Home သတင်း အမျိုးသား‌ရေးအတွက် စိတ်ဓါတ်မြှင့်တင်ကြရန် KNLA ဒု-စစ်ဦးစီးချုပ် တိုက်တွန်း‌ပြောကြား

အမျိုးသား‌ရေးအတွက် စိတ်ဓါတ်မြှင့်တင်ကြရန် KNLA ဒု-စစ်ဦးစီးချုပ် တိုက်တွန်း‌ပြောကြား

1783
(KNLA ဒု-ဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲ မိန့်ခွန်း‌ပြောကြားစဉ်-Photo-KIC)

မတ်လ ၇ရက်၊ ၂၀၁၄ခုနှစ်။ စအိုင်စူး

အမျိုးသား‌ရေးအတွက် စိတ်ဓါတ်မြှင့်တင်ကြရန် ကရင်အမျိူးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်(KNLA) ဒု-စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက KNLA တပ်ဖက်အရာရှိငယ်များအား ယ‌နေ့မတ်လ ၇ရက်‌နေ့တွင် ‌ပြောကြားလိုက်သည်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် KNLA ဌာနချုပ်တွင် ယ‌နေ့နံနက် ၇နာရီမှ ၉နာရီအထိ ကျင်းပသည့် ‌လေးကြိမ် ‌မြောက် KNLA တပ်ဖက်ဆိုင်ရာ အရာရှိငယ်သင်တန်းဆင်းပွဲတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက ထိုသို့ ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျ‌နော်တု့ိ‌တွေ တစ်‌ယောက်မှ မပြည့်စုံဘူး။ ဒါပမယ့် အမျိုးသား‌ရေးအတွက် တတ်နိုင်တဲ့ဘက်က‌နေ မှန်ကန် တဲ့ အမျိုးသား‌ရေးစိတ်ဓါတ်နဲ့ စု‌ပေါင်းလုပ်‌ဆောင်ကြရမယ်။ ပြီး‌တော့ ရဲ‌ဘော်တို့‌တွေဟာ ကိုယ့်လူမျိုးအတွက် အလုပ်လုပ်ကြတဲ့‌နေရာမှာ အ‌ပေါ်ယံကိုပဲ မ‌တွေးကြနဲ့။ အမြင်ကျယ်ရမယ်။ ခိုင်မာတဲ့ ရည်ရွယ်ချက်နဲ့ စိတ်ဓါတ်ကို မြှင့်တင်ကြပါ”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက ‌ပြောကြားခဲ့သည်။

ယခု ဖွင့်လှစ်ပြီးစီးသည့် သင်တန်းသည် KNU တပ်မဟာ ၇ခုနှင့် ရခိုင်လွတ်‌မြောက်‌ရေးတပ်မ‌တော်(ALA)မှ တပ်ဖက်ဆိုင်ရာ အရာရှိအချို့ စုစု‌ပေါင်း သင်တန်းသား (၁၆၁)ဦး တက်‌ရောက်ခဲ့ပြီး သင်တန်းဆရာ ၁၄ဦးဖြင့် အ‌ခြေခံစစ်ပညာ၊ တပ်ဖွဲ့စည်းပုံ၊ တပ်ဖက်ဆိုင်ရာဥပ‌ဒေ၊ ‌မြေပုံဖတ်နည်း၊ စစ်‌မြေပြင် ကျွမ်းကျင်မှု၊ နိုင်ငံ‌ရေး ဘာသာရပ် စသည့်ဘာသာရပ်များကို သုံးလကြာ သင်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းသင်တန်း၏ သင်တန်းမှူးဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး မန်းကြာရုံက “ဒီသင်တန်းက အ‌တွေ့အကြုံရင့်ပြီး၊ သက်တမ်းရင့် ရဲ‌ဘော်‌တွေကို မြှင့်တင်တဲ့ အ‌နေနဲ့ အရာရှိ ငယ်တစ်ဦး ဖြစ်လာဖို့နဲ့ စစ်အရည်အ‌သွေး‌တွေမြှင့် မားလာ‌အောင် ရည်ရွယ်ဖွင့်လှစ်တာပါ။ အခု သူတို့သင်တန်း ပြီးပြီဆို‌တော့ ‌ကောင်း‌ကောင်း တာဝန်ပြန်ထမ်းနိုင် ကြမယ်လို့ ‌မျှော်လင့်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သင်တန်းတက်‌ရောက်ရာတွင် ပါဝင်သည့် သင်တန်းသားတစ်ဦးဖြစ်သူ စအိုင်ခန့်က “ဒီသင်တန်းမှာ ကျ‌နော်တို့ အ‌နေနဲ့ စီမံခန့်ခွဲအုပ်ချုပ်မှု‌တွေ၊ နိုင်ငံ‌ရေး၊ စစ်‌ရေး စတဲ့ပညာရပ်‌တွေကို သင်ကြာ‌ပေးတဲ့အ‌ပေါ်မှာ ရရှိလာတဲ့ ပညာရပ်‌တွေကို တိုင်းပြည်နဲ့ လူမျိုးအတွက် အ‌ကောင်း ဆုံး‌ပေးဆပ်လုပ်‌ဆောင်သွားမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ယ‌နေ့ပြုလုပ်သည့် သင်တန်းဆင်းပွဲတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) တွဲဘက်အတွင်း‌ရေးမှူး ပဒို‌စော ‌သောသီဘွဲ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲ၊ ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော်(KNDO) ဦးစီးချုပ် ဗိုလ်မှူးချုပ် ‌နေဒါးမြ အပါအဝင် အခြားတပ်ဖက်ဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသားများနှင့် ဧည့်ပရိတ်ဿတ်‌ပေါင်း ၂၀ဝ ခန့် တက်‌ရောက်ခဲ့သည်။

KNLA တပ်ဖက်ဆိုင်ရာ အရာရှိငယ်သင်တန်းသည် KNU နှင့် မြန်မာ အစိုးရတို့အကြား ၂၀၁၂ခုနှစ်မှစ၍ အပစ်အခတ်ရပ်စဲ‌ရေးလက်မှတ်‌ရေးထိုးနိုင်ခဲ့သည့်‌နောက်ပိုင်း ပထမဦးဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်သည့် သင်တန်းဖြစ်‌ကြောင်း သိရသည်။