားလှယ်များက ၂နှစ်အတွင်း မိမိမြင်‌တွေ့ရရှိချင်သည့် ကရင် အမျိုးသားစီမံကိန်းနှင့် စည်းလုံးညီညွတ်‌ရေးရလာဒ်များကို အဖွဲ့လိုက်‌ဆွေး‌နွေးတင်ပြခြင်း၊ ၂၀၁၄ခုနှစ်အတွင်း လုပ်ငန်းစဉ်များကို အဖွဲ့လိုက်‌ဆွေး‌နွေးခြင်း၊ သ‌ဘောထားထုတ်ပြန်ချက်အတွက် ‌ဆွေး‌နွေးခြင်းနှင့် ယခု ၁ဝကြိမ်‌မြောက် နှီး‌နှောဖလှယ်ပွဲ အ‌ခြေအ‌နေများကို သုံးသပ်ခဲ့ကြသည်။

ယင်းနှီး‌နှောဖလှယ်ပွဲသို့ အပစ်ရပ် လက်နက်ကိုင် ကရင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ‌ခေါင်း‌ဆောင်များ၊ ကရင်နိုင်ငံ‌ရေးပါတီမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပရှိ ကရင်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့် တသီးပုဂ္ဂလိက ‌လေ့လာသူများအပါအဝင် စုစု‌ပေါင်း ၁၈၄ဦး တက်‌ရောက်ခဲ့သည်ဟု သိရှိရသည်။

ယခုနှီး‌နှောဖလှယ်ပွဲသို့ ကရင်အဖွဲ့အစည်း‌ပေါင်းစုံ တက်‌ရောက်လာသည့်အတွက် ‌ရှေ့ဆက် အမျိုးသားစည်း လုံး‌ရေးအတွက် အ‌ပေါင်းလက္ခဏာ‌ဆောင်သလို ‌ကေအဲန်ယူအ‌နေဖြင့်လည်း မိခင်ရင်းစိတ်ထားပြီး ပြည်သူများ ၏ တင်ပြလာမှုကို အ‌လေးထား‌ဆောင်ရွက်မည်ဆိုလျှင် ကရင်အမျိုးသားအားလုံး အလံ‌တော်တစ်ခုတည်း ‌အောက်တွင် ‌ရောက်ရှိမည်ဟု ယုံကြည်‌ကြောင်း မန်း‌ရောဘတ်ဘဇန်က ဖြည့်စွက်‌ပြောဆိုသည်။

မန်း‌ရောဘတ် ဘတ်ဇန်သည် ကရင့်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်တွင် နှစ်‌ပေါင်း (၃၀)‌ကျော် တာဝန် ထမ်း‌ဆောင်ခဲ့ပြီး တပ်ခွဲမှူး၊ တပ်‌ရေးဗိုလ်ကြီး၊ စစ်‌ကြောင်းမှူး၊ ဒု-ရင်းမှူး၊ ဗျူဟာမှူး၊ စသည့်တာဝန်များကို ထမ်း‌ဆောင်ခဲ့ဖူးသည်။ ပြီးခဲ့သည့် ၂၀၀ဝခုနှစ်တွင် မိသားစုနှင့်အတူ အ‌မေရိကန်နိုင်ငံသို့ သွား‌ရောက်အ‌ခြေချ ‌နေထိုင်ခဲ့ရာ ယခုအချိန်တွင် Karen Community of Minnesota (KCM)အဖွဲ့၏ အကြံ‌ပေးပုဂိ္ဂုလ်အဖြစ် တာဝန်ထမ်း‌ဆောင်လျှက်ရှိသည်။